ပို့(တ်)လန်း(ဒ်) မှာဖြစ်ပွါးနေတဲ့ ရက်တစ်ရာမြောက်ည အဓိကရုဏ်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပို့(တ်)လန်း(ဒ်) မှာဖြစ်ပွါးနေတဲ့ ရက်တစ်ရာမြောက်ည အဓိကရုဏ်း

6 Septembr 2020( 2hours ago)

အမေရိကန်ပြည်ထောင်စု၊အော်ရီဂွန်ပြည်နယ်၊ပို့(တ်)လန်း(ဒ်)မြို့မှာဆက်တိုက်ဖြစ်ပွါးနေတဲ့ဆန္ဒပြမှုများနဲ့ပတ်သက်ပြီး ရက်တစ်ရာမြောက်ည(ယမန်နေ့ည)ကဖြစ်ပွါးခဲ့အဓိကရုဏ်းအကြောင်းကို ပို့(တ်)လန်း(ဒ်)ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။
အော်ရီဂွန်းပြည်နယ် ပို့(တ်)လန်း(ဒ်)မြို့မှာဖြစ်ပွါးနေခဲ့တဲ့ဆန္ဒပြမှုတွေဟာ စက်တင်ဘာ၅ရက်နေ့မှာ
ရက်တစ်ရာတိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီညမှာ ဆန့်ကျင်ဆန္ဒပြကြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်း
ဖက်တိုက်ခိုက်ပြီးတဲ့နောက်ပြန်လည်ဆုတ်ခွါထွက်ပြေးနိုင်အောင် တယောက်ကိုတယောက်ကူညီကြတယ်လို့ဆိုပါတယ်။

 


ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်မှုနဲ့လူမျိုးရေးခွဲခြားဆက်ဆံမှုတွေအပေါ်မှာမကျေနပ်လို့ဆူပူအုံကြွမှုတွေ
ဖြစ်နေတာပါ။
ဆန္ဒပြလူအုပ်က အိမ်လုပ် ဓာတ်ဆီမီးလောင်ဗုံးတွေနဲ့ ရဲအရာရှိတွေကိုပစ်ပေါက်ပြီး
တဲ့နောက်ပိုင်းမှာ ပို့(တ်)လန်း(ဒ်)ဆန္ဒပြမှုတွေဟာ စနေနေ့ညအဓိကရုဏ်း တခုအဖြစ်ကို အလျှင်အမြန်
ကူးပြောင်းသွားခဲ့ပါတယ်။
ညလုံးပေါက်ဖြစ်ပွါးနေတဲ့ရုန်းရင်းဆန်ခတ်မှုတွေမှာ အနည်းဆုံး ဆန္ဒပြအဖွဲ့ဝင်တယောက်
အပြင်းအထန်ထိခိုက်ဒါဏ်ရာရသွားတယ်လို့ပြောပါတယ်။ပို့(တ်)လန်း(ဒ်) ရဲဌာနက ဆူညံ
ယောက်ယက်ခတ်နေတဲ့ အကြမ်းဖက်မှုလို့ပြောဆိုလိုက်ပါတယ်။
“ရဲတွေဟာ ဒေသတွင်းနေထိုင်သူတွေရဲ့လုံခြုံရေးအတွက် တည်ငြိမ်အေးချမ်းရေးနဲ့
တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

 


ဒါဟာ ဆူပူသောင်းကျန်းတဲ့အဓိကရုဏ်းတခုပါ”လို့ရဲသတင်းအေဂျင်စီက တွစ်တာမှာအဆက်မပြတ်တင်နေတဲ့ပို့(စ်)တခုမှာရေးသားဖော်ပြလိုက်ပါတယ်။
ဆိုရှယ်မီဒီယာ(လူမှုသတင်းကွန်ယက်) တခုမှာ တင်ထားတဲ့ဗီဒီယိုမှာ လူအုပ်ရဲ့အလယ်
ထဲကို ဓာတ်ဆီမီးလောင်ဗုံးတခု ပစ်ထည့်လိုက်တာကိုတွေ့ရပြီး၊လူနေရပ်ကွက်ထဲက လမ်းတလမ်းပေါ်မှာ
မီးတောက်မီးလျှံတွေနဲ့ပေါက်ကွဲသွားတာတွေ့ရပါတယ်။လူတွေထွက်ပြေးနေကြစဉ်
လူတယောက်ရဲ့ခြေထောက်မှာ မီးစွဲလောင်နေတာကိုတွေ့ရပါတယ်။
သမ္မထရန့်က သူ့ကို “အရူး”လို့ခေါ်လိုက်ပြီးနောက်မှာ ပို့(တ်)လန်း(ဒ်) မြို့တော်ဝန်က “ကျွန်တော်တို့ကိုထောက်ပံ့ကူညီပါ၊မကူညီရင်တော့ဝေးဝေးနေပါ၊ဝင်မရှုပ်ပါနဲ့”လို့ပြောလိုက်ပါတယ်။
အဓိကရုဏ်းထိန်း လက်နက်ပစ္စည်းတွေနဲ့ ရဲတွေဟာ လူထုကိုဒီနေရာကထွက်ခွါ
သွားပြီး လူစုခွဲကြဖို့ အသံချဲ့စက်တွေနဲ့အော်ဟစ်သတိပေးရင်းမီးလောင်လက်ပစ်ဗုံးတွေကို အသုံးပြုနေကြတာကိုတွေ့ရပါတယ်။

 

ဆန္ဒပြသူတချို့ကရဲတပ်ဖွဲ့ဝင်တွေ ရှေ့တိုးလာတဲ့အခါမှာလမ်းထဲကနေ မီးရှူးမီးပန်းတွေ၊ဗျောက်အိုးတွေနဲ့ပစ်ပေါက်တိုက်ခိုက်ကြပါတယ်။
အော်ရီဂွန် ပြည်နယ်ရဲ့ အကြီးဆုံးမြို့တော် ပို့(တ်)လန်း(ဒ်)မြို့မှာ ဖြစ်ပွါးနေတဲ့
မငြိမ်သက်မှုတွေဟာ မေလ၂၅ရက်နေ့မှာဖြစ်ပွါးခဲ့တဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုဒ်သေဆုံးမှုနောက်ပိုင်း
မှာ ဆက်တိုက်ဖြစ်ပွါးလာနေတာဖြစ်ပါတယ်။
အဲ့ဒီအဖြစ်အပျက်မှာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ အသက်၄၆နှစ်
အရွယ်လူမည်းတယောက်ဖြစ်သူ ဂျော့ဖလွိုဒ်ဟါ လူဖြူရဲအရာရှိတယောက်က လည်ပင်းကို
ဒူးနဲ့ထောက်ပြီး ဖမ်းဆီးခဲ့စဉ် သေဆုံးသွားခဲ့ရပါတယ်။အခင်းဖြစ်ပွါးနေတုန်းမှာ အခြား
ရဲအရာရှိ၃ယောက်ကဘေးနားကနေစောင့်ကြည့်နေခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုတဝှမ်းက မြိုကြီးတွေနဲ့ကမ္ဘာအနံ့အပြားက ဆန့်ကျင်
ကန့်ကွက်သူတွေဟာ ရဲတပ်ဖွဲ့ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေနဲ့ လူမျိုးရေးခွဲခြားပြီး မမျှမတ
ဆက်ဆံမှုတွေကို အဆုံးသတ်ကြဖို့တောင်းဆိုခဲ့ကြပါတယ်။
ပို့(တ်) လန်း(ဒ်)မှာမကြာသေးခင်ကဖြစ်ပွါးခဲ့တဲ့ ဆန္ဒပြမှုတွေဟာ မီးရှို့မှု၊ပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးမှု၊အကြမ်းဖက်မှုတွေနဲ့အဆုံးသတ်ခဲ့ရပြီး၊ရာပေါင်းများစွာသောဆန္ဒပြသူတွေဟာ
အကြမ်းဖက်မှုတွေကျူးလွန်ခဲ့ကြပြီး၊မေလနှောင်းပိုင်းကတည်းကတည်းက အာဏာပိုင်
တွေရဲ့ဖမ်းဆီးထိန်းသိမ်းတာကိုခံကြရပြီးဖြစ်ပါတယ်။
(Ref; MSN News Agency)


Spread the love
  •  
  •  
  •  
  •  
  •  
  •