ပင်ကိုယ်ရေး အက်ဆေး အပိုင်း(၁)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပင်ကိုယ်ရေး အက်ဆေး အပိုင်း(၁)

ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီး၏ လွှတ်တော်သုံးရပ်အတွက် ဝင်ရောက်ရွေးချယ်ခံကြမည့်…..
လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၉၇) ဦး၏ ခံယူထားရမည့်ခံယူချက်များနှင့်…..
ပြည်သူလူထုနဲ့အတူ ပါတီမှ ထားကြရမည့်… ဆောင်ရွက်သင့်သော တာဝန်နှင့်ဝတ္တရားများ…..

ယခင်ကုန်သွယ်လယ်ယာ ယခု စီးပွားကူးသန်းပိုင်မြေဧက (၂၅) ဧကအား ကျွန်တော်၏ ရန်ကုန်တက္ကသိုလ်တွင်ပထမနှစ်မှ စတင်၍သူငယ်ချင်းဖြစ်ခဲ့သည့် သူငယ်ချင်းမှ ကျွန်တော်၏ တောင်းဆိုမူအပြင် သူငယ်ချင်း၏ လိုလိုလားလားစေတနာအပြည့် ဖြင့် ကလိဆေးရုံနေရာအား သိန်းပေါင်းသုံးထောင်….. တိတိ ဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနထံမှ ဝယ်ယူလှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

ယခုကာလမှာ ကိုဗစ် အတွက်လည်းအသုံး
ပြုနေတာကိုတွေ့နေကြရမှာပါ။
သူနာပြုသင်တန်းကျောင်းအတွက် (၅) ဧကကိုလည်း ထိုကလိဆေးရုံမြေဧက (၂၅) ဧကအတွင်းမှာ သတ်မှတ်ထားပါတယ်။

ပဲခူးဒေသမှ ပြည်သူများအား အသိပေးတင်ပြရခြင်းဖြစ်ပါတယ်။

ကလိတွင် ဆေးရုံမြေနေရာ (၂၅) ဧကကို စီးပွားကူးသန်းဝန်ကြီးဌာနမှ…
ပြည်ထောင်စုဝန်ကြီးနှင့်ညှိနိူင်းဝယ်ယူရာတွင် မိမိနှင့်အတူဝယ်ယူလှူဒါန်းသူမှ…
မြေတစ်ပေတောင်မယူခဲ့တဲ့အပြင် ထိုစဉ်က ကလိဆေးရုံ မြေ၏ နောက်ရှမ်းရွာကြီးအနီးတစ်ဝိုက်မှာ တစ်ဧကလျှင် စျေးအလွန်ကြီးခြင်းမရှိလှပါ ၊
သို့ပေမယ်လို့မိမိတို့သည် တစ်လက်မတောင်မှဝယ်ယူ စုဆောင်းထားခြင်းမရှိပါ၊

ယခုတွင် ဆေးရုံမြေနေရာ နှင့်ရှမ်းရွာကြီးအ ကြား၌ လယ်သမားများထံမှ စျေးအမျိုးမျိုး ဖြင့်ဝယ်ယူပြီး စက်မူဇုံမြေကိုလျှောက်ကာ
တစ်ဧက သိန်း(၅၀၀၀) နဲ့ရောင်းစားဘို့ကြံနေသူများကို ဒေသခံပြည်သူများမှ သိထားကောင်းသိထားကြပါလိမ့်မယ်၊

ထိုစက်မူဇုံလျှောက်သူများမှာ
ကိုယ်တိုင်မှ ရင်းနှီးမြုပ်နှံမူမလုပ်ကြပါဘဲ စက်မူဇုံအဖြစ်လျှောက်ယူပြီး ရောင်းစားဘို့ လုပ်နေ ကြတာဖြစ်ပါတယ်။

မိမိ၏ ယူဆမူသည် ၂၀၂၀ နောက်ပိုင်း ပြည်တွင်း ပြည်ပမှ ငွေပင်ငွေရင်းဖြင့်လာရောက်ရင်းနှီးမြုပ်သူများလာရောက်ပါက မိမိတို့၏ လယ်သမားများနှင့် ညှိနိူင်းစေပြီး လယ်သမားများသည်လည်း မြေစျေး ကို ထိထိရောက်ရောက် ရရှိစေကာ ကိုယ်တိုင် ရင်းနှီးမြုပ်နှံကြသူများသည်လည်း လူလည်ကျပြီး စက်မူဇုံလျှောက်ထားရရှိထားသူများထံမှ မြေစျေးအား စျေးနူန်းအလွန်မြင့်မားစွာဖြင့် မဝယ်ယူရတော့ပါ၊

ထိုအခါမိမိတို့ဒေသတွင် ဖွံ့ဖြိုးတိုးတက်မူအသီးအပွင့်များအား မြေပိုင်ထားသည့်လယ်သမားများသည်လည်း ခံစားရရှိကာ…..
မြေစျေးကို အတော်အတန်ရရှိစေပြီး…..

ရင်းနှီးမြုပ်နှံကြမည့်သူများသည်လည်းရဲရဲတင်းတင်း လွယ်လွယ် ကူကူ တန်သင့်သောမြေစျေးများဖြင့် လာရောက်ရင်းနှီးမြုပ်နှံ နိုင်ကြမှာဖြစ်ပါတယ်။

သဘောက လယ်သမားများလက်ထဲမှာဘဲ လယ်ယာမြေများကိုဆက်လက်ပိုင်ဆိုင်
စေပြီး ဒေသတွင်းအစိုးရက ရင်းနှီးမြုပ်နှံသူနဲ့ လယ်သမားများကို တာရိုက်ချိတ်ဆက် ညှိနိူင်းပေးသည့်နည်းလမ်းဖြစ်ပါတယ်။
ထိုအခါမှာ ရင်းနှီးမြုပ်နှံ စက်ရုံ၊အလုပ်ရုံ ထူထောင်မည့်သူသည်လည်း မြေကို ဗျာများစွာ လိုက်လံရှာဖွေ ဝယ်ယူရခြင်းမရှိတော့ပါဘဲ…
ပြဌာန်းထားသည့် ဥပဒေ၊နည်းဥပဒေများဖြင့် လွယ်လင့် တကူ ရင်းနှီးမြုပ်နှံ နိုင်မှာဖြစ်ပါတယ်။

ယခုအခါမှာ တွေ့ မြင် ကြားသိနေကြရတာကလူလည်များက သူတို့ကိုယ်တိုင်စက်ရုံ အလုပ်ရုံ ကိုမလုပ်ပါဘဲ စက်မူဇုံလျှောက်ထားပိုင်ဆိုင်ထားပြီး တစ်ဧကကို သိန်း ငါးထောင် ထက်မနည်း ရောင်းစားဘို့ လုပ်နေကြတာကို တွေ့ရပါတယ်။

ရင်းနှီးမြုပ်နှံမူ ဥပဒေနဲ့ စက်မူဇုံ ဥပဒေကို
အလွဲသုံးစားပြု ခြင်းဖြစ်ပါတယ်။

မိမိတို့ ပြဌာန်းလိုက်သည့် ဥပဒေ ၊နည်းဥပဒေများ၏ အကျိုးခံစားခွင့်အား ပြည်သူ ပြည်သား၊ တောင်သူလယ်သမားများအတွက်လည်း လုံလုံလောက်လောက် ခံစားနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ရပါမယ်။

စက်မူဇုံဖော်ဆောင်းရေးများပြုလုပ်နေကြရာတွင် မိမိတို့ဒေသနဲ့ လယ်သမားများအလွန်နစ်နာ ဆုံးရူံးနစ်နာ နေကြရတာကိုတွေ့နေ ကြားနေ ကြရပါတယ်၊
ကြုံလာပါက ကျယ်ကျယ်ပြန့်ပြန့်
ရှင်းပြပါမယ်။

ထပ်မံရေးသားတင်ပြပါရစေ၊
လွှတ်တော်၏ အနောက်ဖက် ရထားလမ်း
အကြား လွှတ်တော်ဝန်ထမ်းအိမ်ရာအတွက် မြေဝယ်တဲ့အခါမှာ…..
တစ်ဧကကိုမည်သည့်စျေးနဲ့ဝယ်ပါသလဲ ?
လယ်သမားများလက်ထဲကိုကော အစိုးရကပေးချေတဲ့ငွေအပြည့်ရောက်ကြပါသလား ?
ထိုစီမံချက်နဲ့ ရောပြီး မည်သူတွေက မြေဧက တစ်ချို့ ကိုလက်ဝယ် ဝယ်ယူ သိမ်းထားပါသလဲ ?
လက်ရှိတာဝန်ရရှိထားသူများလည်းပါကောင်းပါနိုင်ပါတယ်၊
ပဲခူးသူ ပဲခူးသားများစုံစမ်းရင်သိနိုင်ကြပါလိမ့်မယ်။

မိမိသည် မိမိတို့၏ ပဲခူးဒေသအတွက် ပိုမိုကောင်းမွန်လာစေရန် အမြဲတန်းစဉ်းစားတွေးဆပြီး အလုပ်လုပ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာရှိသည့် မြို့နယ်ပေါင်း(၂၈) မြို့နဲ့အတူ…
ရပ်ကွက်ပေါင်း…
(၂၈၂) ရပ်ကွက်ကျော်၊
ကျေးရွာအုပ်စုပေါင်း တစ်ထောင့်သုံးရာကျော်(၁၃၇၉)အုပ်စု၊
ရွာပေါင်း ခြောက်ထောင်နှစ်ရာကျော်(၆၂၇၅)ရွာ နှင့်…
လူဦးရေ လေးဆယ့်ကိုးသိန်းလေးသောင်းအတွက် အမြဲတန်းစဉ်းစားပါတယ်။

လက်ရှိ မဲပေးနိုင်သူ (၃၇၇၅၂၁၃) ဦးရေရှိပြီး၊

လူငယ်အသက် (၁၈) နှစ်မှ (၂၂) နှစ်အကြားမဲပေးနိုင်သူ (၄၄၈၀၇၃) ရှိပါတယ်၊
လူငယ်ဦးရေ…..
ပဲခူးခရိုင်(၁၈၀၃၀၁)၊
တောင်ငူခရိုင် (၁၀၆၂၀၀)၊
ပြည်ခရိုင် (၆၅၀၄၅) ၊
သာယာဝတီခရိုင် (၉၄၄၈၂) ၊
ဦးရှိပါတယ်။

တိုင်းဒေသအစိုးရအဖွဲ့ဝင် ဖြစ်ခြင်သူများနဲ့ လွှတ်တော် သုံးရပ် ကိုယ်စားလှယ်ဖြစ်ခြင်သူများသည် ပထမဦးစွာ မိမိဒေသ အခြေအနေကို သိအောင်လုပ်ပြီး ဒေသအကျိုးမှတစ်ဆင့် တိုင်းပြည်အကျိုးကို စဉ်းစားကြရပါမယ်။
တတ်နိုင်သမျှ ကျယ်ကျယ်ပြန့် ပြန့် စဉ်းစား ကြရပါမယ်။

ရွေးကောက်ပွဲဝင်ခြင်သူများသည် မိမိဒေသနှင့် မိမိတိုင်းပြည်အတွက် စိတ်ဝင်စားမူမြင့်မားရသလို…..
ပါတီကိုဝန်းရံသူများနှင့် မြို့နယ်အလုပ်အမှူဆောင်များကလည်း ယဉ်ကျေး ပျူ ငှာမူများထားရှိ ကြရပါမယ်။

ကိုယ်လက်လှမ်းမမှီတဲ့အရာကို မလုပ်ဆောင် ကြပါဘဲ လက်လှမ်းမှီသူကို အားဖြည့် ပူးပေါင်းပေးခြင်းသည် …..
ဒေသအတွက်၊တိုင်းပြည်အတွက် အားကောင်းစေမည့် လူရည်မွန်များဖြစ်စေကြရပါမယ်။

အလေးထားစွဖြင့် ကိုသိန်းဌေး ၈၈ ပဲခူး။
(15.6.2020)။


Spread the love
  •  
  •  
  •  
  •  
  •  
  •