ပိတ်ထားမည့် ၁၄ရက်အတွက် စက်ရုံဝန်ထမ်းများကို အစိုးရမှ လူမှု့ဖူလုံရေးကြေးပေးအပ်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၁၄ ရက် ပိတ်ထားမည့်ရက်အတွက် စက်ရုံဝန်ထမ်းများကို အစိုးရမှ လူမှု့ဖူလုံရေးကြေးပေးအပ်မည်

===============
ရန်ကုန်၊ စက်တင်ဘာ၊ ၂၁ ရက်။

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းယာယီပိတ် သိမ်းမည့် စက်ရုံ/အလုပ်ရုံများမှ အလုပ်သမား များအား ပိတ်ရက်ကာလအတွက် လုပ်ခ၊လစာ ထောက်ပံ့ ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့စက်တင်ဘာ၂၁ရက်ညနေ ၃ နာရီခွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပခဲ့တယ်လို့သိရပါတယ်။

အစည်းအဝေးတွင် လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းထားသည့် အလုပ် သမားများအတွက် လူမှုရေးထောက်ပံ့ကူညီမှုများကို ဥပဒေနှင့်အညီ ပေးအပ်သွားရန် စီစဉ် ထားရှိပါကြောင်း၊ လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိသည့် အလုပ်သမားများ အတွက် နိုင်ငံတော်အစိုးရမှလည်း ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိရာအလုပ်ရှင်များကလည်း ပူးပေါင်းပြီး အလုပ်သမားများအား တတ်နိုင်သမျှထောက်ပံ့ ပေးစေလိုပါကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါအခြေအ နေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်မှစ၍ ရက်သတ္တ ပတ် ၂ ပတ်ခန့် ယာယီပိတ်သိမ်းမည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများအား ပိတ်ရက်ကာလအတွက် လုပ်ခ၊ လစာ ထောက်ပံ့ ပေးနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ အနေဖြင့် ရှေ့ဆက် လက်ပူးပေါင်းလုပ်ဆောင် မည့်အစီအစဉ်များနှင့် ကြေညာချက်အပေါ် သဘောထား အမြင်များ၊ အကြံဉာဏ်များကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

Vi
#MyanmarLabourNews
Source-MOLIP
Photo-သီရိပျံချီဦးသိန်းဆွေ


Spread the love
  •  
  •  
  •  
  •  
  •  
  •