နောင်အနာဂတ်မှာအသက်ပြန်ရှင်ဖို့မျှော်လင့်ချက်နဲ့ #အမျိုးသမီးကိုယ်ခန္ဓာကိုအအေးလွန်စနစ်နဲ့သိမ်းဆီး။
🇨🇳 တရုတ်ပြည် Shandong ပြည်နယ် Yinfeng Life Science Foundation က သေသွားတဲ့လူကို #တနေ့နေ့မှာပြန်ရှင်နိုင်မယ့်မျှော်လင့်ချက်နဲ့ အအေးလွန်နည်းပညာ crynoics procedure သုံးပြီး သိမ်းဆည်းထားပါတယ်။
အနာဂတ်မှာဆေးပညာတွေတိုးတက်လာပြီး #သေဆုံးသွားတဲ့လူကိုတောင်ပြန်အသက်ရှင်အောင်လုပ်နိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။
၂၀၁၇ မေလ ၈ ရက်နေ့မှာ Zhan Wenlian ဆိုတဲ့ အသက် ၄၉ နှစ်အရွယ်အမျိုးသမီးနှလုံးရပ်ပြီး ငါးမိနစ်မပြည့်ခင်မှာ life support system ကိုတင်ခဲ့ပါတယ်။
🧠 Brain dead လို့ခေါ်တဲ့ လူကအသက်မရှိတော့ပေမယ့် ကိုယ်ခန္ဓာကဆဲလ်တွေမသေအောင်လုပ်ထားတာပါ။
ပြီးတာနဲ့ အမေရိကန်ပြည်ထောင်စု Aaron Drake of the Alcor Life Extension Foundation နဲ့ Yinfeng Life Science Foundation တို့စီစဉ်ထားတဲ့ ဓာတ်ခွဲခန်းထဲကိုပို့ပြီး အအေးဓာတ် -190 degree C အောက်ရှိတဲ့ အလုံပိတ်ပြွန်ကြီးထဲ ထည့်လိုက်ပါတယ်။
အဲ့လိုလုပ်တဲ့အခါမှာ အအေးဓာတ်လွန်ကဲပြီးဆဲလ်တွေမပျက်စီးရအောင် ကိုယ်ခန္ဓာထဲကိုဆေးထိုးထည့်ရပါတယ်။
ပြီးတော့ အဲ့ဒီ -190 degree C အအေးဓာတ်ထားတဲ့လုပ်ငန်းစဉ်က ၃ ရက်လောက်ကြာပါတယ်။
မေလ ၁၀ ရက်နေ့ကစပြီး လီတာ ၂၀၀၀ ဆန့်အလုံပိတ်ပြွန်ကြီးထဲမှာ Zhan Wenlian ကို နိုင်ထရိုဂျင်ဓာတ်ငွေ့ရည်သုံးပြီး အအေးဓာတ် – 192 C နဲ့ – 195 C ကြားမှာထိန်းသိမ်းထားပါတယ်။
Zhan Wenlian က အဆုတ်ကင်ဆာဖြစ်နေချိန်မှာ သူ့ယောက်ျားက Foundation ကိုဆက်သွယ်ခဲ့တာဖြစ်ပြီး သူမ မသေခင်မှာအဲ့လိုသိမ်းထားပေးမယ်ဆိုတာသိသွားခဲ့ပါတယ်။
အခုထိန်းသိမ်းတာဟာ စရိတ်စကအလွန်ကြီးပြီး Foundation က အကုန်အကျခံပေးထားပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ပြီး သူမရဲ့ကိုယ်ခန္ဓာအခြေအနေကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။
ကျနော်ပြောလိုတာက အခုအခါမှာ နည်းပညာဆန်းသစ်မှုတွေကအလွန်များလာပါပြီ။ လူ့အသက်ကို ၁၄၀ အထိရှည်နိုင်ဖို့ ကုမ္ပဏီတစ်ခုကလည်းကြိုးစားနေပါတယ်။
အခုအအေးလွန်နည်းပညာမှာ လူသားတွေအတွက်အသုံးဝင်နိုင်တာက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လှုဒါန်းသူရှိရင် တနေ့ပြန်သုံးလို့ရအောင်ထိန်းသိမ်းနိုင်ခြင်းဖြစ်ပါတယ်။
🧠 Brain dead လို့ခေါ်တဲ့ ဦးနှောက်အလုပ်မလုပ်တော့ပဲ နှလုံးခုန်တာရပ်ပြီးသေဆုံးသွားတဲ့လူကို အသက်ပြန်ရှင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။
ဒါပေမယ့်နောင်နှစ်ပေါင်းများစွာကြာတဲ့အခါမှာ မပြောနိုင်ပါ။ Foundation ကတော့ ဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။
ဒီသတင်းရေးတော့တွေးမိတာက တချို့ကတော့ကျနော့်ကိုပြောပါလိမ့်မယ်။
“တို့ဘကြီးအခုထိမသေနိုင်သေးလို့ဟာကိုကွာ …..နည်းပေးလမ်းပြတွေမလုပ်စမ်းပါနဲ့။ #အနာဂတ်အတွက်ရတက်မအေးလို့ပါ” လို့ တချို့ကဆိုချင်ဆိုနေကြမှာပါ။
Richard Myo Thant
28-September-2020