ပင်လယ်ပြင်မှာ ဝေလငါးမန်းအမတွေဟာ အကြီးဆုံးသတ္တဝါဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ပင်လယ်ပြင်မှာ ဝေလငါးမန်းအမတွေဟာ
အကြီးဆုံးသတ္တဝါတွေလို့တရားဝင်ထုတ်ပြန်”
16 September 2020

ပင်လယ်ပြင်မှာ ဝေလငါးမန်းတွေဟာ
အလွန်အရွယ်အစားကြီးမားတဲ့ငါးကြီးတွေဖြစ်တယ်ဆိုတာကိုတော့ဘယ်သူကမှ မငြင်းကြပါ။
အရယ်ရောက်နေတဲ့ဝေလငါးမန်းတကောင်ရဲ့အရွယ်အစားဟာ ၈မီတာ(ဒါမှမဟုတ်)၉မီတာ၊
၂၈ပေဝန်းကျင်ခန့် ပျမ်းမျှအရွယ်အစား
ရှိပါတယ်။

သူတို့ဟာ ခင်ဗျားတို့သဘောကျတဲ့
ရေသတ္တဝါတချို့နဲ့ နှိုင်းယှဉ်ကြည့်ရင် အကြီး
စားငါးကြီးတွေဖြစ်ပါတယ်။
ဒါပေမဲ့ ဆယ်စုနှစ်တခုကြာအောင် လိင်နဲ့ပတ်သက်ပြီးငြင်းခုံနေကြတဲ့တိုက်ပွဲကတော့ဆက်ရှိနေပါသေးတယ်။အာ့တာကတော့အထီးနဲ့အမ ဘယ်ကောင်က
ပိုကြီးသလဲဆိုတဲ့ပြဿနာပါပဲ။

ဒါပေမဲ့ “အဏ္ဏဝါသိပ္ပံ နယ်ပယ်စွန်း”
မဂ္ဂဇင်းမှာထုတ်ပြန်ကြေညာထားတဲ့ လေ့လာမှု
အသစ်အရ ဝေလငါးမန်း အမတွေသာ
ပင်လယ်ပြင်မှာအကြီးသတ္တဝါတွေ
ဖြစ်ကြောင်း ဆယ်စုနှစ်တခုအကြာ ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်တွေအရအတည်ပြုနိုင်ခဲ့ပါတယ်။
ဝေလငါးမန်းအမတကောင်ရဲ့ အရွယ်အစားဟာ ပျမ်းမျှ ၁၄မီတာ(၄၆ပေနီးပါး)ရှိပြီးအထီးတွေထက်အများကြီး
ပိုကြီးကြောင်းသိရပါတယ်။

 

(ဂျိမ်း(စ်) ဒီမေါ်ဂန်)


Spread the love
  •  
  •  
  •  
  •  
  •  
  •