ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား မိသားစု ၅ သန်း ၄ သိန်းကျော်အား ငွေသား နှစ်သောင်းကျပ်စီ ပေးအပ်သွားရန် စီစဉ်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား မိသားစု ၅ သန်း ၄ သိန်းကျော်အား ငွေသား နှစ်သောင်းကျပ်စီ ပေးအပ်သွားရန် စီစဉ်နေ

COVID-19 ကပ်ရောဂါ၌ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား မိသားစု ၅ သန်း ၄ သိန်းကျော်အား ငွေသား နှစ်သောင်းကျပ်စီ ပေးအပ်သွားရန် စီစဉ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၇ ရက်တွင် ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၀)သို့ Video Clip ဖြင့် အမှာစကားပေးပိုစဉ် ထည့်သွင်းပြောကြားခဲ့သည်။

“COVID-19 ကပ်ရောဂါရဲ့ထိခိုက်မှုတွေကို ကုစားမှုတွေ ဆောင်ရွက်ရာမှာ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတစ်ခုစီအတွက် ကျပ်တစ်သောင်းခွဲဘိုး ရိက္ခာဝေငှတာကို ပထမအကြိမ်ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ ဒုတိယအကြိမ်အဖြစ် မိသားစု ၅ သန်း ၄ သိန်းကျော်ကို ငွေသား ၂ သောင်းစီ ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

COVID-19 ကပ်ရောဂါ၌ နိုင်ငံတော်အစိုးရအနေဖြင့် ဘဏ်တိုးများ လျှော့ချပေးခြင်း၊ လိုင်စင်ခွန်များ အချိန်ကာလသတ်မှတ် ကင်းလွတ်ခွင့်ပြုခြင်း၊ ပေးဆောင်ရမည့်ဝင်ငွေခွန်များ၊ ကုန်သွယ်လုပ်ငန်းခွန်များ ရွှေ့ဆိုင်းပေးသွင်းခွင့်ပြုခြင်း စသည့်ဖြေလျှော့မှုများ ပေးခဲ့ပြီး လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေသည့် အထည်ချုပ် လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ၁ ရာခိုင်နှုန်း အတိုးဖြင့် တစ်နှစ်ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျပ်ဘီလီယံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံထုတ်ချေးပေးသွားဖို့ရှိကြောင်း သိရသည်။

ယခုလို ထုတ်ချေးပေးခြင်းသည် လုပ်ငန်းရပ်ဆိုင်းနေစဉ်ကာလ၌ ဝန်ထမ်းများအား လစာပေးထားနိုင်ရေး အကူအပံ့အဖြစ် ထုတ်ချေးပေးခြင်းဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာဖြစ်သည့်အတွက် ဝင်ငွရရှိအောင် လုပ်ငန်းလုပ်ဆောင်ပြီး သတ်မှတ်ကာလမှာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်လောင်းပြောကြားခဲ့သည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •