ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရားငါးဆူရှိ ကွမ်းတောင်အတွင်းမှ ဌာပနာများ ဖောက်ထွင်းခံရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရားငါးဆူရှိ ကွမ်းတောင်အတွင်းမှ ဌာပနာများ ဖောက်ထွင်းခံရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ပြန်လည်ပြုပြင်ထားသည့် ဘုရားငါးဆူကွမ်းတောင်များအတွင်းရှိဌာပနာများ ဖောက်ထွင်းခိုးယူခံရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။

ပုဂံမြို့ဟောင်း ရွာဟောင်းကြီးဘုရားမြောက်ဘက် ဘုရားစုများထဲမှဘုရားငါးဆူဖြစ် ကာ ဘုရားအမှတ်-၁၈၈၂၊ဘုရားအမှတ်-၁၈၇၅၊ ဘုရားအမှတ်-၁၈၇၇၊ဘုရားအမှတ်-၁၈၆၂ ၊ ဘုရားအမှတ်-၁၈၉၇တို့တွင် ဇွန် ၈ရက်နေ့ နံနက်ပိုင်းတွင်ဖောက်တွင်းရာများတွေ့ရှိရာ ဌာပနာပစ္စည်းများခိုးယူခံရခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦး စီးဌာန(ပုဂံဌာနခွဲ)က သိရသည်။

ပုဂံဧည်လမ်းညွှန်အသင်းမှရှေးဟောင်းဘုရားများလုံခြုံရေးအတွက် လှည့်လည်ကြည့် ရှုစစ်ဆေးကြစဉ် ရွာဟောင်းကြီးဘုရားမြောက်ဘက် ဘုရားစုများထဲကပြန်လည်ပြုပြင်ထား သည့်ဘုရားလေးဆူတွင် ကွမ်းတောင်များဖောက်ထွင်းထားသည်ကိုတွေ့ရှိရခြင်းဖြစ်ပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)သို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူး ဦးအောင်ကျော်(ပုဂံညောင်ဦးဧည့်လမ်းညွှန် များအသင်း)ထံက သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲသို့ ပြန်လည်ပြုပြင်ထားသည့် ရှေးဟောင်းဘုရားငါးဆူ ဌာပနာဖောက်ထားခံရသည့် လက္ခဏာများတွေ့ရှိကြောင်းသတင်းပို့ချက်အရ ဦးအောင်ကျော်ဝင်း(လက်ထောက်ညွှန်ကြားရေးမှူး)ပုဂံဌာနခွဲ၊ ဦးဆန်းထွန်း(လက်ထောက်ညွှန်ကြားရေးမှူး -ပုဂံဌာနခွဲ)၊ဦးသူရဗိုလ်(လက်ထောက်အင်ဂျင် နီယာ)၊ဦးမင်းဇော်ထွေး(ဦးစီးအရာရှိ)၊ဦးဝင်းအောင်ကြည်(ဦးစီးအရာရှိ)တို့မှ ဖောက်ထွင်းခံရသည့် တောင်ဘီကျေးရွာအုပ်စု၊ ရွာဟောင်းကြီးဘုရားအုပ်စုရှိ ဘုရားအမှတ်-၁၈၈၂ အပြင် အနားဝန်းကျင်ရှိ ဘုရားများတွင်လည်း ဖောက်ထွင်းခံရသည့် လက္ခဏာများတွေ့ရှိရသဖြင့် စစ်ဆေးရာတွင် ဘုရားအမှတ်-၁၈၈၂ ကွမ်းတောင်၏တောင်ဘက်မှ ဖောက်ထွင်းမှုအရွယ် အလျား ၄လက်မ၊အနံ ၈လက်မ၊ဘုရားအမှတ် -၁၈၇၅တွင် အလျား ၉လက်မ၊အနံ ၈လက်မ၊ ဘုရားအမှတ်-၁၈၇၇တွင် အလျား ၄လက်မ၊အနံ ၄လက်မ၊ ဘုရားအမှတ် -၁၈၉၇တွင် အလျား ၃လက်မ၊အနံ ၅လက်မခန့်၊ အမည်မသိဘုရားတွင် အလျား ၉လက်မ၊ အနံ ၄လက်မ ၊အနံ ၄လက်မခန့်ပျက်စီးနေကြောင်း၊တွေ့ရှိရပြီး ဘုရားအမှတ် ၁၈၉၇နှင့်အမည်မသိဘုရား တို့၏ ဌာပနာနေရာတွင်အုပ်ချပ်များစီထားသည်ကိုစစ်ဆေးတွေ့ရှိရကြောင်း အဆိုပါဘုရား များမှာ ဘုရားဖူးများအရောက်နည်းပြီးလူဝင်လူထွက် သွားလာမှုနည်းသော ဘုရားများဖြစ်ကာ ထိုဘုရားများပျက်စီးနေမှုနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ပုဂံဌာနခွဲမှ တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကိုထိန်၊ ဖေလိန်း(ပုဂံ)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •