နောက်ဆုံးအဆင့် ကိုဗစ်လူနာတွေကို ဘယ်လို ပြောဆို ဆက်ဆံသင့်သလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

#ယနေ့ ပြောပြချင်တာကတော့ covid ဖြစ်နေတဲ့ အခြေအနေပေါ့နော်။

သေတာက တော့ တီဗီမှာ ညတိုင်းကြော်ငြာနေလို့ မပြောတော့ဘူး။
ယခု ဖြစ်နေတာက လူနာပိုင်ရှင်တွေက သူတို့အဖေအမေ ဦးလေး အဒေါ် အကြွေ မြန်နေတာကို ဘယ်လိုမှ လက်မခံနိုင်ဖြစ်နေကြပါတယ်။
သူတို့သံသယဖြစ်တာက သူတို့ အဖေအမေ အဒေါ် ခုန က သူတို့နှင့် ဖုန်းထဲမှာ စကားပြောနေသေးတယ်ဆိုတဲ့ ဖြစ်စဉ်ကို ကိုင်ပြောတာပါပဲ။။
ဟုတ်ပါတယ် အမှန်လည်း ခုန‌ ကလေးကတင် သူတို့နှင့် စကားပြောခဲ့ပါတယ်
လူနာရဲ့ oxygen level က ၇၅-၈၀ ဝန်းကျင် နော်
လူနာက ကုတင်ပေါ်မှာ စိတ်လှုပ်ရှားစပြုပြီး သူ့အိမ်ဆီ သူ့ဘာသာသူ ဖုန်းလှမ်းဆက်တာနော်
oxygen ကိုလည်း NIV face mask တပ်လျှက်နှင့်ပေါ့
စကား ကောင်းကောင်းပြောနိုင်ပါတယ်နော်
သူ့ကိုမစိုးရိမ်ဖို့ သူ့မိသားစု‌ေတွကို သောကပြေ စကားဆိုချင်တာလည်းဖြစ်နိုင်ပါတယ်။
သူတို့ Aya center icu /Hdu တွေမှာ
ကောင်း ကောင်းပြုစုနေတဲ့သူရှိကြောင်းပြောချင်တာလည်း ထင်ပါရဲ့။

အကြံပေးချင်တာက သူတို့နှင့်စကားပြောတဲ့အခါ စကားသံထွက်တာကိုချည်း အာရုံမထားပါနဲ့
မောနေရင် စကားပြောတဲ့အသံအနိမ့်
အမြင့် အသံ tone က ဘယ်လိုမှ ပုံမှန်မဟုတ်ပါဘူး
အဲဒါကို သတိထားနားထောင်ပါ၊
covid ကိုအရင် ကလည်း ပြောခဲ့ပါတယ်နော်
ယခုထပ်ပြောပါ ဦးမယ်။
လူဆိုတာ oxygen ကျလာရင် ၉၀ အောက်ဆို ဘယ်လိုမှ မခံစားနိုင်တော့ပါနော်
ငါးကို ကုန်းပေါ်တင်ထားသလိုပေါ့
covid လူနာတွေမှာ oxygen ပေးထားရက်နှင့် oxygen level က 65 , 70 ,75 ,80, 85 ,90 ,95, 98 အစားစားပဲနော်
oxygen level ကောင်းနေတာပဲဆိုပြီး ဝမ်းသာမစောနဲ့
နည်းနည်းလှုပ် နည်းနည်းလေး restless လက်လက်ထတာနဲ့ မောပြီး oxygen level ဒိုင်ဗင်ထိုးဆင်းတာပဲ။
လူနာတွေကို ထမင်းကျွေး အသီးကျွေး ရေတိုက်တာက အစ oxygen level ကိုကြည့်ပြီးဖြေးဖြေး လုပ်ပေးနေရပါတယ် သတိထား လုပ်ပေးနေရပါတယ်။
မေ့ဆေးဆရာဝန်ကြီးများမှ လည်း
လူနာရဲ့ အခြေအနေကိုလိုက်ပြီး niv face mask oxygen ပေးနည်းနှင့်ပဲပေးနေကြတာပါ
လူနာတွေကို သူတို့ဘာသာသူတို့
သတိရှိစေချင်နေသေးလို့ ပါ
သူတို့မိသားစု အကြောင်းလေး တွေကိုစဉ်းစားခွင့် ဖုန်းပြောခွင့်လေးကို
ကျနော်တို့မေ့ဆေး ဆရာဝန်တွေက လူနာနှင့် လူနာရှင်အပေါ် connection မပျက်သွားရအောင် ဖန်တီးပေးထားတာပါသူတို့ နောက်ဆုံးအချိန်လေးတွေမှာပေါ့။

လူနာ တွေ သူတို့မိသားစုဝင်‌ေတွနှင့်စကားပြောပြီးပြီဆိုရင် တကယ့် တိုက်ပွဲမှာမြင်ခဲ့ရတာကတော့
လူနာတွေ လက်လက်ထမယ် restless ထတာကိုပြောတာပါ
ကုန်းထမယ်
ဟိုစောင်းဒီစောင်း လုပ်မယ်
မျက်နှာမှ mask ကိုဆွဲဖြုတ်မယ်
cannula ဆေးအကြောပိုက်ကို ဆွဲဖြုတ်ကြည့်မယ်
‌ဆီးပိုက်ကို ခလုခလုမို့လို့ စမ်းဆွဲမယ်
အဲ့လိုတွေတလက်လက်ထလာပြီးဆိုရင်
ကိုယ့်ရွှေ ဘသာ oxygen level ကလည်း
တလက်လက်ထပြီး ငြိမ်နေမယ် မထင်ပါနဲ့‌ နော် oxygen level ပြုတ်ကျပါပြီးခင်မျ။

မိသားစုဝင် နှင့်စိတ်ကောက် စိတ်ဆိုးပြီး ဒေါသ ထွက် သည်းမခံ ငြိမ်မခံ ငြိမ်ငြိမ်လေး မနေတော့ ပဲ မြန်မြန်အ ကြွေစောခဲ့ရတဲ့အဖြစ်တွေ လူနာတွေ တကယ်ရှိခဲ့ပါပြီးနော်။
အခု လေးတင် oxygenက ၉၀ ကျော်
ခုနနေ ဒေါသ ထွက် ဟို လှုပ်ဒီလှုပ် ချောင်းဆိုး ပြီး အသက်ပါ ပါသွားခဲ့ရတဲ့အဖြစ်တွေ
icu ကို တောင် မရောက်လိုက်ပဲ
HDU အဆင့် မှာတင် ကြွေခဲ့ ရတဲ့ လူနာတွေအများကြီးပါနော်။
ဒါကြောင့်ကျနော်တို့ဆရာဝန်များမှ လည်း ယခင်ကရော ယခုရော
ETT အသက်ရှုပိုက်ထည့်တော့မယ်ဆိုရင် လူနာရှင်တွေကို ဖုန်းဆက်ခွင့်တောင်းပါတယ်နော်
ET tube ထည့်ခွင့်တောင်းတယ်ဆိုကတည်းက လူနာက တကယ့်လက်တွေ့မှာ ဘယ်လို မှ စိတ်မချရတော့လို့ပါ ခင်မျ၊
လူနာက
ဟိုလှုပ်ဒီလှုပ် ဟိုဆွဲ ဒီဆွဲ ဟိုအော် ဒီဆဲ niv oxygen face mask တွေကိုဆွဲဖြုတ်ရင်းနှင့် oxygen level ဘုတ်ဘုတ်ဆိုကျပြီး ဂိပါလေရော ဆိုတဲ့အ ဖြစ်ကိုအချိန်မရွေး ရောက်သွားနိုင်လို့ နောက်ဆုံး အနေနှင့် Ett လေပိုက် ထည့်ခွင့်တောင်းရတာပါ။
အဲ့လိုအဖြစ်ဆိုး မဖြစ်ရအောင် သူငြိမ်းချမ်းအောင်
ETT ထည့်ရတာပါ။
လူနာအတွက်ကိုပဲ အဓိက စဉ်းစားတာပါ ၊
သူ့ရဲ့နောက်ဆုံး အချိန်မှာ
သူ ငြိမ်းချမ်း ချင်မလား ပူလောင်ချင်
မလားဆိုတာ သူ့ရင်ထဲ ဝင်ကြည့်ကြပေါ့ဗျာ၊
အချို့ ဘဘတွေဆို သားရယ် ဘဘ မောကြပ်တယ်
ဘာဖြစ် ဖြစ် အသက်ရှုပိုက် ထည့်လိုက်ပါတော့လို့ တောင်းဆိုတဲ့လူနာ ရှိပါတယ်နော် မခံစားနိုင်တော့လို့၊
လူနာတွေ ETT ထည့်လိုက်ရင် လူနာရှင်တွေနှင့်ဖုန်း ပြောမရတော့ဘူး
အဲဒီဆုံးရှုံးမှုတခုပဲ သူတို့မှာရှိပါတယ်၊

လူနာပြန်ကောင်းလာမလား
ဆိုးမလား လာမမေးပါနဲ့
အဓိက က
အဆုတ် ကြွက်သား
ဆံချည်မျှင်သွေးကြော သွေးနှင့်လေ အလဲအလှယ် လုပ်တဲ့နေရာ တွေထဲမှာ လေအိတ်တွေထဲမှာ ဘယ်လိုဖြစ်နေလဲ ဆိုတာကို ဓါတ်မှန်ဆရာဝန်တွေက နားလည်အပေးနိုင်ဆုံး လူသားတွေပါပဲ
သူတို့ကိုမေးကြည့်ပေါ့နော်
တိုက်ပွဲတွေထဲမှာတော့အကျအဆုံးက
ကိုယ့်ဘက်ကချည်း များနေတယ်
ဆိုတာလောက်ပဲ ပြောထား‌ပါ့မယ်။
ကျနော်တို့ oxygen ၇၀ ဝန်းကျင်နှင့်
ဘဘကြီးကိုတောင် ETT ထည့်ခွင့်မပေးလို့ niv oxygen face mask လေးပေးလိုက် မှိန်းဆေး စိတ်ငြိမ်ဆေးလေး 1cc ,2cc အခြေအနေအလိုက် ထိုးပေးလိုက်နှင့် လူနာလေး နည်းနည်းငြိမ်ရင် oxygen level က မသိမသာ လေးတက်လာတယ် စိတ်ချရတဲ့ level အထိ တည်တံ့နေတာမဟုတ်နော်။
‌ကျနော်တို့တွေ ဆရာမ တွေလုပ်အားပေးတွေ ပင်ပန်းရပါတယ်၊ လူနာ‌ေတွက မငြိမ် ဟိုဆွဲ ဒီလှုပ်၊
လူနာတွေ မငြိမ်ရင် အကြောထဲဆေး
မဝင် တာလည်း ဖြစ်နိုင်ပါတယ်။
ဆေးကြောပိုက် canula ထပ်ထိုးရပြန်ပြီး
ဟိုဘက်ခန ဆေးသွားယူတုန်းရှိသေး
canula က အကြောထဲမှ ဆွဲဖြုတ်ထ
ပြန်ပြီး အဲလိုလည်း ကြုံရပါတယ်။
လူနာရှင်က ETT consent ထည့်ခွင့်
မပေးရင် (သို့မဟုတ်) မေ့ဆေးဆရာဝန်ကြီးတွေက သားရယ်လူလေး လူနာ သတိရှိနေသေးတယ် ကွာ
ဆရာက လူနာကို လောကကြီးနှင့်အဆက်အသွယ်မပြတ်ပဲ သတိ ဆက်ရှိစေ ချင်သေးတယ်ကွာဆိုရင်
control ခန်း monitor ခန်းက ဆရာဝန်ဆရာမတွေ monitor ကိုမျက်လုံးဒေါက်ထောက်ကြည့်နေပေတော့ပဲ
အပြင်မှာ ppe မဝတ်ပဲ control ခန်းထဲနေရတယ်ဆိုလည်း အေးဆေးသက်သာနေတယ်မထင်လိုက်နဲ့ cctv camera screen နှင့် patient monitor ကို ကျီးကန်တွေ ကြည့်နေသလိုကို ကြည့်နေရ ၊
ဖင်ကလည်းတကြွကြွ
လူနာ အရိပ်အခြေ လှမ်းကြည့်လိုက်
spo2 levelကြည့်လိုက်
လူနာတအားငြိမ် သွား လား အေးဆေး ပဲလား
လက်လက်ထလား လှမ်းကြည့်လိုက်
micro phone နှင့်အထဲက လူကို လှမ်းသတိပေးနေရတာ။
အချို့များ ဆို မှိန်းဆေးကို infusion နည်းနှင့်ပေးထားတာတောင် မငြိမ်တာကို တွေ့ရတယ်
လူနာတိုင်းကို တော့ ကျနော်တို့မသုံးဘူးပေါ့နော်၊

ကျနော်တို့ ရည်ရွယ်ချက် က လူနာကို
မှိန်းဆေး ကျွေးချင်တာမှ မဟုတ်တာ၊
ကျနော်တို့ ရည်ရွယ်ချက် က လူနာတွေ နည်းနည်းစိတ်ငြိမ်အောင်
မမောပဲ မမှိန်းပဲသတိကောင်းကောင်းနဲ့
အသက်ရှုနိုင်အောင် oxygen levelတက်အောင် ထိန်းပေးတဲ့သဘောနှင့် မှိန်းဆေးတွေကို ပေးတာလေ
လူနာတွေရဲ့ ဆိုးဝါးတဲ့အကြပ်ခံစားမှု distress တွေကို တုံ့ပြန်မှုနည်းအောင်
နည်းနည်းငြိမ်အောင်ထိန်းပေးတဲ့သဘောနဲ့ပေးတာလေ၊

ဒါကြောင့်
ညီ ညီမလေး ရယ်
မှိန်းဆေး 1cc 2 ccလောက်ထိုးပေးပါဦး
လှမ်း command ပေးရတာ
spo2 လွတ်သွားပြီး လုပ်ပေးပါ ဦး ညီညီမရယ်။
သူတို့ကလည်း ပြောပါတယ်
ဆရာ
ဆေးများများ ထိုးလေ ၊

ဆရာလည်းမထိုးရဲဘူး ကွယ်
ရေချိန် ကိုက်အောင်ဖြေးဖြေးလေး သွားကြတာပေါ့
heart rate ကိုလည်း ချိန်ကြည့်နေရတယ် ရွဲရွဲလေး တဲတဲလေး မို့ပါ
ညီညီမရေ ဆိုပြီးချော့ရတယ်။
လူနာတွေ သဘာဝအတိုင်း နည်းနည်း
လေး ငြိမ်ပြီး အသက်ရှု မှိန်းနေ အိပ်နေရင် ကိုယ်တွေမှာ လက်မ တထောင်ထောင်နဲ့ပေါ့။
လူနာတွေကို သက်ဦးဆံပိုင် ဘုရင်မင်းတရားကြီး များ ငြိမ့်ငြိမ့်ညောင်း ညောင်း အိပ်မောကျနေအောင်
ကျနော်တို့ ဆရာ ဝန် ဆရာမတွေ အိပ်ဖန်စောင့်အလုပ်ကိုလည်း
အခကြေးငွေ မယူပဲ လုပ်ပေးနေပါတယ်လို့ အများကို‌တကယ့်တိုက်ပွဲ အတွေ့အကြုံ တွေကိုဝေမျှလိုက်ပါတယ်။
နောက်ဆုံးပြောချင်တာက
လူနာတွေ ကြွေလွှင့်သွားရင်း ဒီစာလေးကိုဖတ်ပေးကြပါ
နားလည်ကြပါလို့
ခုနလေးကတင် ဖေဖေနှင့်စကားပြောရသေး‌တယ်ဆိုပြီး ကျနော်တို့ဆရာဝန် ဆရာမတွေကို စကားလုံးတလုံးတည်းနှင့် ဝိုင်းမနိုပ်စက်ကြပါနဲ့ဗျာ
စိတ်ဒဏ်ရာတွေလည်းမပေးကြပါနဲ့
အသေတွေအကြပ် တွေ ကျနော်တို့မြင်ရပြီး ကျနော်တို့ဘဝ တွေက
new normal အဆင့်တင်မဟုတ်တော့ပါ
abnormal အဆင့်
ကိုတောင်ရောက်ချင်နေပါပြီးလို့။
ယခုဆိုလျှင် HDU level တွေထဲမှာ လူနာစောင့်အချို့ကို သူတို့သဘောဆန္ဒ အလျောက် လူနာကိုဝိုင်းပြုစုဖို့ ခွင့်ပြုပေးထားတယ်၊ သူတို့ တွေ သူတို့မိဘကို ပြုစုဖို့ N 95 mask လေးတခုပဲ တပ်ပြီး ကျနော်တို့နှင့် အတူ
တိုက်ပွဲ မှာ ဒင်းကြမ်း ဝင်ကူပေးနေတဲ့ မိသားစု ဝင်အချို့ရှိနေပါပြီး။

သူတို့ကိုတကယ့်မြေပြင်တိုက်ပွဲ မှာ လူနာတွေ ဘယ်လိုဖြစ် ဘယ်လိုသေနေသလဲဆိုတာ သူတိူ့တွေလည်း မျက်မြင်သက်သေပါပဲခင်မျ။
သူတို့လေးတွေကိုလည်း ဆက်သွယ်မေးမြန်းစေလိုပါတယ်၊
ကျနော်တို့အားလုံး သွေးမတော်
သားမဆက်ပေမယ့်
ကိုယ့်မိဘ ဆွေမျိုးတွေလိုသဘောထားပြီး လူနာတွေကို လုပ်ပေးနေတာတော့အမှန်တရားပါပဲဗျာ။
ICU level အဆင့်မှာတော့ လူနာစောင့်တွေကို မထားသေးဘူး ခင်မျ။
ထားပြီးဆိုရင်လည်းပြောပြပါ့မယ်
ခင်မျ။
ကျနော်တို့အားလုံး ဘာမှ ဖုံးကွယ်မထားကြပါဘူး။
ကပ်ဘေးကြီးဖြစ်နေပါတယ်နော်
လူတွေအားလုံး သတိရှိပြီး နေထိုင်ပြုမှု ပြောဆို ဆက်ဆံနိုင်ကြပါစေ
ကုသိုလ်တရားများ သည်းခံမှုတရားများတိုးပွားပြီး နှလုံးစိတ်ဝမ်းအေးချမ်းငြိမ်းချမ်းကြပါစေခင်များ။

#WTW

Z W Phyo fb မှကူးယူဖော်ပြပါသည်။

မူရင်းလင့်  https://m.facebook.com/story.php?story_fbid=195777742112449&id=100050406736465


Spread the love
  •  
  •  
  •  
  •  
  •  
  •