ပုသိမ်တံတားအမှတ် (၂)ခံနိုင်ရည် ဝန်အားစမ်းသပ်စစ်ဆေး  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပုသိမ်တံတားအမှတ် (၂)ခံနိုင်ရည် ဝန်အားစမ်းသပ်စစ်ဆေး

မကြာမီ ဖွင့်လှစ်တော့မယ့် ပုသိမ်တံတား အမှတ်-၂ ခံနိုင်ရည် ဝန်အားစမ်းသပ်စစ်ဆေးခြင်းကို ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။

 

ပုသိမ်တံတား အမှတ်-၂ ကို ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ပုသိမ်-မုံရွာ-ရေဦး လမ်းမဆုံရာ မေတ္တာဦး သင်္ဘောဆိပ်ခံတံတားဟောင်း နေရာမှ ငဝန်မြစ်ကိုဖြတ်၍ ပုသိမ်မြို့တစ်ဖက်ကမ်း အမှတ် ၉ ရပ်ကွက်ရှိ စိန်ကုန်းကူးတို့ဆိပ် နေရာကို ဆက်သွယ်ဖောက်လုပ်ထားတာပါ။

 

ပုသိမ်တံတားအမှတ်-၂ သည် အရှည် ၂၃၈၀ ပေ၊ ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၅ ပေစီ ရှိကာ ပင်မတံတားတွင် သံမဏိသံပေါင် ခုံးများပါဝင်ကာ သံကူကွန်ကရစ်ဖြင့် တည်ဆောက်ထားပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်က ပန္နက်ရိုက်ကာ ပိုင်တိုင်စိုက်ထူပေးခဲ့တာဖြစ်ပါတယ်။

 


Photo-San Myinr


Spread the love
  •  
  •  
  •  
  •  
  •  
  •