ပီကင်းမြို့တော်ကို အဝင်အထွက် လေယာဉ်ခရီးစဉ် 1200 ကို ဖျက်သိမ်းလိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပီကင်းမြို့တော်ကို အဝင်အထွက် လေယာဉ်ခရီးစဉ် 1200 ကို ဖျက်သိမ်းလိုက်

🥬🥩🥚#ကုန်စိမ်းစျေးတွေကိုပြုပြင်ပြောင်းလဲဖို့ COVID ရဲ့တပ်လှန့်သံ။

🇨🇳 တရုတ်ပြည်မှာ #သင်ခန်းစာယူဖို့သုံးသပ်မှုတွေလုပ်နေပါပြီ။

ဝူဟန်က Sea Food Market နဲ့ ပီကင်းက Xi Fa Di Market တို့ရဲ့ COVID ပြန့်ပွားမှု အသွင်သဏ္ဍန်တွေအရ #ကုန်စိမ်းစျေးတွေကို #ခေတ်မီသန့်ရှင်းမှုရှိအောင်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တပ်လှန့်သံပေးနေပြီတို့ တရုတ်ကွန်မြူနစ်ပါတီက ဆိုလိုက်ပါတယ်။

♦️ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အသစ် 31 ယောက်ထပ်တွေ့ခဲ့တာမို့ ပီကင်း Xi Fa Di Market က Covid ရောဂါရှိသူ 137 ယောက်ရှိသွားပြီဖြစ်ပါတယ်။

ဒါတောင် ထပ်တိုးဖို့ရှိနေပြီး အချို့ positive ဖြစ်ပြီး ရောဂါလက္ခဏာမပြသူတွေကို စာရင်းထည့်သွင်းမှု မလုပ်ရသေးပါ။

🛩️ ဒီနေ့ပဲ ပီကင်းမြို့တော်ကို အဝင်အထွက် လေယာဉ်ခရီးစဉ် 1200 ကို ဖျက်သိမ်းလိုက်ပါတယ်။

♦️ ပီကင်း Xi Fa Di Market က Covid စတင်ပြန့်နှံ့ခဲ့တာ #မေလကတည်းကဖြစ်နိုင်တယ်လို့ တရုတ်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ဒါရိုက်တာ Gao Fu က ပြောပါတယ်။

♦️ ဘာဖြစ်လို့မေလကတည်းကဖြစ်မယ်လို့ မှန်းနိုင်သလဲဆိုရင် ရောဂါလက္ခဏာမပြတဲ့ asymptomtic ရောဂါပိုးရှိလူတွေနဲ့ ရောဂါလက္ခဏာပြရုံလေးပြတဲ့ mild symptoms သမားတွေက လူတွေကြားမှာရှိနေပြီး မေလကတည်းကကူးနေတာ ဖြစ်နိုင်လို့ပါပဲတဲ့။

ဒါ့ကြောင့် ဝူဟန်မှာတုန်းကလည်း လူစသိတာက ဒီဇင်ဘာလ တကယ်ပြန်လိုက်တော့ နိုဝင်ဘာလဆန်းက လူနာတွေတွေ့ရပါလေရော။

အဲ့ဒီတော့ အခု တရုတ်စျေးတွေကနေ #အဓိကသုံးချက် မီးမောင်းထိုးပြနေတယ်။

(၁) #လူထုကြားလူမသိသူမသိကူးစက်မှု community case တွေကို သတိထားကြပါ။

(၂) ဘယ်ကကူးမှန်းမသိတဲ့ COVID-19 လူနာစတွေ့ရင် #အနည်းဆုံးတစ်လလောက်စောပြီး အဲ့ဒီဒေသမှာ ရောဂါပြန့်နေတာဖြစ်နိုင်တယ်။

(၃) ကုန်စိမ်းစျေး၊ လမ်းဘေးစျေးတွေကို #ကျန်းမာရေးနဲ့ညီညွတ်မှုရှိအောင် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စတင်စီစဉ်သင့်ပြီ။

COVID ထက်ဆိုးတာ မလာဘူးလို့ မပြောနိုင်ဘူး။

👉 လူမသိသူမသိကူးနေရာက 1 လ 2 လလောက်နေမှစသိပြီး စစ်ချလိုက်တော့မှ #လူတွေအများကြီးကူးစက်ပြီးဖြစ်နေမှာကို သတိထားပါ။ ဒါတောင်များများစစ်နိုင်အုံးမှ။

🔥 အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဂရုတစိုက်မရှိတော့ အခုထိန်းမနိုင်သိမ်းမရဖြစ်နေတာကိုသာကြည့်ကြပါလို့။

တရုတ်ပြည်မှာ သင်ခန်းစာယူဖို့ သုံးသပ်မှုလုပ်နေချိန်မှာ ကျနော်တို့ဆီမှာလည်း သင်ခန်းစာယူနိုင်ရန် update သတင်းတင်ပေးလိုက်ပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
17-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •