နှင်းဆီပါတီ(UDP)မှာ ကိုယ်စားလှယ်လောင်း မဟုတ်ပါဘူး ပါတီဝင်ပါပဲ လို့ လူရွှင်တော် “ကြယ်သီး” ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နှင်းဆီပါတီ(UDP)မှာ ကိုယ်စားလှယ်လောင်း မဟုတ်ပါဘူး ပါတီဝင်ပါပဲ လို့ လူရွှင်တော် “ကြယ်သီး” ပြော

– နှင်းဆီပါတီကို ဘာကြောင့်ဝင်ဖြစ်ခဲ့တာပါလဲ….

ပါတီထဲဝင်ဖြစ်တဲ့အချက်က ကျနော်အပါအဝင်အဆင်မပြေကြတဲ့နိုင်ငံသားတွေတွက် (ပါတီက အာမခံတဲ့) ဒီ၁၂ချက် လိုအပ်မယ်လို့ယုံကြည်လို့ပါ ။

– ဒီပါတီကို ဝင်တဲ့အတွက် ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်လိုသဘောထားလဲ…..

ပါတီထဲဝင်တဲ့အတွက်ဝေဖန်တိုက်ခိုက်မှူ့ဆိုတဲ့အပေါ်မှာ အမှားအမှန် ဥပဒေနဲ့သတင်းမီဒီယာတွေနဲ့ကအစ
၂၀၁၀ကလည်းပါတီရွေးကောက်ပွဲဝင်ခဲ့တယ်။၂၀၁၅ လည်းဝင်ခဲ့တယ်။ ကျတော်ပါတီဝင်ဖြစ်တာ ၂၀၂၀ ရွေးကောက်ပွဲအချိန်မှဆိုတော့ အရှေ့ရွေးကောက်ပွဲနှစ်ဆက်လုံးလုံး နိုင်ငံအာဏာရှိ တာဝန်ရှိအသီးသီးတရားဝင်ကာလဆယ်စုနှစ်တိုင်ခဲ့ပြီးတဲ့အပေါ် ကျတော့်တိုင်းပြည်ကို ချို့ငဲ့တဲ့မိမိကိုယ်တိုင်က ၁၂ချက်ကိုအာမခံပြီးလုပ်ပေးမယ့်ပါတီထဲဝင်ခဲ့တဲ့အပေါ်မိမိကိုယ်ကို ငွေမရှိလို့ မလှူနိုင်ပေမဲ့ ဘွန်တောဗျို့လို့ အော်တဲ့လူလောက်တော့ ယုံကြည်ပါတယ် ။
ကျ​နော်အပါအဝင် နိုင် ငံပိုင်မီဒီယာတွေ ပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ခြောက်သန်းဝန်းကျင်ပါတီဝင်တွေလဲ အကုန်သိ။  နိုင်ငံရဲ့ အပြစ်ရှိတယ်ဆိုရင်လဲ ဥပဒေအရအရေးယူစရာရှိတာယူ၊ပါတီအနေနဲ့ တရားဝင်ဖွဲ့စည်းခွင်ရပ်တည်ခွင့်ရှိနေရင်တော့လည်း ရပ်တည်မှာပါ ၊ကိုယ်စွမ်းဆောင်နိုင်တာမနိုင်တာထက်ကို (ကိုယ်လုပ်ပေးခွင့်ရှိရင်)ကိုယ်ခံခဲ့ ရတဲ့ဒုက္ခမျိုး ဘယ်သူမှမရစေချင်ဘူး၊ မရစေရဘူးလို့ကတိပေးနိုင်ပါတယ် ။ ပြီးတော့ ခုကိုယ်ကလဲလုပ်ပေးခွင့်ရှိသူ မပြောနဲ့ ကိုယ်စားလှယ်လောင်းတောင်မဟုတ်ပါဘူး ၊ ပါတီဝင်ပါပဲ ။

[*UDP ပါတီ၏ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ရပ်ကျေးစည်းရုံးရေးမှုးတစ်ဦးဖြစ်သူမှာ တစ်ချိန်က နာမည်ကျော်ကြားခဲ့သော သီးလေးသီးအငြိမ့်အဖွဲ့မှ ကိုကျော်ဇေယျခေါ် ကိုကြယ်သီးဖြစ်သည်။ သူသည် မကြာသေးမီက UDP ကိုကိုယ်စားပြုကာ အမျိုးသားလွှတ်တော်နေရာတစ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ စာရင်းတင်သွင်းခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၁၀ နှစ်ဆက်တိုက် နေထိုင်ခဲ့ခြင်းမရှိဆိုသော အချက်ကြောင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခံခဲ့ရသည်] #MyanmarNow


Spread the love
  •  
  •  
  •  
  •  
  •  
  •