နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်ပါက အလွယ်တကူ အကူအညီတောင်းခံနိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ ပြည့်နှစ် နွေရာသီကာလအတွင်း ကျေးရွာများ၌ နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာများ တွင် သောက်သုံးရေလုံလောက်မှု ရှိ/မရှိနှင့် ရေပြတ်လပ်မှု ဖြစ်နိုင်ခြေ များအား ကွင်းဆင်း၍ ကြိုတင်စာရင်းကောက်ယူခြင်း၊ ကျေးရွာများ နှင့်တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် အမည်နှင့် ဖုန်းနံပါတ်များ စုစည်းပြုစုထားခြင်း၊ Water Donation Myanmar App အသုံးပြု၍ သောက်သုံးရေအခက်အခဲများကို ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးခြင်းတို့အား သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မတ် ၃၁ ရက်အထိ ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး ဆောင်ရွက်မှု များအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုရှိ မြို့နယ်ပေါင်း ၁၉ ခု၊ ကျေးရွာပေါင်း ၅၄ ရွာသို့ ရေဂါလန် ၃၄၅၀၇၆ ဂါလန် ဖြန့်ဝေ ထောက်ပံ့ပေးနိုင်ခဲ့ပြီးကျေးရွာများသို့ ရေဖြန့်ဝေပေးမှုအခြေအနေ မှာ ပူးတွဲပါဇယားအတိုင်း ဖြစ်သည်။

ရေရှားပါးပြတ်လပ်သောကျေးရွာများမှ သောက်သုံးရေ ဖြည့်ဆည်းပေးနိုင်ရေး အကူအညီတောင်းခံနိုင်ရန်နှင့် ရေလှူဒါန်း လိုသော စေတနာရှင်၊ အလှူရှင်များက ရေလှူဒါန်းမှုများပြုလုပ်ပေး နိုင်ရန်အတွက် Water Donation Myanmar App ကို အလွယ် တကူအသုံးပြုဆောင်ရွက်နိုင်ပါကြောင်းနှင့် ရေရှားပါးပြတ်လပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေများအား water-donation.com တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •  

Tags: