ပါချုပ် ဆရာတော်ကြီးက COVID-19 ကုသရေးစင်တာ (ဖောင်ကြီး-ရန်ကုန်)အတွက် အောက်စီဂျင် အသက်ရှူစက်ကြီးဝယ်ယူနိုင်ရန် လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ကုသရေးစင်တာ (ဖောင်ကြီး-ရန်ကုန်) ၏ ခေတ္တာဆောင်နှင့် သဇင်ဆောင်တို့အတွက် အောင်စီဂျင်တိုးချဲ့ပေးဝေနိုင်ရေးလုပ်ငန်း အမြန်ဆုံးစတင်နိုင်ရန်အတွက် လိုအပ်နေသည့် အောက်စီဂျင် အသက်ရှူစက်ကြီးဝယ်ယူနိုင်ရန် ဆရာတော်ကြီး၏ဖေါင်ဒေးရှင်းမှယနေ့ ၁၃ နိုဝင်ဘာလ ၂၀၂၀ တွင် လှူဒါန်းသည်။
(ကပ္ပိယကာရကအဖွဲ့)

ဆရာတော်ကြီး ကိုယ်တိုင်ရေးသားပေးပို့သော ရင်တွင်းမေတ္တာစေတနာ အမှာစကားကိုလည်းဖေါ်ပြအပ်ပါသည်။
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသဖေါင်ဒေးရှင်း၏ကျန်းမာရေးအလှူနှင့်ပါမောက္ခချုပ်ဆရာတော်၏ အမှာစကား
—————————————————-
ဘဝမှာ ကျန်းမာရေးဆုံးရှုံးလျှင်အားလုံးဆုံးရှုံးပါသည်၊ ကျန်းမာရေးပြည့်စုံလျှင်လည်း အားလုံးပြည့်စုံ
ပါသည်။
မြတ်ဗုဒ္ဓက “အာရောဂျပရမာ လာဘာ” ( ကျန်းမာမှု ရရှိခြင်းသည် အကောင်းဆုံးသောအရာကိုရရှိခြင်းဖြစ်သည်)ဟု ဟောခြင်းမှာ လုံးဝမှန်ကန်ပါသည်။
ကမ္ဘာကပ်ရောဂါဖြစ်ပွါးနေစဉ်ကျန်းမာရေးထိခိုက်သွားသူများအတွက် ကျန်းမာရေးဆုံးရှုံးမှုမဖြစ်ရလေအောင် ပံ့ပိုးကူညီလိုသော ရင်တွင်းမေတ္တာ စေတနာကြောင့် ယနေ့ ကျန်းမာရေးအလှူကို လှူရခြင်းဖြစ်ပါသည်။
မကျန်းမာသူများအတွက် အရေးတကြီးလိုအပ်နေသည့်
အသက်ရှူစက်ကြီး ဝယ်ယူရန်
(၁) ဒေါက်တာနန္ဒမာလာဘိဝံသဖေါင်ဒေးရှင်းမှ ကျပ်သိန်းလေးရာ၊
(၂)ဆရာတော်ကြီး၏တပည့်ဒါယိကာမိသားစုဖြစ်ကြသည့် မြင်းခြံမြို့ နဂါးနီဆေးပေါ့လိပ် ဦးမြင့်သူ ဒေါ်ချိုချိုသင်း မိသားစုကကျပ်သိန်းခြောက်ရာ၊နှစ်ရပ်ပေါင်း ကျပ်သိန်းတစ်ထောင်ကို လှူဒါန်းခြင်းဖြစ်ကြောင်းအမှာစကားပြော ကြားအပ်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည်။
ပါမောက္ခချုပ်ဆရာတော်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်။

#AshinNandamalabhivamsa
#covid19


Spread the love
  •  
  •  
  •  
  •  
  •  
  •