ပဲခူးမြို.က အာဇာနည်နေ.အခမ်းအနား (Video)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပဲခူးမြို.က အာဇာနည်နေ.အခမ်းအနား
ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ်‌ ဒေါ်သန်းသန်းဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ဆရာတော်ကြီး(၉)ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ မေတ္တာပို့သကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေကြသည်။
ထို့နောက် နံနက်(၈)နာရီအချိန်တွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်၌ (၇၃)နှစ်ပြည့် အာဇာနည်နေ့ လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများက အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွမ်းသူပန်းခွေများချကြကာ ဦးညွှတ်အလေးပြုကြ‌ကြောင်း သတင်းရရှိသည်။
https://www.youtube.com/watch?v=VZiCm49P-xA
Vide0 – Than Win Maung

Spread the love
  •  
  •  
  •  
  •  
  •  
  •