ပေါက်မြို့နယ်၊ကျွန်းရင်းကျေးရွာမှာ သက်ကြီးရွယ်အိုများကြိုတင်မဲ ပေးစဥ် မဲမသမာ မှုရှိသည်ဆိုကာ လူစုလူဝေး ဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ကျွန်းရင်းကျေးရွာမှာ သက်ကြီးရွယ်အိုများကြိုတင်မဲ ပေးစဥ် မဲမသမာ မှုရှိသည်ဆိုကာ လူစုလူဝေး ဖြစ်ပွားခဲ့

အသက်ရွယ်ကြီးသူကြိုတင်မဲထည့်လိုသူတွေက Nld ကိုထည့်ချင်တယ်။ကြိုတင်မဲထည့်ဖို့အတွက် ကူညီပေးနေတဲ့ မဲရုံတာဝန်ရှိသူတွေက မလိမ့်တစ်ပတ်လုပ်ပြီး အခြားပါတီ
ကို မဲကူညီထည့်ပေးတယ်လို့ ဆိုပါတယ်။
တစ်ချို့ မသန်းမစွမ်းသက်ကြီးရွယ်အိုတွေက ပါတီတံဆိပ်မသိ့ပါဘူး။အမေစုကို မဲထည့်မယ် nld ကိုမဲထည့်မယ်ပြောတာကို ကူညီပေးသူက တခြားပါတီကိုထည့်ပေးလို့ ရပ်ရွာကတစ်ချို့သူတွေမြင်းပီ အခုလို စုဝေးကန့်ကွက်ခဲ့ကြတာပါ။

ရွာသားတွေက မဲတွေ ပြန်စစ်ဖို့ တောင်းဆိုနေကြပါတယ်။ ရွေးကော်တာဝန်ရှိသူတွေက ပယ်မဲလုပ်ပေးမယ်ပြောတာ ရွာသားတွေက သူတို့နစ်နာလို့ လက်မခံကြပါဘူး။ရွေးကော်ရဲ့ကြိုတင်မဲလာရောက်ကောက်သူတွေကိုလဲ မပြန်ခိုင်းပဲအရေးဆိုခဲ့ကြပါတယ်။

ည ၁၀နါရီကျော်မှာတော့ မဲပုံးကိုရပ်ရွာကလုံခြုံတဲ့နေရာမှာသိမ်းပြီး လွှတ်တော်အမတ်တွေကိုယ်တိုင်ကွင်းဆင်းကူညီကြလို့ပြေလည်မှုရသွားခဲ့ပါတယ်။

 

https://m.facebook.com/story.php?story_fbid=2825227224381579&id=100006829866005

Video – Soe Yar Zar


Spread the love
  •  
  •  
  •  
  •  
  •  
  •