ပဲခူးတက္ကသိုလ်၌ ဖွင့်လှစ်ထားသည့် CB Center တွင် Covid-19 Positive လူနာများကို စတင် လက်ခံကုသပေးပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပဲခူးတက္ကသိုလ်၌ ဖွင့်လှစ်ထားသည့် CB Center တွင် Covid-19 Positive လူနာများကို စတင် လက်ခံကုသပေးပြီ

ပဲခူး ၊ အောက်တိုဘာ ၁၁

ပဲခူးတက္ကသိုလ်၌ ဖွင့်လှစ်ထားသည့် CB center တွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ စ၍ COVID -19 Positive လူနာများ စတင် လက်ခံကုသပေးနေပြီဖြစ်ကြောင်း CBCenterတာဝန်ရှိသူထံမှ သိရသည်။

” ကုသရေးစင်တာဟာ လူတွေနေထိုင်ရာ
နေရာနဲ့ ကင်းကွာရမယ်၊ လွတ်လွတ်လပ်လပ်
နေထိုင်နိုင်ရမယ်ဆိုတဲ့ အနေအထားတစ်ခုက်ို
ရွေးချယ်တဲ့နေရာမှာ ကျွန်တော်တို့ CB Ban
k ဥက္ကကြီး က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
နဲ့တိုင်ပင်ပြီးတော့ ဒီနေရာကိုရွေးချယ်ခဲ့တာပါ၊ ပဲခူးတက္ကသိုလ်နယ်မြေဟာ အခုအချိန်
မှာ ကျောင်းတွေပိတ်ထားတာဆိုတော့ သစ်ပ
င်အရိပ်တွေနဲ့အေးချမ်းတဲ့နေရာလေးလည်း
ဖြစ်တယ် ၊ ရန်ကုန်ကကုသရေးစင်တာတွေအ
တိုင်းပဲ ဒီနေရာလေးမှာလုပ်ထားပေးတာပါ၊ အခုအချိန်မှာ ပြင်ဆင်မှုအားလုံးပြီးပြီဖြစ်တဲ့အတွက် ဒီနေ့မှာပဲ Positive တွေ စတင်လက်ခံကုသပေးတော့မှာဖြစ်ပါတယ် ” ဟုCB Cen
ter ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး
ဦးကျော်သူအောင်မြင့်ကပြောသည်။

ထိုသို့ကုသရာတွင် ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဆရာဝန်ကြီးနေဝန်းမင်း ကဦးဆောင်၍ဆရာဝန် သူနာပြု ၁၀ ဦးက တာဝန်ယူကာ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ခွဲဝေပေးအပ်လာသည့် လူနာများကို တာဝန်ယူစောင့်ရှောက် ကုသပေးသွားမည် ဖြစ်ပြီး CB Bank အနေဖြင့် Covid-19 လူနာများ ဆေးကုသမှုခံယူမှုအတွက်သာမကစားသောက် နေထိုင်ရေးအဆင်ပြေစေရန် ကျွေးမွေးလှူဒါန်းမှုများ ၊ စိတ်ဓါတ်အင်အားမြှင့်တင်ခြင်းအစ်ီအစဉ်များ ကိုပါ ထည့်သွင်းတာဝန်ယူဆောင်
ရွက်ပေးသွားမည်ဖြစ်သည်။

Covid 19 Positive လူနာများကုသရန် CB Center အဖြစ် တက္ကသိုလ်ဆေးရုံတွင် ကုတင်(၇၀) ၊စာသင်ဆောင် (၂) ဆောင်လျှင် တစ်ဆောင် တွင် လူနာအယောက် (၄၀) ဆံ့၊ အဆောင်(၂) ခုပေါင်း လူနာ(၈၀) ခန့်ဆေးကုသမှုပေးနိုင်ပြင်ဆင်ဆောင်ရွက်ထားပြီး လိုအပ်လာပါက စုစုပေါင်း လူနာ(၃၅၀)ကို Facili
tyအပြည့်အဝဖြင့် ကုသပေးနိုင်ရန် CB Bank
က ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်
သည်။

ယင်းကုသရေးစင်တာတွင် ခေတ်မှီ ရောဂါ စမ်းသပ်စစ်ဆေးစက်များနှင့် ဆေးဝါးများကို အပြည့်အဝ စီစဉ်ထားရှိပေးထားပြီးကနဦ
း အနေဖြင့် လူနာ (၁၅၀) ခန့်ဆေးကုသမှုပေးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ ကုတင် တစ်ခုနှင့် တစ်ခု ၆ ပေ ခြားထားပြီး လူနာအတွက် လိုအပ်သည့် ထိုင်ခုံ ထမင်းစားစားပွဲနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများ ၊ Free internet wi fi စီစဉ်ပေးထားခြင်းဂျူတီကျ ဆရာ/ဆ
ရာမ များမှ တိုက်ရိုက် ဆက်သွယ်ညွှန်ကြား ကုသမှု ပေးနိုင်ရန် intercom cctv စသည်များစသည့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ပြီးပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေးသွားမည့်အပြင် အနုပညာရှင်များက
ဖုန်းဖြင့်ဆက်သွယ်၍ အားပေးနှစ်သိမ့်စကား
ပြောကြားပေးမည့်အစီအစဉ်များလည်းပါဝင်
မည်ဖြစ်ကြောင်းသိရသည်။

CB Center တွင် ပါဝင်ကုသပေးလိုသူ
ဆရာဝန် များ နှင့် လုပ်အားဒါနပြုလိုသူ Vo
lunteer များကို ဖိတ်ခေါ်ထားပြီး ၊ ဆရာဝန်
ဆရာမများ နားနေရန် ပဲခူးမြို့ရှိ ဟိုတယ် ကို
ဒုန်းပြတ်စနစ်ဖြင့် ငှါးရမ်းလိုပါက CB Cente
r သို့ လာရောက် ဆက်သွယ်ပေးစေလိုကြောင်း အသိပေးကြေညာထားသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •