ပိုက်ဆံပေါ်မှာကိုရိုနာဗိုင်းရပ်စ်ဘယ်လောက်ကြာကြာအသက်ရှင်နိုင်သလဲ⁉️

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မေးခွန်း (၁) #ပိုက်ဆံပေါ်မှာကိုရိုနာဗိုင်းရပ်စ်ဘယ်လောက်ကြာကြာအသက်ရှင်နိုင်သလဲ⁉️

အဖြေ (၁) 🇺🇸 အမေရိကန်စစ်တပ် Ford Detrick မှ သိပ္ပံပညာရှင်တွေက 💵 20 ဒေါ်လာတန် နဲ့ 💵 10 ဒေါ်လာတန်ငွေစက္ကူတွေအပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် 🦠 ဘယ်လောက်ကြာကြာအသက်ရှင်မလဲ စမ်းသပ်ကြည့်ပါတယ်။

💵 20 ဒေါ်လာတန်နဲ့ 💵 10 ဒေါ်လာတန်တွေကို စမ်းသပ်ရတာက #လူသုံးအများဆုံးငွေစက္ကူတွေ ဖြစ်နေလို့ပါတဲ့။

💵 20 ဒေါ်လာတန် ပေါ်မှာ အခန်းအပူချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ #တစ်ရက်ကြာအထိ အသက်ရှင်နိုင်တာတွေ့ရပါတယ်။

💵 10 ဒေါ်လာတန် ပေါ်မှာ အခန်းအပူချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ #ရှစ်နာရီကြာအထိပဲ အသက်ရှင်နိုင်တာတွေ့ရပါတယ်။

သူတို့ဆီက အခန်းအပူချိန်ဟာ 22 ဒီဂရီစင်တီဂရိတ်ကို ဆိုလိုပါတယ်။

စက္ကူပေါ်ကမှင်အမျိုးအစား၊ မှင်အထူအပါးက အခုလိုကြာချိန်ကွာခြားစေတာဖြစ်မယ်လို့ ယူဆပါတယ်။

အမေရိကန်စစ်တပ်သုသေသနပညာရှင်တွေရဲ့ အခုတွေ့ရှိမှုက ကတ်ထူစက္ကူတွေနဲ့စမ်းသပ်တာထက် ပိုပြီးနီးစပ်မှုရှိတယ်လို့ တရုတ်သိပ္ပံပညာရှင်တွေကလည်း ပြောပါတယ်။

အဲ့ဒီငွေစက္ကူတွေက အမေရိကန်အထူးလျို့ဝှက်ရဲတပ်ဖွဲ့ဆီကလာတာပါ။ သူတို့ထဲမှာ Covid ကူးစက်မှု အနည်းငယ်ရှိခဲ့ပါတယ်။

အရင်က ကတ်ထူစက္ကူနဲ့စမ်းသပ်သူတွေက ဗိုင်းရပ်စ်များများသုံးစမ်းသပ်ခဲ့ပြီး အခုအမေရိကန်က စမ်းသပ်မှုက #တကယ့်အပြင်အခြေအနေနဲ့ အနီးစပ်ဆုံးတူအောင် ဖန်တီးထားလို့ ဖြစ်ပါတယ်တဲ့။

အခုအမေရိကန် စစ်တပ်ရဲ့ Ford Detrick ဇီဝဓာတ်ခွဲခန်းကို တရုတ်က Covid-19 နဲ့ ပတ်သက်တယ်လို့ စွပ်စွဲထားပြီး သူတို့တရုတ်ဓာတ်ခွဲခန်းကို စစ်ဆေးဖို့တောင်းဆိုရင် Ford Detrick ဓာတ်ခွဲခန်းကိုလည်း အပြည်ပြည်ဆိုင်ရာကို စစ်ဆေးခွင့်ပြုရမယ်လို့ ပြောဆိုထားတာပါ။

အမေရိကန် စစ်တပ်ရဲ့ Ford Detrick ဇီဝဓာတ်ခွဲခန်းဟာ 1940 ကျော် ဒုတိယကမ္ဘာစစ်ကာလကတည်းက တည်ထောင်ထားတာပါ။

#မြန်မာငွေစက္ကူနဲ့စမ်းသပ်မှုမရှိသေးပါ။ ကျနော်တို့နှိုင်းယှဉ်မှန်းဆလို့ပဲ ရပါတယ်။

👉 မြန်မာငွေစက္ကူအသစ်နဲ့ အဟောင်းအပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်နေနိုင်မှု အချိန်ကွာခြားမယ်လို့မှန်းပါတယ်။

👉 စိတ်ချချင်ရင် ( ၃ )ရက်လောက်အခန်းအပူချိန်မှာထားပြီးမှ သုံးသင့်ပါတယ်။

#အသုံးအများဆုံးငွေစက္ကူက 1000 တန်လို့ ယူဆပါတယ်။

စိတ်ချလက်ချသုံးချင်ရင် စျေးဝယ်ကပြန်လာရင် 1000 တန်၊ 500 တန်၊ 200 တန်တွေကို #အိတ်တစ်အိတ်ထဲထည့်အခန်းအပူချိန်မှာသုံးရက်လောက်ထားပြီးမှသုံးပေါ့။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
7-June-2019


Spread the love
  •  
  •  
  •  
  •  
  •  
  •