ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင်ငွေကျပ် ၆.၅ ဘီလီယံကျော် တန်ဖိုးရှိအိုက်စ်များဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင်ငွေကျပ် ၆.၅ ဘီလီယံကျော် တန်ဖိုးရှိအိုက်စ်များဖမ်းဆီးရမိ

အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည်ဒီဇင်ဘာလ ၂၅ ရက်နေ့မနက် ၁၀ နာရီခွဲအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသည့် ၆ ဘီးမော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွားပြီးယာဉ်ပေါ်၌ တားမြစ်ကန့်သတ်ကုန်ပစ္စည်းများပါရှိသဖြင့် အဆိုပါယာဉ်အားပြည်ကြီးတံခွန်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့မောင်းနှင်ပြီးမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အသေးစိတ်ရှာဖွေခဲ့ရာယာဉ်ပေါ်ရှိစက္ကူဂျပ်ဖာများအတွင်းမှ အိုက်စ် ၃၄၃ ကီလိုသိမ်းဆည်းရမိသဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရညနေ ၃ နာရီခွဲအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၂လမ်းနှင့် လမ်း ၁၂၀ ကြား၊ အမှတ်(ညည-၅၉/၅၅)တွင် ရဲစိန် အားလည်းကောင်း၊ ညနေ ၄ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)ရပ်ကွက်၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြား၊ အမှတ်(၁၄၀)တွင် ယာဉ်မောင်းသန်းစိုးအားလည်းကောင်းဖမ်းဆီးရမိခဲ့သဖြင့် ရဲစိန်(၄၂)နှစ်၊ သန်းစိုး(၃၈)နှစ်တို့အားဥပဒေအရအမှုဖွင့် အရေးယူထားရှိကြောင်းဖော်ပြအပ်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင်
ငွေကျပ် ၆.၅ ဘီလီယံကျော် တန်ဖိုးရှိအိုက်စ်များဖမ်းဆီးရမိ