ပင်ကိုယ်ရေး အက်ဆေး အပိုင်း(၂)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပင်ကိုယ်ရေး အက်ဆေး အပိုင်း(၂)
ကိုသိန်းဌေး ၈၈ (ပဲခူး)

မြန်မာ့ နိုင်ငံရေးများနှင့် နိုင်ငံသားများ၏ ဘဝများအားထင်ဟပ် စေသည့် အခြေအနေ၊ ဖြစ်စဉ်များ…..

ကျွန်တော်၏ fb account သည် ကျွန်တော်၏ နိုင်ငံရေးအမြင်များ၊ ပဲခူးတိုင်းဒေသ ကြီးနှင့်သက်ဆိုင်သော ဒေသဆိုင်ရာ အရေးကိစ္စများ၊ ဖွဲ့စည်းပုံဆိုင်ရာ သုံးသပ်မူအချက်အလက်များ၊ လွှတ်တော်များဆိုင်ရာ ဥပဒေ၊နည်းဥပဒေဆိုင်ရာ အချက်အလက်များ၊ ပြည်ထောင်စုအစိုးရ နှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အစိုးရများနဲ့သက်ဆိုင်သော ဥပဒေ၊နည်းဥပဒေများအပါအဝင် တိုင်းရင်းသားရေးရာကိစ္စများ၊
ကိုအချက်အလက်ဥပဒေ ၊နည်းဥပဒေများ၊လွတ်လပ်ရေးမရခင် ၊ ရဖို့ကြိုးစားဆဲ၊ ရပြီးအခြေအနေ သမိုင်းကြောင်းအဖြစ်အပျက် များအား တိကျသည့် အချက်အလက်များဖြင့်
သုံးသပ် ရေးသား တင်ပြနေခြင်းဖြစ်ပါတယ်။
မိမိတတ်နိုင်သမျှ မိမိတို့၏ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးထွက်ဆိုးကျိုးများ နည်းနိုင်သမျှ နည်းစေရန် ပြည်သူ ပြည်သားများနှင့် နိုင်ငံတော်တာဝန်ရှိသူ အဆင့်ဆင့်ထံ အသိပေးရေးသားတင်ပြ နေသည့် …..
မိမိပိုင် fb account ဖြစ်ပါတယ်၊

ဤ account တွင် မိမိ၏ မိသားစုကိုယ်ရေး ကိုယ်တာများကိုရေးသားခြင်းမရှိသလို မည်သူ မည်သည့် လူကိုမျှ ပုဂ္ဂိုလ်ရေး ထိခိုက်စေမည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မူများကိုလည်း အောက်တန်းကျစွာ ရေးသားခြင်းလည်းမရှိပါ၊

မိမိ၏ နိုင်ငံရေးအသိသည် မိမိပဲခူးမြို့ အထက(၃) အမျိုးသားတန်းမြင့်ကျောင်း၌ ပညာသင်ကြားမူ ၊နဝမတန်းရောက်သည့်အချိန်မှာ ကထဲကစတင် သန္ဓေတည်လာခဲ့ရပါတယ်။
အကြောင်းမှာ မိမိသည် ပဲခူးမြို့နယ် ကင်းပိုင်ကျုံကျေးရွာမှာ မွေးဖွား လာခဲ့သည့် တောသားတစ်ယောက်ဖြစ်ပါတယ်။

မိမိ၏ မိဘများသည် ရွာတွင် ကုန်စုံဆိုင်ဖွင့်ခဲ့သည်မှာ မိမိ မမွေးခင်ကထဲကဖြစ်ပါတယ်။
မိမိငယ်စဉ်က မိမိတို့ရွာမှ ပဲခူးမြို့သို့ သွားလိုလျှင် မနက်ခင်း (၅) နာရီလောက်ထွက်သည့် ပုလဲမော်တော် နှစ်စင်းရှိပါတယ်၊
အလှည့် ကျ တစ်ရက်စီထွက်ပါတယ်၊
ထိုမော်တော်ကို ပိုင်ဆိုင်သူမှာ…
ဦးလှငွေ ကဝမြို့နယ် ဖလေးကျေးရွာ၊
ယခုပဲခူးတိုင်းဒေသကြီး၏ စီမံဘဏ္ဍာဝန်ကြီး ဦးညွန့်ရွှေ၏ ရွာဖြစ်ပါတယ်၊ ပုလဲမော်တော် နှစ်စီး ရှိပါတယ်၊
ပုလဲအကြီးနဲ့ အသေး ဟူ၍ ရွာသူရွာသားများကသတ်မှတ်ထားကြပါတယ်၊

ပဲခူးမြို့နယ်၏ အစွန် ဆုံးမှာ မိမိတို့ ကင်းပိုင်ကျုံရွာ ရှိပါသောကြောင့် မော်တော်သည် ကင်းပိုင်ကျုံရွာ ထိပ်မှ စတင်ထွက်ရပါတယ်။

ထိုစဉ်က မိမိတို့ရွာတွင် စက်ဘီး တစ်စီးရှိခဲ့ပါတယ်၊ပိုင်ရှင်က ဦးဇင်းကိုမဲ ဖြစ်ပြီး စက်ဘီးဖြင့် ဆံပင်လိုက်ညှပ်ပါတယ်။
သူ့စက်ဘီး ကလင် ကလင် လို့အသံကြားတာနဲ့ မိမိတို့ ကလေးတွေက ထွက်ပြေး ပုန်းနေကြပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူဆံပင်ညှပ်ပါက စက်ကပ်ကြေး နဲ့ညှပ်သည့်အခါ ဆံပင်ကို ဆွဲနူတ်သလိုဖြစ်ကာ နာလို့ ထွက် ပြေးကြတာပါ။

သူ့အပြင် တစ်ရွာလုံး စက်ဘီး နှစ်စီး ခန့်သာရှိခဲ့ပါတယ်။

မိမိ၏ အဘိုးသည် ရှမ်းလူမျိုးဖြစ်ပြီး၊ အဘွားသည် အညာ သဲတော၊ဝမ်းတွင်း တမကုန်းရွာ အညာသူ များဖြစ်ပါတယ်။

အဘိုးပြောပြခဲ့တာက သူတို့၏ အဘိုး၊အဖွား၊ မိဘများက အောက်ပြည် အောက်ရွာကို နွားလှည်းများ၊ကုန်းကြောင်းလျှောက်ကြကာ လာခဲ့ကြပြီး အောက်ပြည် အောက်ရွာတွေမှာ စတင်အခြေချခဲ့ကြတာလို့ပြောပြပါတယ်။
လွမ်းပါတယ် မိမိတို့၏ ဘယ်ဆီမှာ ရှိမှန်းမသိတော့သော အမျိုး အနွယ်အားလုံးကို လွမ်းကာ တစ်ခါ တစ်ရံ မှာ တမ်းတမိပါတယ်။

မိုးညှင်း သမ္ဗုဘုရားကြီးကို (၁၃၀၁)ခုနှစ် ဒုတိယဝါဆိုလဆန်း(၅) ရက် ကြာသပတေးနေ့ နံနက်(၆)နာရီကျော်အချိန်မှာ စတင် ပန္နက်တင်ကာ တည်ဆောက်ခဲ့သော ပထမဆုံး
မိုးညှင်းဆရာတော်ကြီးမှာကျွန်တော့်အဘိုး၏ ဦးလေးအရင်းဖြစ်ပါတယ်။

မိမိအကြောင်းရေးတာ ခွင့်ပြုပေးကြပါလို့လည်းတောင်းဆိုပါရစေ။

ပြည်သူ ပြည်သားအများစုသည် မိမိကဲ့ သို့ခံစားလာခဲ့ကြရပါကြောင်း အသိပေး
တင်ပြလိုမူလည်းဖြစ်ပါတယ်။

မိမိသည် အထက(၃) ပဲခူးမြို့ကျောင်းတက်စဉ်အချိန်တုန်းက ကျွန်တော်တို့က ရှမ်းနဲ့ အညာသားစပ်တော့ အဖေကို အဘလို့ခေါ် ကြပါတယ်၊

အဘက ပုလဲမော်တော်နဲ့ပဲခူးကို ကုန်လာဝယ်ရပါတယ်၊

ပဲခူးကမ်းနား( ပန်းလိူင်) ကိုမနက်(၉) နာရီလောက်ရောက်ပါတယ်၊မော်တော်က ရေအမှီ နေ့လည် (၁၂ နာရီနဲ့ ၁ နာရီကြားမှာ) ပြန်ထွက်ရပါတယ်၊
ဒါကြောင့်အဘက မော်တော်ဆိုက်တာနဲ့ ကျောင်းကိုအရင်ဆုံးလာပြီး ကျွန်တော့်ကို မုန့်ဘိုး လာပေးလေ့ရှိပါတယ်၊
ခြေထောက်မှာဖိနပ်မပါဘူးပေါ့၊
ကော်လံကတုံး အင်္ကျီ ရဲ့ ကော်လံမှာ ဖဲထီးကြီးချိတ်၊ပုဆိုးစ တစ်ဖက်ကို ခါးပုံစထဲ ထိုးထည့်ထားတာပေါ့။

အဲဒီအချိန်မှ ဆရာမတစ်ယောက်က အဘလာတဲ့အခါမှာ သူ့အချိန်နဲ့ တိုးတဲ့အခါတိုင်းမှာ
နှာခေါင်းကိုရူံ့ ပြီးအထင်သေး အမြင်သေးပြုမူပါတယ်၊
သူ့စာကို အလွတ်ပြန်လို့ ကျွန်တော်မရတဲ့အခါမှာဘဲဖြစ်ဖြစ်၊ exercise အိမ်စာပေးလိုက်လို့မှားနေရင်ဘဲဖြစ်ဖြစ် ဘာပြောသလည်းဆိုတော့ နင်တို့တောသားတွေက…
လုံးဝအသုံးမကြဘူး၊ ဖင်ထဲရွှံ့ တစ်ပိသာ လောက်ဝင်နေတဲ့ဟာတွေ လို့…
ပြောလေ့ရှိပါတယ်။
ဒီမှာတွင် ကျွန်တော်တို့က ကျောင်းကိုသွားရမှာ ကြောက် ကြောက်လာရပါတယ်။မိဘနဲ့လည်းအတူမနေရတော့ ကျောင်းကိုကြောက်ပြီး ကျောင်းပြေးတတ်လာတာပေါ့။

( ယခုအချိန်မှာတော့ အဘ ကော အမေ ပါ လူ့လောက
ကြီးမှာ မရှိတော့ပါဘူး ၊
လွမ်းလှပါတယ် ) ။

အဲဒီအချိန်ကထဲက မိမိ၏ ရင်ထဲ အသည်းထဲမှာ ဘာကိုစဝင်လာသလည်းဆိုရင်…..
ငါသည် မိမိနိုင်ငံကို ကောင်းမွန်တဲ့နိုင်ငံရေးစနစ်နဲ့ တောသူတောင်သား (၇၀) ရာခိုင်နူန်းခန့်အပါအဝင် ပြည်သူ ပြည်သားများအားလုံးကို လူလို သူလို သတ်မှတ် ဆက်ဆံတဲ့ အစိုးရမျိုး ပေါ်လာစေရမယ်… ရှိလာ ဖြစ်လာစေရမယ်လို့ စိတ်ထဲဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ အဆိုပါ အခင်းအကျင်းတွေက စတင်သက်ဝင်လာခဲ့ရပါပြီ။

ဤကဲ့သို့ ဖြစ်ပေါ်လာစေပြီး တိုင်းပြည်မှာ အမြစ်တွယ် ခိုင်မာလာစေဖို့…..
ပြည်သူသာ အဓိက ဆိုသည့် ကြွေးကျော်သံကို မိမိနိုင်ငံသားများနဲ့ ကမ္ဘာကို စတင်အသိပေး မိတ်ဆက်မူတွေကို message ပေးနေတာက…
မိမိတို့၏ နိုင်ငံ့ခေါင်းဆောင်…

ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ယခု ကိုဗစ် ဖြစ်စဉ်ကို ကြည့်ပါ၊
ဒေါ်အောင်ဆန်းစုကြည် ဟာ မိမိတို့ပြည်သူပြည်သားအားလုံးအတွက် ပြည်သူ ပြည်သားအားလုံးနဲ့ အတူ ဆောင်ကျဉ်း၊စောင့်လျှောက်ကာကွယ်ပေးနေတာကို ကမ္ဘာ့ ပြည်သူအားလုံးက အသိအမှတ်ပြု အားပေးနေကြတာကိုတွေ့နေကြရပါပြီ။

နိုင်ငံနဲ့ နိုင်ငံသားအားလုံးကို မည်သည့်ဘာသာဝင်ဘဲ ဖြစ်ကြပါစေ သူမက ဥပဒေများ နဲ့တကွ သူမ၏ စွမ်းဆောင်နိုင်မူအကုန်လုံးနဲ့ ကာကွယ် စောင့်လျှောက်ရင်း ကောင်းမွန်သည့် အပြောင်းအလဲတစ်ခုဆီသို့ ရွေ့နေစေမူကို ဆောင်ရွက်.. ဆောင်ကျဉ်းပေးနေပြီ ဖြစ်ပါတယ်။
သို့ကြောင့် မိမိသည် မိမိ၏ ကွယ်လွန်သွားပြီ ဖြစ်သော မိခင်၏ နေရာမှာ အစားထိုးချစ်ခင် ပြီး မိမိတို့နိုင်ငံနှင့် မိမိတို့ ပြည်သူ ပြည်သားများအတွက် …..
ဒေါ်အောင်ဆန်းစုကြည်
ကိုယုံကြည် အလေးထားပါတယ်။

မိမိတတ်နိုင်သရွေ့ အားဖြည့် ဆောင်ရွက်ခဲ့…
ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

(၂၀၁၅) အထွေထွေရွေးကောက်ပွဲမှာ
ယခုသမ္မတကြီး ဦးဝင်းမြင့်က မိမိ ၏
ကိုယ်ရေးရာဇဝင်ကိုကြည့်ပြီး မိမိအား ဇီးကုန်းမြို့ …..
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအ ဖြစ်တာဝန်ပေးခဲ့ပါတယ်။

မိမိသည် တစ်ခါဘူးမျှ ဦးဝင်းမြင့်နှင့် စကားမပြောဘူးပါ။
သိလည်းမသိခဲ့ပါ။

(၂၀၁၅) မှာ ဗဟိုကော်မတီဝင်တစ်ယောက်က ထောက်ခံပေးရပါတယ်၊ ကျွန်တော့်အား ယုံကြည်စွာ ထောက်ခံပေးခဲ့သူမှာ
မုံရွာ ဦးအောင်ရှင် သာဖြစ်ပါတယ်။

(၂၀၁၅) အတွက် ရွေးချယ်ခံ ကိုယ်စားလှယ် လောင်းများအား ပဲခူးအနောက်ခြမ်းအတွက်
ပြည်မြို့တွင်…..
ဒေါ်အောင်ဆန်းစုကြည် မှ တွေ့ဆုံ ဘြဝါဒ ပေးခဲ့ပါတယ်၊
မိမိလည်းအပါအဝင်ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မိမိ၏ အမည်ကို တရားဝင်ထည့်သွင်း ကြောညာ ထားပြီးဖြစ်နေပါပြီ။
ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ အဆိုပြု မူကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည့် နောက်ဆုံးရက်(၂) ရက်အလိုမှာ ပဲခူးမြို့မှ ဦးမြတ်လှ ၏ ခိုင်းစေချက်လို့သိရပါတယ်၊
ပဲခူးတိုင်းပါတီမှ တာဝန်ရရှိထားသူက ပါတီဗဟိုကို မိမိအားလာရောက်တိုင်ခဲ့တာကိုတွေ့ရပါတယ်။

ထိုသူ၏ တိုင်တန်းမူသည် လုံးဝ မဟုတ်ပါဘူးဆိုတာကိုလည်းပါတီဗဟိုမှ သိနေကြပါတယ်။

ဒါပေမယ်လို့ ရွေးကောက်ပွဲလည်းနီးလာ ပါသဖြင့် ပါတီ၏ ဒေသအာဏာပိုင်အဖွဲ့ဖြစ်ပါ၍ မိမိအားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ရုတ်သိမ်းစေခဲ့ပါတယ်။

၎င်းတို့၏ တိုင်စာအား ထိုစဉ်က မိတ္တူပေးပါရန် မိမိမှ ပါတီဗဟိုထံ စာရေးသားတောင်းဆိုခဲ့ပါတယ်၊
ဘာကြောင့်လည်းဆိုတော့…..
အသရေ ဖျက်မူဖြင့် တရားစွဲလိုခြင်းကြောင့်ဖြစ်ပါတယ်၊

သို့မဟုတ် နှစ်ဘက်ကို ခေါ်ယူ တွေ့ဆုံပေးပါရန်လည်းတောင်းဆိုခဲ့ပါတယ်။

သို့ပေမယ့် ဘဘ ဦးတင်ဦးက မလုပ်ဘို့
ပြောကြားကာ မိမိသည် ဘဘဦးတင်ဦးနှင့် နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ပါဝင်ခဲ့ ပြီး…

မိမိအား ရုတ်သိမ်းထားသည့် ဇီးကုန်းမြို့အပါအဝင် သာယာဝတီခရိုင် (၈) မြို့နယ်သိဲု့ မဲဆွယ်စည်းရုံးရေးသွားရောက်ဆောင်ရွက်ပါရန်
ဘဘက စေလွှတ်ခဲ့ပါသောကြောင့်အပြင် မိမိတို့ပါတီအောင်နိုင်ရေးနှင့် အစိုးရဖွဲ့နိုင်မည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ပြည်ံမှီရေးကို အလေးထားကာ မိမိအားရုတ်သိမ်းထားသည့် ဇီးကုန်းမြို့အား အခြေခံပြီး
ကျန်တဲ့ မြို့နယ်များ၏ အောင်နိုင်ရေးအတွက် မိမိသည် သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ပြီးကာ အနိုင်မဲများကို တရားဝင်ကြောညာ ပြီးမှသာ ရန်ကုန်ကိုပြန်လာခဲ့ပါတယ်။

မည်သည့်နိုင်ငံရေးပါတီဘဲဖြစ်ပါစေ ပါတီဝင်တစ်ယောက်၏ ထမ်းဆောင်ရမည်ံတာဝန်နှင့် ကျင့်ဝတ်များကိုနာခံဆောင်ရွက်မူသည် တစ်ဦးခြင်းစီ၏ စိတ်ထားဖြစ်ပါတယ်။

သို့ကြောင့် မိမိသည် ဆောင်ရွက်ရမည့် တာဝန်နဲ့ ကျင့်ဝတ်ကို ထိမ်းသိမ်းဆောင်ရွက်၊
ရပ်တည်ခဲ့ပါတယ်။

ထိုစဉ်က ရုတ်သိမ်းခံရမူကြောင့် မိမိပါတီမှ ထွက်ကာ တစ်သီးပုဂ္ဂလအဖြစ်သော်လည်းကောင်း၊အခြားပါတီသို့ကိုသော်လည်းဝင်ရောက် ရွေးချယ် ပြိုင်မူ လုံးဝမလုပ်ခဲ့ပါ။

ထိုစဉ်တုန်းက မိမိလို စိတ်ထားဆောင်ရွက်ခဲ့ ကြသော သူအလွန်နည်းခဲ့ပါတယ်၊

ယခုနေပြည်တော် ကောင်စီဝင် ဖြစ်နေသည့်
ဦးမင်းသူ သည်လည်း မိမိကဲ့သို့ ပြုမူ နာခံ ဆောင်ရွက်ခဲ့ပါတယ်။

လိုရင်းသို့ ရောက်ပါပြီ။
ယခု (၂၀၂၀) အထွေထွေရွေးကောက်ပွဲဝင် ရောက်ပါရန် မိမိအား လိုလို လားလား ခေါ်ဆိုသည့် မြို့များလည်းရှိပါတယ်၊
မိမိအား အသိအမှတ်ပြု ယုံကြည်ပေးမူအတွက် အထူးပင် လေးစား ဂုဏ်ယူမိရပါတယ်ခင်ဗျာ။

မိမိ၏ ခံယူမူသည် ပါတီမှ လိုအပ်သည့် နေရာ မှန်သမျှ ဘယ်ဒေသ ဘယ်နေရာကို ဘဲ ခိုင်းပါစေ လွှတ်တော်ကိုယ်စားလှယ်မှမဟုတ် ရပါ ဘဲ မည်သည့် တာဝန်ကိုဘဲပေးသည်ဖြစ်ပါစေ ထမ်းဆောင်ရန် ဆုံးဖြတ်အသိပေး ထားပြီးသားဖြစ်ပါတယ်။

ဒါကိုလည်း ပဲခူးမြို့မှာ ပြောဆိုအသိပေးပါတယ်။
မိမိသည် အပြိုင်အဆိုင်မဟုတ်ပါ၊
အုပ်စုမဖွဲ့ပါ၊
မိမိသည် မိမိအား ဘယ်လိုဘဲ တိုက်ခိုက်ပါစေ ပြန်လည်တိုက်ခိုက်ဘို့ ၊အုပ်စုဖွဲဘို့ စိတ်ထားလုံးဝ(လုံးဝ) မရှိပါဘူး၊
မိမိ၏ မြို့နယ်ဖြစ်လို့ အဆိုပြုလွှာ လာတင်ခြင်းသာဖြစ်ပါတယ် ဆိုတာကိုလည်း အသိပေးပါတယ်၊
သို့ပေမယ်လို့ မြို့နယ် အလုပ်အမှူ ဆောင်အချို့သည် မြို့နယ်၊ မိမိတို့တိုင်းဒေသကြီး၊ မိမိတို့နိုင်ငံ၏ အခြေအနေဖြစ်စဉ်များကို
ဂဃနဏ မသိခြင်း၊ ပါတီအပေါ် မှာ လက်ရှိလူထု၏ သဘောထားများကိုမသိခြင်း၊ဝေခွဲနိုင်မူအားနည်းခြင်းများဖြင့် မိမိအားပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောဆိုမူကို မမှန်ကန်သည့် အချက်အလက်များကို ဖော်ပြပြောဆိုခြင်း၊များရှိကြမူကိုလည်းကြားသိရပါတယ်။

မိမိသည် အထက်ပါတွင်လည်းရေးသားတင်ပြခဲ့ ပြီးဖြစ်ပါတယ်။

(၂၀၁၅) အထွေထွေရွေးကောက်ပွဲတွင် ပါတီ၏ အောင်နိုင်ရေးအား ပါတီမှတာဝန်ပေးသည့် ဇီးကုန်းမြို့ အခြေပြုကာ သာယာဝတီခရိုင်အတွက်အောင်နိုင်ရေးတာဝန်ဆောင်ရွက်ခဲ့ပြီး မိမိ၏ ပါတီဝင်ရက်စွဲမှာ…

(၉.၁.၂၀၁၂) ဖြစ်ကာ
ပါတီဝင်အမှတ်မှာ(၇/၂/၀၀၀၀၀၅ )၊
ဖြစ်ပါတယ်။

ထိုသူတို့ဖတ်ပြသလို မိမိသည် (၂၀၁၅) တွင်
ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ရွေးကောက်ပွဲဝင်ရောက်ခဲ့ခြင်းမရှိခဲ့ပါကြောင်းထပ်လောင်းရေးသားအသိပေးအပ်ပါတယ်။

ထပ်မံအသိပေးတင်ပြပါရစေ၊
မိမိနှင့် ယခု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်ပြီး ပါတီ၏ ဗဟိုအလုပ်အမှူဆောင်လည်းဖြစ်နေသူ ဦးဖြိုးမင်းသိန်းသည်ပြည်ထောင်စုဒီမိုကရေစီပါတီ၏…
ပထမဆုံးဥက္ကဌဖြစ်ပြီး
မိမိသည် ဒုတိယ ဥက္ကဌ ဖြစ်ခဲ့ပါတယ်။

ကိုဖြိုးသည် (၂၀၁၀) ရွေးကောက်ပွဲကိုအယုံအကြည်မရှိဟု ကြောညာပြီး ပါတီမှ အရင်ဦးဆုံးနူတ်ထွက်ခဲ့ပါတယ်။

မိမိက ဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူကာ (၂၀၁၀) တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ယဉ်ကျေးမူ အစ သည် မိမိတို့နိုင်ငံ၌ စတင်လာမူကို ဆက်လက်ဖြတ်ကျော်ခဲ့ကာ…..

မိမိတို့င်ငံတွင် အာဏာရှင်စံနစ်ကို ထိုစဉ်က

….. မူပြောင်း လူမပြောင်း…..

ဆိုသည်ကို လူထုကြားထဲကို ချပြ
Lobby လုပ်ခဲ့တာက ပြည်ခိုင်ဖြိုးမဟုတ်ခဲ့သလို…..

မူပြောင်း လူမပြောင်းဆိုတာကလည်း ထိုစဉ်က တပ်မတော်အစိုး၏ တိကျသည့် သဘောထားမဟုတ်ပါဘူး၊

သူတို့က နိုင်ငံတော်အာဏာကိုမည်သည့်နည်းနဲ့ ရရ ယူကြမှာဖြစ်ပါတယ်။
ထို မူပြောင်း လူမပြောင်း slogan ကိုလည်း
ဒေါက်တာနေဝင်းမောင် တို့ကဘဲ lobby လုပ်ခဲ့ကြတာဖြစ်ပါတယ်။

တပ်မတော်အစိုးရအသွင်ပြောင်း ပြည်ခိုင်ဖြိုး အသင်း တစ်ဖြစ်လဲ ပြည်ခိုင်ဖြိုးပါတီအုပ်စုက
ထို slogan နောက်ကို မျှောလိုက်လာတာဖြစ်ပါ တယ်။

သို့မို့ကြောင့် မိမိသည်…..
ဒေါ်အောင်ဆန်းန်းစုကြည် ၏ ဦးဆောင်မူ နောက်မှသာ အားလုံးက ညီညီညွတ်ညွတ် ဖြင့်လိုက်ရမှာဖြစ်ကြောင်းနှင့်…

(၂၀၁၀)မှာ အနိုင်ရအောင်လုပ်သွားသည့်
မူပြောင်း လူမပြောင်းသည့် မူဖြစ်သည့်…
ပြည်ခိုင်ဖြိုး ကိုလူထုက လက်မခံနိုင်ကြောင်း၊

လက်ရှိအချိန်အခြေအနေမှာ မိမိတို့နိုင်ငံမှာ တတိယ အင်အားစု ဆိုတာကို ဖော်ဆောင်လို့ မဖြစ်နိုင်ပါကြောင်း၊
သို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ၏
ဦးဆောင်မူနောက်မှသာ လိုက်ကြ ရမှာ ဖြစ်ပါကြောင်း ရေဒီယို အသံလိူင်း တစ်ခုမှာ အင်တာဗျူး ပြေကြားကာ ပါတီမှ နူတ်ထွက်ခဲ့ပါတယ်။

ထို့နောက် (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်နဲ့ ကြားဖြတ်ရွေးကောက်ပွဲပြီးသည့်ကာလမှ ယခုအချိန်ကာလအထိ မိမိ၏
ဆောင်ရွက်လုပ်ကိုင်ခဲ့မူများအားလုံးသည် သက်ဆိုင်ရာလူကြီးများ၊ပုဂ္ဂိုလ်များသိကြပါတယ်။

မိမိဘယ်လဲ ? ဘာလဲ ? ဆိုသည်ကို ။

မိမိသည် မိမိ၏ ဒေသ၊
မိမိ၏တိုင်းပြည်၊
မိမိ၏ တိုင်းရင်းသား နိုင်ငံသားများအပေါ် မည်သည့် အခါ၊ မည်သည့် အခြေအနေမှာ မှ သစ္စာဖေါက်ဖျက်မူမရှိခဲ့ပါ၊

ယခင်ကလည်းမဖေါက်ဖျက်ခဲ့သလို…
ယခုလည်းမဖေါက်ဖျက်ပါ၊
နောင်လည်းဖေါက်ဖျက်မူ ရှိမှာမဟုတ်ပါကြောင်း…..

မိမိတို့ ပဲခူးတိုင်းဒေသကြီးမှ ဒေသခံများနဲ့တကွ တိုင်းရင်းသား နိုင်ငံသား အားလုံး…
ထံသို့ အသိပေး ဂတိပေး…
ရေးသား တင်ပြ လိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (16.6.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •