နေရပ်ပြန် အလုပ်သမား (၆၀၀)ဦးခန့် မန္တလေးမြို့သို့ ထပ်မံရောက်ရှိ။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရုတ်နိုင်ငံ နယ်စပ်မြို့များ၌ အလုပ်လုပ်ပြီး နေရပ်ပြန်လာကြသော တိုင်းနှင့်ပြည်နယ် အသီးသီးမှ မြန်မာနိုင်ငံသား အလုပ်သမား(၆၀၀)ဦးခန့်သည် မန္တလေးမြို့သို့ မေ၂ရက် ညနေ ၅နာရီ၄၅မိနစ်က ထပ်မံရောက်ရှိလာကြရာ ၎င်းတို့အား အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ အမှတ်(၁၇) အခြေခံပညာ အထက်တန်း ကျောင်းတွင် ယာယီနေရာချထားပေးထားကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန် အလုပ်သမားများအား ၁၆မိုင်ဂိတ်မှတဆင့် မန္တလေးမြို့သို့ မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ပြီး အမှတ်(၁၇) အခြေခံပညာ အထက်တန်းကျောင်းတွင် စနစ်တကျ နေရာချထားပေးကာ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ၎င်းတို့၏ နေရပ်များသို့ ပြန်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

နေရပ်ပြန် အလုပ်သမားများမှာ မန္တလေးမြို့သို့ နေ့စဉ် ရောက်ရှိလျက်ရှိပြီး မေ၂ရက်နေ့တွင် ထပ်မံရောက်ရှိလာသူများမှာ နေပြည်တော်မှ(၉)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၆၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၈၄)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၅၄)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၉)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၁၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၂၆၃)ဦး၊ ကချင်ပြည်နယ်မှ(၂၉)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ(၁)ဦး၊ ရှမ်းပြည်နယ်မှ(၄)ဦး၊ ချင်းပြည်နယ်မှ(၆)ဦး၊ ရခိုင်ပြည်နယ်မှ(၅၅)ဦး စုစုပေါင်း(၅၈၄)ဦးတို့ ဖြစ်ကြောင်းသိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •