ပါကစ္စတန်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အဲ့ဒီ သုံးနိုင်ငံမှာ Covid ကူးစက်မှု အကြီးအကျယ် ဖြစ်ပွားနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပါကစ္စတန်တင်မကပဲ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အဲ့ဒီ သုံးနိုင်ငံစလုံးမှာ Covid ကူးစက်မှု အကြီးအကျယ် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့သူ 74865 ယောက်ရှိသွားပါပြီ။ သေဆုံးသူ 1012 ယောက်ရှိပါပြီ။

🔥 မနေ့က 3190 ယောက်အသစ်တိုးပါတယ်။ အသစ်တွေ့နှုန်းကနောက်ရက်တွေမှာလည်း 3000 ကျော်နိုင်ပါတယ်။

♦️ဘင်္ဂလားဒေ့ရှ် မြန်မာနိုင်ငံဘက်ကို ခိုးဝင်တဲ့လူရှိမရှိဆိုတာ အခု Covid #လူနာတွေနယ်စပ်မှာတွေ့နေရတာကအဖြေပဲဖြစ်ပါတယ်။

အိန္ဒိယက တွေ့သူ 287155 ယောက်ရှိသွားပါပြီ။ မနေ့က 12375 ယောက်အသစ်တိုးပါတယ်။ ပိုလို့တိုးလာနေပါတယ်။

ဘရာဇီးနဲ့ အမေရိက ပြီးရင် တစ်ရက်အတွင်း ကူးစက်သူတွေ့ရှိမှုအများဆုံးနိုင်ငံက အိန္ဒိယပါ။ ကူးစက်သူ ၁၂၀၀၀ ကျော် တွေ့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။

အိန္ဒိယမှာ ကူးစက်သူ စုစုပေါင်း နှစ်သိန်းရှစ်သောင်းကျော်နေပါပြီ။ တစ်ရက်အတွင်း သေဆုံးသူ ၃၈၈ ယောက် ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၈၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

တောင်အာရှမှ အိန္ဒိယ အပြင် ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာလည်း တစ်ရက်အတွင်း ကူးစက်သူတွေ့ရှိမှု အများဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင် နေပါတယ်။

ပါကစ္စတန်နိုင်ငံမှာ Covid လူနာတွေ့နှုန်းများနေတဲ့အတွက် lockdown ကို မလျော့ချဖို့ WHO က သတိပေးထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •