“ပါရီက လူမည်းအမျိုးသမီးတယောက်ကို ပထမဆုံးဂုဏ်ပြုအခမ်းအနား မြို့တော်ပန်းခြံမှာ ကျင်းပ”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ပါရီက လူမည်းအမျိုးသမီးတယောက်ကို
ပဌမဆုံးဂုဏ်ပြုအခမ်းအနား မြို့တော်ပန်းခြံမှာ ကျင်းပ”

September 27,2020

ဂွါဒီလို့(ပ်) ပြည်နယ်ရဲ့ကာရေးဘီးယန်း
ကျွန်းစုပေါ်မှ ကျွန်များလွတ်မြောက်ရေး
အတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ လူမည်း
အမျိုးသမီးတယောက်ကို ဂုဏ်ပြုချီးမွမ်းတဲ့အခမ်းအနားတခုကို အများပြည်သူပိုင်ဥယျဉ်တခုမှာ ပါရီမြို့တော်က ကျင်းပပေးခဲ့ပါတယ်။
မြို့တော်ဝန်အင်နီ ဟစ်ဒယ်(လ်)ဂိုက ပါရီရဲ့
အရှေ့မြောက်ဘက်ကတနေရာမှာ ဆော်လီကျု ဆိုတဲ့ လူမည်းအမျိုးသမီးရဲ့ရုပ်တုကိုစိုက်ထူ
ထားဖို့ကိုလည်းကြေညာခဲ့ပါတယ်။
ဒီရုပ်တုဟာ လူမည်းအမျိုးသမီး
တယောက်ကိုဂုဏ်ပြုစိုက်ထူပေးတဲ့ပဌမဆုံး
ရုပ်တုဖြစ်လာမှာ ဖြစ်ပါတယ်။
လူဖြူတွေနဲ့ဆက်နွယ်ပတ်သက်နေတဲ့
ကိုလိုနီဝါဒ (သို့မဟုတ်) ကျွန်ကူးသန်းရောင်းဝယ်မှုတွေကိုဆန့်ကျင့်တဲ့အထိမ်းအမှတ်ရုပ်တုတွေစိုက်ထူတာကို ကမ္ဘာ
အနှံ့က ကန့်ကွက်မှုတွေကြားမှာ ပြင်သစ်
ခေါင်းဆောင်တွေက ရုပ်တုစိုက်ထူမှုတွေကိုဆန့်ကျင်ပေမယ့် အဲ့ဒီ အစား ပိုမို ကွဲပြားခြားနားစေမယ့် အထိမ်းအမှတ်စိုက်ထူမှုအသစ်တခုကိုပုံစံချဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အာ့တာကတော့
သမိုင်းဆိုင်ရာသိတ်ပြီးလူသ်ိများထင်ရှားမှု
မရှိတဲ့သူရဲ့ရုပ်တုတွေကိုစိုက်ထူခဲ့တာမျိုးပါ။
လီမွန်ဒီသတင်းစာရဲ့အဆိုအရ ဆိုလီကျု
ကို၁၇၇၂ခုနှစ်ဝန်းကျင််မှာအာဖရိကန် လူမည်းအမျိုးသမီးကျွန်တယောက်ကမွေးခဲ့ပါတယ်။ သူမကိုလူဖြူသင်္ဘောသားတယောက်က
အန်တေးလက်(စ်)သို့သင်္ဘောဖြင့်ခေါ်ဆောင်လာတုန်းမှာမုဒိန်းကျင့်ခဲ့တာလို့ဆိုပါတယ်။
သူမဟာ ပြင်သစ်တော်လှန်ရေးအပြီးမှာ
လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာနပိုလီယန်ဟာ ပြင်သစ်
ကိုလိုနီပိုင်နက်တွေမှာ ကျွန်စံနစ်ကိုပြန်လည်
အသက်သွင်းခဲ့ပါတယ်။ဆိုလီကျုဟာ
ဂွါဒီလို့(ပ်) တော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်
ဆောင်ရွက်ခဲ့တယ်လို့ မြို့တော်ခန်းမ မှတ်တမ်းတွေအရသိရပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီအချိန်တုန်းက ကိုယ်ဝန်ရှိနေတဲ့ ဆိုလီကျုကို နပိုလီယန်ရဲ့စစ်သားတွေကဖမ်းဆီးရမိသွားပြီး
သေဒါဏ်ပေးခဲ့ပါတယ်။
သူမဟာ၁၈၀၂ခုနှစ်၊နိုဝင်ဘာလ၂၈ရက်
နေ့မှာ ကလေးမွေးဖွားခဲ့ပြီး၊နောက်နေ့မှာပဲကြိုးပေးသတ်ဖြတ်တာကို
ခံခဲ့ရပါတယ်။
ပြင်သစ်တွေဟာ ကျေးကျွန်စံနစ်ကို၁၈၄၈ခုနှစ်မှာနောက်တကြိမ်ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။ဂွါဒီလို့(ပ်)ဟာ
ပြည်သစ်ပြည်ရဲ့အစိတ်အပိုင်းတခုအဖြစ်ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာဖြစ်ပွါးခဲ့တဲ့
ဂျော့ဖလွိုက်(ဒ်)သေဆုံးမှုကြောင့် ပြန်လည်နိုးထလာတဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေအပေါ်ဆန့်ကျင်
ကန့်ကွက်မှုတွေကိုဒီနှစ်အစောပိုင်းမှာ
တွေ့မြင်ခဲ့ကြရပါတယ်။

Source:FRANCR-24(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •