ပါကစ္စတန် လေကြောင်းလိုင်း မှ Airbus လေယာဉ် ကရာချိမြို့ လူနေရပ်ကွက်ပေါ်ပျက်ကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပါကစ္စတန် လေကြောင်းလိုင်း PIA မှ Airbus A320 လေယာဉ်ဟာ ကရာချိမြို့လူနေရပ်ကွက်ပေါ် ဒီနေ့ မေလ 22 ရက်နေ့မှာ ပျက်ကျခဲ့ပါတယ်။
🛩️ Flight PK 8303 မှာ ခရီးသည်ပေါင်း 99 ယောက်နဲ့ လေယာဉ်ဝန်ထမ်း 8 ယောက်ပါသွားတယ်လို့ဆိုပါတယ်။

Lahore မြို့ကနေ Karachi ကိုပျံတဲ့ ပြည်တွင်းလေယာဉ်ခရီးစဉ်ဖြစ်ပါတယ်။

နောက်ဆုံးလေယာဉ်မှုးဆီကကြားတာက “သူ့မှာစက်ပိုင်းဆိုင်ရာ ပြဿနာတက်နေတယ်” လို့ဆိုပါတယ်။

လေကြောင်းထိန်းသိမ်းရေးဝန်ထမ်းတစ်ယောက်အပြောအရတော့ ဘီးချလို့မရပဲ စက်ပိုင်းဆိုင်ရာ ပြဿနာတက်နေခဲ့တာလို့ဆိုပေမယ့် အကြောင်းရင်းကို တိတိကျကျပြောဖို့ စောလွန်းပါသေးတယ်။

လေယာဉ်ပျံဟာ ဖုန်းတာဝါတိုင်တစ်တိုင်ကို တိုက်မိပြီးမှ လူနေအိမ်တွေပေါ် ပျက်ကျခဲ့တာပါ။

ပျက်ကျတဲ့နေရာက လူနေထူထပ်တဲ့မြို့နေရာဖြစ်လို့ ဘယ်လောက်ထပ်ထိခိုက်ပျက်ဆီးမလဲ မသိရသေးပါ။

lockdown ကာလလေယာဉ်ခရီးစဉ်တွေရပ်နားပြီးမှ ပြန်ဖွင့်တာ ငါးရက်ပဲရှိသေးချိန်မှာ ဒီပျက်ကျမှုဖြစ်ခဲ့တာပါ။

1970 ကျော်ကာလတွေအထိ PIA လေကြောင်းလိုင်းဟာ ကမ္ဘာ့ထိပ်တန်းတွေထဲမှာပါခဲ့ပြီး ကျနော်တို့ငယ်ငယ် 1980 ကျော်ကာလမှာ Newsweek မဂ္ဂဇင်းမှာ ကြေညာအမြဲပါနေကျပါ။

အခုနောက်ပိုင်းမှာ လေယာဉ်အချိန်မမှန်ခြင်း၊ မကြာခန လေကြောင်းခရီးစဉ် cancel လုပ်ခြင်းတွေကြောင့် နာမည်ကျဆင်းကာ ငွေကြေးအကျပ်အတည်းပါကြုံနေရတာပါ။

2013 တုန်းက လေယာဉ်မှုးအရက်အလွန်အကျွံမူးလို့ အင်္ဂလန်မှာ ထောင်ချခံခဲ့ရပါသေးတယ်။

အခုထိသိရသမျှကို တင်ပြပေးခြင်းပါ ခင်ဗျား။

https://www.facebook.com/richard.myothant

Richard Myo Thant
22-May-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •