“နော်ဝေမှာပြန်ဖမ်းမိတဲ့ ၁၉၈၂ ခုနှစ် ပါရီမြို့ ဂျူးစားသောက်ဆိုင်တိုက်ခိုက်မှုတရားခံကို ပြင်သစ်က တရားစွဲဆို”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“1982ခုနှစ် ပါရီမြို့ ဂျူးစားသောက်ဆိုင်မှာ
ရန်ငြိုးဖွဲ့တိုက်ခိုက်ခဲ့တဲ့တရားခံကို ပြင်သစ်က
တရားစွဲဆို”

December 6 , 2020

၁၉၈၂ခုနှစ်ပါရီမြို့ကဂျူးရပ်ကွက်တခုမှာ လူ၆ယောက်သေဆုံး အောင် တိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့တရားခံကို
တရားစွဲဆိုခဲ့ပြီးနောက် အမှုမစစ်ဆေးမီ ပြင်သစ်အာဏာပိုင်များကဖမ်းဆီးချုပ်နှောင်
လိုက်ပါတယ်။တရားခံကို နော်ဝေးနိုင်ငံက လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့ တရားစီရင်ရေးဆိုင်ရာရင်းမြစ်များမှကြားသိရပါတယ်။

ဝါလစ်ဒ် အဗ္ဗဒူရာဟ်မန်အဘူဇေယက်(ဒ်)
ကိုလူသတ်မှုနဲ့တရားစွဲဆိုထားပြီး၊အမည်မဖော်လိုတဲ့ပြင်သစ်တရားသူကြီးတယောက်ကအမှုကိုကြားနာပြီးတရားစီရင်ဆုံးဖြတ်မယ်လို့ တရားစီရင်ရေးဆိုင်ရာရင်းမြစ်များမှကြားသိရပါတယ်။
တရားခံဟာ၁၉၉၁ခုနှစ်ကတည်းက
သူနေထိုင်လာခဲ့တဲ့အော့စလိုမြို့ကနေ ပြင်သစ်
နိုင်ငံချားလိဒီဂေါ(လ်)လေဆိပ်ကို သောကြာနေ့နှောင်းပိုင်းကရောက်ရှိလာပြီးနောက် တရားသူကြီးရှေ့မှောက်ကို ရောက်ရှိလာခဲ့ပါတယ်။
အဘူဇေယက်(ဒ်)ကို အော်စလိုမြို့ရဲ့
အနောက်တောင်ဘက်မှာရှိတဲ့ စကီယန်မြို့မှာ
စက်တင်ဘာလကဖမ်းဆီးရမိခဲ့ပြီး၊နိုဝင်ဘာလ
၂၇ရက်မှာ တရားခံကိုလွှဲပြောင်းပေးအပ်ဖို့
နော်ဝေးနိုင်ငံက သဘောတူခဲ့ပါတယ်။

၁၉၈၂ခုနှစ်ပြင်သစ်နိုင်ငံမြို့တော်ရဲ့မာရိုင်း(စ်)ဧရီယာမှာရှိတဲ့ ဂျူးစားသောက်ဆိုင် တခုကိုဗုံးခွဲတိုက်ခိုက်မှုမှာ လူ၂၂ယောက် လည်းပဲ ထိခိုက်ဒါဏ်ရာရရှိခဲ့ကြပြီး ပါလက်စတိုင်းစစ်သွေးကြွဖာတာအုပ်စုမှ
ခွဲထွက်လာခဲ့တဲ့ အဘူ နီဒယ်အဖွဲ့ကကျူးလွန်
ခဲ့တယ်တယ်လို့ထင်မြင်ယူဆခဲ့ပါတယ်။
လူ၃ယောက် နဲ့ ၅ယောက်ကြားကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး စားသောက်ဆိုင်ထဲကို လက်ပစ်ဗုံးပစ်သွင်းခဲ့တဲ့အမှုမှာ သူပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ အဘူဇေယက်(ဒ်)ကငြင်းဆိုခဲ့ပါတယ်။

“ကျွန်မယောက်ျားဟာဘယ်သူ့ကိုမှ
မသတ်ခဲ့ပါဘူး။သူပြင်သစ်ပြည်မှာ ဘယ်တုန်းကမှရှိမနေခဲ့ဖူးပါဘူး။” လို့ နိုင်ငံတကာဖမ်းဆီးမိန့်ဝရမ်းကိုပြင်သစ်ပြည်ကထုတ်ပြန်စဉ်၂၀၁၅ ခုနှစ်မှာသူ့ရဲ့ရဲ့ဇနီးက
AFPကိုပြောဆိုခဲ့ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွါးချိန်က မွန်တီကားလို့(စ်)မြို့မှာသူရှိနေခဲ့တယ်လို့အဘူဇေယက်(ဒ်)က
အခိုင်အမာပြောပါတယ်။ တရားခံလွှဲပြောင်း
ပေးအပ်ခဲ့တာကိုဆန့်ကျင်ခဲ့ပြီး “ကျွန်တော်ပြင်သစ်တွေကိုသဘောမကျဘူး။
ပြင်သစ်နိုင်ငံကအကျဉ်းထောင်ထဲမှာကျွန်တော်မနေချင်ဘူး။”လို့ နော်ဝေးနိုင်ငံကအာဏာပိုင်တွေကိုသူက
ပြောဆိုခဲ့ပါတယ်။တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး
ဂျော်ဒန်နိုင်ငံမှာသံသယရှိတဲ့တရားခံ၂ဦး နဲ့
ဝက်စ်ဘန့်(ခ်)မှာ ရှိမယ်လို့ယုံကြည်ထားတဲ့ နောက်တဦးကိုပြင်သစ်က ဖမ်းဆီးမိန့် ဝရမ်းထုတ်ပြန်ထားပါတယ်။၂၀၁၉ခုနှစ်မှာ
ဒီအမှုဟာသက်တမ်းကြာမြင့်နေပြီဖြစ်တာမို့
တရားခံတွေကိုလွှဲပြောင်းပေးဖို့ကို ဂျော်ဒန်နိုင်ငံက ငြင်းဆိုလိုက်တာကြောင့်
ပြစ်မှုကျူးလွန်သူတွေကို နောက်ဆုံးမှာ တရား
စီရင်နိုင်လိမ့်လို့သေဆုံးသူတွေရဲ့မိသားစုတွေကမျှော်လင့်ထားတာတွေ အားလျော့သွားခဲ့ပါတယ်။
ဒီအမှုဟာ ပြင်သစ်နိုင်ငံ နဲ့ အဘူနီဒယ်
အဖွဲ့အစည်းကြားက ထင်ထားသလိုမဟုတ်တဲ့
အပေးအယူဆက်ဆံရေးကိုတွက်ချက်ကြည့်ရမဲ့ အကြောင်းကိစ္စရပ်လည်းပဲဖြစ်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံကထောက်လှမ်းရေးအဖွဲ့တွေ
က ဒီအဖွဲ့ဟာ ပြင်သစ်နိုင်ငံကိုတိုက်ခိုက်တာတွေမလုပ်သမျှကာလပတ်လုံးမှာဘယ်လိုတရားစွဲဆိုမှုမှလုပ်မှာမဟုတ်ဘူးလို့အာမခံချက်ပေးထားတယ်
ဆိုတဲ့စိတ်ကူးမှန်ကန်ကြောင်းအထောက်အထောက်အထားကို မှတ်တမ်းမှတ်ရာတွေမှာဖော်ပြထားတယ်လို့ သေဆုံးသွားသူတွေအတွက် ပူဆွေးသောကရောက်နေရသူမိသားစုတွေရဲ့ရှေ့နေတွေကပြောဆိုပါတယ်။

အကြမ်းဖက်မှုဖမ်းဆီးနှိမ်နင်းရေး အစိုးရဌာန(DST) ရဲ့အရင်ခေါင်းဆာင် ယက်ဗ်စ် ဘွန်းနက်က
နစ်ဘက်အကြား စာနဲ့ရေးသားမထားတဲ့ သဘောတူညီမှုရှိထားခဲ့တယ်လို့ တရားရုံးစစ်ဆေးကြားနာမှုတခုမှာ ဝန်ခံခဲ့တယ်လို့ လီပါရီဆီယန် သတင်းစာက ဖော်ပြ
ခဲ့ပါတယ်။
Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •