ပါတီကိစ္စ၊ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများနှင့် ဆက်သွယ်ရန် Facebook page တစ်ခု ဖွင့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အသိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပါတီကိစ္စ၊ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများနှင့် ဆက်သွယ်ရန် Facebook page တစ်ခု ဖွင့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြည်သူများသို့ အသိပေး

ပါတီကိစ္စ၊ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများနှင့် ဆက်သွယ်ရန် Facebook page တစ်ခု ဖွင့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လူမှုကွန်ယက်စာမျက်နှာ၌ ယနေ့(ဇူလှိုင် ၂၄)တွင် ပြည်သူများသို့ အသိပေးရေးသားထားသည်။

“ဒီ Facebook account ကို covid နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်နိုင်ဖို့ သုံးခဲ့တာဖြစ်ပါတယ်။

ယခုလဆန်းကစပြီိး ရွေးကောက်ပွဲဆိုင်ရာစည်းမျဉ်းဥပဒေတွေအရ၊ကျွန်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်တွေ ပြန်လည်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် Facebook page တစ်ခု ဖွင့်ဖို့စီစဉ်နေပါတယ်။ ပါတီကိစ္စတွေ၊ ရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူများနဲ့ ဆက်သွယ်ဖို့ ဖြစ်ပါတယ်။

လက်ရှိ Account မှာ ရံဖန်ရံခါ Covid နဲ့ပတ်သက်လို့ ဆက်ပြီး တင်ပါမယ်။”
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •