နွမ်းပါးေသာရုပ်ရှင်လောကသားများအား အောက်တိုဘာလမကုန်မီ ငွေကျပ်သုံးသောင်းထောက်ပံ့ပေး မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နွမ်းပါးရုပ်ရှင်လောကသားများအား အောက်တိုဘာလမကုန်မီ ငွေကျပ်သုံးသောင်းထောက်ပံ့ပေး မည်

ကိုဗစ်ကာလတွင်း နွမ်းပါးသော ရုပ်ရှင်လောကသား ၁၅၀၀ အား တစ်ဦးလျှင်သုံးသောင်းကျပ်နှုန်း ဖြင့် အောက်တိုဘာလမကုန်မီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ၅ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာ ၇ရက်က ကျင်းပ ခဲ့ရာကျန်းမာရေးစည်းမျဉ်းအခြေအနေအရရုပ်ရှင်သက်ကြီးပူဇော်ပွဲ ၊ အလှူငွေပေးအပ်လှူဒါန်းပွဲ၊ ပညာရည်ချွန်ဆုပေးပွဲများကို၂၀၂၀ခုနှစ်အောက်တိုဘာ၂၁ရက်နောက်ပိုင်းမှသာကျင်းပရန်ဆုံးဖြတ်လိုက်ကြောင်းမြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဒုဥက္ကဌဦးအေးကြူ လေးမှလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ကိုဗစ်ကာလတွင် နွမ်းပါးသော ရုပ်ရှင်လောကသားများအတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ သိန်း (၃၀၀)ကျပ် ကူညီ ထောက်ပံ့ခဲ့ရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိန်း (၁၅၀) ထပ်မံဖြည့်စွက် ကူညီလျှက် စုစုပေါင်း သိန်း (၄၅၀) ကျပ်ကို အလွှာ ၁၀လွှာမှ နွမ်းပါးသော ရုပ်ရှင် လောကသား ၁၅၀၀ အား တစ်ဦးလျှင် သုံးသောင်းကျပ် နှုန်းဖြင့်အောက် တိုဘာ၂၁ရက်နောက်ပိုင်းအောက် တိုဘာလမကုန်မီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •