“နေ ကနေ လေကို ရေအဖြစ်ပြောင်းပေးတဲ့
အစ္စရေး ရဲ့နည်းပညာ”
January 6, 2021
အစ္စရေးကုမ္ပဏီတခုက ပြုလုပ်ခဲ့တဲ့စက်တလုံးဟာ နေရောင်ခြည်ရဲ့
စွမ်းအင်ကိုသာအသုံးပြုပြီးလေကနေ ရေ
ဖြစ်အောင်ပြောင်းပေးနိုင်တဲ့အတွက် ဂါဇာ
ကမ်းမြောင်ဒေသမှာအများအပြားလိုအပ်နေတဲ့သောက်ရေကူညီပေးနေပါတယ်။
ဂါဇာကမ်းမြောင်ဒေသ ဟာ မိုးခေါင်
ခြောက်သွေ့ပြီး အခြေခံ အဆောက်အအုံတွေ
ရှားပါးဆင်းရဲလွန်းတာကြောင့်ရေပြတ်လပ်တဲ့
ပြဿနာကိုရင်ဆိုင်နေရပါတယ်။
မြေအောက်ကရရှိတဲ့ရေဟာ ဆားဓာတ်များလွန်းတဲ့အတွက်သောက်ရေအဖြစ်အသုံးမပြုနိုင်ပါဘူး။
“ကျွန်တော်တို့ရေကိုဝယ်သုံးနေရပါတယ်။
ရေမရှိရင် အသက်မရှင်မရှင်နိုင်လို့ပါ။”လို့
ဒီဒေသမှာနေထိုင်သူတဦးကပြောပါတယ်။
တခါတလေမှာ ဒီဒေသ ဟာ လျှပ်စစ်မီး
မရနိုင်တဲ့ အတွက် နေရောင်ခြည်စွမ်းအင်
သုံးပြီးလေက နေ ရေအဖြစ်ပြောင်းလဲထုတ်လုပ်ပေးတာကြောင့်ဒီအခက်အခဲကိုပြေလည်သွားစေခဲ့ပါတယ်။
Ref:(France-24)