ပန်းချီနှင့် ပန်းယွန်း အထိမ်းအမှတ် ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် နှစ်မျိုးထုတ်​ဝေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပန်းချီနှင့် ပန်းယွန်း အထိမ်းအမှတ် ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် နှစ်မျိုး ရောင်းချပေးမည်

 

မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းချီနှင့် ပန်းယွန်းအထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) နှစ်မျိုးအား ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်၊ မြန်မာ သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးမည်ဖြစ်သည်။

 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဒီဇင်ဘာ ၁၈ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များ ပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

MOI


Spread the love
  •  
  •  
  •  
  •  
  •  
  •