ပုဂံဒေသရှိဘုရားများ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်​ပေးလိုက်တာကြောင့် ဘုရားဖူးတွေနဲ့ ပြန်စည်ကား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပုဂံဒေသရှိဘုရားများ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ
ဖွင့်​ပေးလိုက်တာကြောင့် ဘုရားဖူးတွေနဲ့ ပြန်စည်ကား

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ကိုဗစ်-၁၉ ရောဂါစတင်ကာ ကွယ်ထိန်းချုပ်ချိန်မှစတင်ကာ လာရောက်လည်ပတ်သည့်ဘုရားဖူးဧည့်သည် မရှိခဲ့ရာမှ ယခု ရက်ပိုင်းအတွင်းတစ်ရက်လျှင် ပျှမ်းမျှ ၄၅၀ဦးခန့်ဝင်ရောက်ဖူးမျှော်လာ ကြောင်း ရွှေစည်းခုံဘု ရား ဂေါပကအဖွဲ့ထံကသိရသည်။

.

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၊ (ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်)သည် ဆယ်နှစ်ရာသီကာလပတ်လုံး ပြည်တွင်းပြည်ပခရီးသွားများ အမြဲမပြတ်ရှိခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်သည့်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးခရိုင် ကိုဗစ်-၁၉ကူးစက် ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှု ဇုန်ရှိ စေတီ၊ ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများ လာရောက် လည်ပတ်ခွင့်၊ ဖူးမျှော်ခွင့်များ ပိတ်ထားခဲ့တာပါ။

 

ယခုအခါမှာတော့ ညောင်ဦးမြို့နယ် ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ ဘုရားများဖူး ဖူးမျှော်ခွင့်အား နံနက် ၉နာရီမှ ညန ၄နာရီအထိ ဖူးမျှော်ခွင့် ပေးလိုက်တာကြောင့် ဘုရားဖူးများ သာမာန် ရက် တနင်္လာနေ့မှသောကြာနေ့များတွင် ဘုရားဖူးဧည့်သည် (ပြည်တွင်း) ၄၅၀ဦးခန့်ပုံမှန် လာရောက်ဖူးမျှော်ကြပြီး၊ စနေ၊တနင်္ဂနွေ ရက်များတွင် မြန်မာပြည်အရပ်ရပ်မှ(၁၂၀၀)ဦးကျော်  လာရောက်နေကြောင်း သိရသည်။

ပြည်တွင်းဘုရားဖူးဧည့်သည်အများစုက ပုဂံ-ညောင်ဦးဒေသရဲ့ သမိုင်းဝင်၊အထင်ကရ ဘုရားများ ဖြစ်ကြသည့်  ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဗူးဘုရား၊ ဓမ္မရံကြီးဘုရား၊ လောကနန္ဒာ စွယ်တော် ဘုရား၊ အလိုတော်ပြည့်ဘုရား၊ဓမ္မရာဇကဘုရားနှင့် သဗ္ဗညုဘုရားများသာဘုရားဖူးလာရောက်မှု စနေ၊တနင်္ဂနွေရက်များတွင် ဘုရားဖူးလာဦးရေ (၁၀၀၀)ကျော်လာရောက်ကြပါတယ်။

သမိုင်းဝင်၊အထင်ကရဘုရားများသို့ဘုရားဖူးဝင်ရောက် ရာတွင်လည်း ဘုရားဝင်းအတွင်း မဝင်မီ Mask တပ်ဆင်၍ဝင်ရခြင်း၊ လက်ဆေးဇလုံများ၊စင် များတွင်လက်ဆေးစေခြင်း၊ ဘုရားဖူးလာရောက်သည့် ဒေသနှင့်နေရပ်လိပ်စာအပြည့်အစုံ၊ ဖုံး နံပါတ်တို့အားစာရင်းကောက်ယူ မှတ်တမ်းထားရှိကြောင်း ထီးလိုမင်းလို ဘုရားဂေါပက အတွင်းရေးမှူး ဦးတင်လှဦးကရှင်းပြ၍သိရကာ ဘုရားဖူးလာဧည့်သည်များ စနေ၊တနင်္ဂနွေနေ့မှကျန် ရက်များတွင် တစ်ရက် (၄၅၀)ဦးခန့်လာရောက်ကြပြီး စနေ၊တနင်္ဂနွေရက်တို့တွင် တရက် (၁၂၀၀) ကျော်ထိ ဘုရားဖူး လာရောက်လျှက်ရှိကြောင်းသိရပါတယ်။

ကိုထိန်၊KPD

Source-MOI

ဓာတ်ပုံ – ရွှေအင်းသားခင်မောင်၀င်း


Spread the love
  •  
  •  
  •  
  •  
  •  
  •