နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ပထမအကြိမ် ရုံးထုတ်
အကျဉ်းထောင်မှထွက်ပြေးမှုဖြင့် ပြန်လည်ဖမ်းဆီးခံထားရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူကို ဒီကနေ့ အောက်တိုဘာလ၂ရက်က ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဦးကျော်မြင့်ဟာ ၁၉၉၉ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့က မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပြီးသမ္မတဟောင်းဦးသိန်းစိန်၏ လက်ထက်မှာ မြန်မာနိုင်ငံကိုပြန်လာကာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(ခ) နှင်းဆီပါတီကို ထူထောင်ခဲ့တာပါ။
သူ့ရဲ့ ရုံးချိန်းကို အောက်တိုဘာလ၈ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံချိန်းဆိုလိုက်ပါတယ်။
Photo Credit – Khaing Myae