“နော်ဝေမှာ Pfizer ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် သက်ကြီးရွယ်အို၂၃ဦး သေဆုံး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေး-
နော်ဝေမှာ Pfizer ဗိုင်းရပ်(စ်)ကာကွယ်ဆေးထိုးပြီးနောက် သက်ကြီးရွယ်အို၂၃ဦး သေဆုံးသွားခဲ့”

January 16, 2021

ကိုဗစ်-၁၉ဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ဆေးကို ပဌမအကြိမ်ထိုးဆေး ထိုးနှံပြီးနောက် အချိန်တိုအတွင်းမှာပဲ သက်ကြီးရွယ်အို၂၃ဦး သေဆုံးသွားရတဲ့အတွက် ကာကွယ်ဆေးနဲ့
ပတ်သက်ပြီးစိုးရိမ်စိတ်တွေတိုးပွါးလာခဲ့ကြ
ပါတယ်။ဒါပေမဲ့ Pfizer-BioNTech ထိုးဆေး နဲ့
ဒီသေဆုံးမှုတွေကြားမှာတိုက်ရိုက်ဆက်နွယ်
ပတ်သက်မှုရှိသလားဆိုတာတော့အတည်မပြု
နိုင်သေးပါဘူး။နော်ဝေဂျီယန် ပြည်သူ့ကျန်းမာရေးသိပ္ပံကတော့ အသက်၈၀
ကျော် သက်ကြီးရွယ်အိုတွေ ကာကွယ်ဆေးထိုးနှံတာနဲ့ပတ်သက်ပြီး၊ဒီလို
ဘဝသက်တမ်း သိတ်မကျန်ရှိတော့တဲ့ သူတွေ
အဖို့ ကိုဗစ်ဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေး
ထိုးနှံပေးတာဟာ ထိုးဆေးကနေ အကျိုးကျေးဇူးသိတ်များများမရရှိနိုင်ဘူးလို့
သတိပေးပြောဆိုထားပါတယ်။
Pfizer ထိုးဆေး နဲ့ ဒီသေဆုံးမှုတွေကြားမှာ
တိုက်ရိုက်ဆက်နွယ်ပတ်သက်မှုမဖော်ထုတ်နိုင်သေးပေမဲ့ သေဆုံးသူ၂၃ယောက်အနက်၁၃
ယောက်မှာ mRNAကာကွယ်ဆေးထိုးရာမှာများသောအားဖြင့်တွေ့ရတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း၊ပျို့အန်ပြီးမအီမသာဖြစ်ခြင်း၊နဲ့အဖျားဝင်ခြင်း
စတဲ့ဘေးထွက်ဆိုးကျိုးလက္ခဏါတွေဖြစ်ပေါ်ခဲ့တာတွေ့ရတယ်လို့ဆိုပါတယ်။နော်ဝေဂျီယန်ပြည်သူ့ကျန်းမာရေးသိပ္ပံစည်း
ကမ်းထိန်းသိမ်းရေးအဖွဲ့က ဘလွမ်းဘာ့(ဂ်) ကို
ပြောပြရာမှာ အားအင်ကုန်ခမ်းချိနဲ့နေတဲ့
သက်ကြီးရွယ်အိုတွေအဖို့ အားပျော့တဲ့ကာကွယ်ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကတောင် ကြီးမားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်သေးတယ်လို့ဆိုပါတယ်။
Pfizer နဲ့BioNTechကုမ္ပဏီကတော့နော်ဝေးက သက်ကြီးရွယ်အိုတွေသေဆုံးခဲ့ရတာနဲ့
ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ပူးပေါင်းကာ
စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေကြပါတယ်။
Pfizerရဲ့အဆိုအရ ဒေသတွင်းနေထိုင်သူ
အတော်များများဟာခုအထိစိုးရိမ်ထိတ်လန့်မှုတွေမဖြစ်သေးပဲ၊ကာကွယ်ဆေးထိုးဖို့မျှော်လင့်ချက်တွေနဲ့တန်းစီနေကြတာကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကတွေ့ရတယ်လို့ဆိုပါတယ်။
သက်ကြီးရွယ်အို၂၃ယောက် သေဆုံးမှုကြောင့် ဆရာဝန်တွေအနေနဲ့လူတွေကိုကာကွယ်ဆေးထိုးပေးရာမှာသတိကြီးစွာထားဖို့လိုအပ်တယ်လို့ ကျွမ်းကျင်သူပါရဂူတွေကအလေးအနက် ယူဆထားပါတယ်။
နော်ဝေဂျီယန်ဆေးဝါးအေဂျင်စီက မကြာ
သေးခင်ကထုတ်ပြန်ထားတဲ့အစီရင်ခံစာတခုမှာ အမျိုးသမီးကြီ၂၁ယောက် နဲ့အမျိုးသား
၈ယောက်တို့မှာဘေးထွက်ဆိုးကျိုးတွေခံစားကြရတာတွေ့ရတယ်လို့ဆိုပါတယ်။သေဆုံးသူ၂၃ယောက်ကလွဲပြီး နောက်လူ၉
ယောက်မှာသေလောက်အောင်မဖြစ်ပေမဲ့
ဓာတ်မတည့်တဲ့တုန့်ပြန်မှုလိုမျိုး ဘေးထွက်ဆိုး
ကျိုးတွေအပြင်းအထန်ခံစားခဲ့ကြရတယ်လို့ဆိုပါတယ်။ပြင်းထန်စွာမအီမသာဖြစ်တာ၊အဖျားအလွန်ပြင်းတာမျိုးတွေလည်းဖြစ်ခဲ့ပါတယ်။နောက်လူ၇ယောက်ကတော့ ဆေးထိုးတဲ့နေရာတဝိုက်က အလွန်အမင်းနာ
ကျင်တာမျိုးလောက်ပဲ သိတ်မပြင်းထန်လှတဲ့ဘေးထွက်ဆိုးကျိုးကိုခံစားခဲ့ကြရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •