ပိုးတွေ့လူနာ အများဆုံးစံချိန်တင်သည့် သင်္ဃန်းကျွန်းမှ Music Zoneနှင့် ဆက်စပ်သူများအား လိုက်လံရှာဖွေရန် ခက်ခဲနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပိုးတွေ့လူနာ အများဆုံးစံချိန်တင်သည့် သင်္ဃန်းကျွန်းမှ
Music Zoneနှင့် ဆက်စပ်သူများအား လိုက်လံရှာဖွေရန် ခက်ခဲနေ

ရန်ကုန်၊စက်တင်ဘာ ၉

သဃင်္န်းကျွန်းမြို့နယ် အတွင်း ကိုဗစ်- ၁၉ ပိုးတွေ့လူနာ အများဆုံး တွေ့ရှိခဲ့သည့် Music Zone (ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်က  KTV နှင့် စင်တင် စားသောက်ဆိုင် အဖြစ် နာမည်ကြီးသည်) သို့ လာရောက်ခဲ့သူ များကို လိုက်လံ ရှာဖွေရန် ခက်ခဲ‌ကြောင်း သင်္ဃန်းကျွန်းမြို့နယ်  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် က ‌ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၉ ရက်နေ့၊ မနက် ၈ နာရီ သတင်းထုတ်ပြန်ချက် အရ ကိုဗစ် – ၁၉ အတည်ပြုလူနာ စုစုပေါင်း ၉၈ ဦး ရှိပြီး ၄င်းတို့ အနက် ၇၃ ဦးသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone စားသောက်ဆိုင်တွင် စောင့်ကြည့်ထားသူများ ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့က လွန်ခဲ့တဲ့ သုံးရက်ကတည်းက Music Zone စားသောက်ဆိုင်ကို Lock Down ချထားတာပါ။ ပြီးတော့ အဲ့ဒီက ၀န်ထမ်းတွေကလည်း ဆိုင်မှာပဲ နေ စား ငြိမ်း နေကြသူတွေ ဆိုတော့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီ စားသောက်ဆိုင်ကို လာခဲ့တဲ့ သူတွေကိုတော့ Contact Tracing လိုက်ဖို့တော့ မလွယ်ဘူးပေါ့ဗျာ။

စားသောက်ဆိုင် ဆိုတာ သိတဲ့အတိုင်း လူတွေ အများကြီး လာခဲ့တာ ဆိုတော့ ဘယ်သူတွေ လာသလဲ ဆိုတာကိုလည်း ဆိုင်ဝန်ထမ်းတွေက မှတ်မိဖို့ မလွယ်ဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် က ပြောသည်။

လက်ရှိ အချိန်တွင် အတည်ပြု လူနာများအား ဆေးကုသမည့် ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

သဃင်္န်းကျွန်းမြို့နယ် အတွင်း အတည်ပြုလူနာ တွေ့ ရှိမှု မျာပြားလာသည့်အတွက် ပြည်သူများ အနေဖြင့် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ရေး အသိပေး လှုံဆော်ထားသည့် အတိုင်း ဂရုတစိုက် လုပ်ဆောင်ကြရန်လည်း ဦးဘုန်းနေလတ် က ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်၊ မနက် ၈ နာရီ အချိန် သတင်းထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၇၉၆   ဦး ရှိပြီး သေဆုံးသူ ၁၆  ဦးထိ ရှိနေပြီ ဖြစ်သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •