ပဲခူး-ကျိုက်ထို အမြန်လမ်းစီမံကိန်းမှာ ကုန်ကျစရိတ် ပိုများရတဲ့အကြောင်းရင်း  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပဲခူး-ကျိုက်ထို အမြန်လမ်းစီမံကိန်းမှာ ကုန်ကျစရိတ်

ပိုများရတဲ့အကြောင်းရင်း

NLD အစိုးရရဲ့ တိုင်းပြည်အတွက် ရေရှည်စီမံကိန်း။

ဤ လမ်းပြီးစီးပါ ကယိုးဒယား မြန်မာ ကုန်သွယ်ရေး ပို မို မြန်ဆန် ချောမွေ့လာနိုင် သလို၊ ယိုး ဒယား နိုင် ငံ သား ဗုဒ္ဓ ဘာ သာ ဝင် များ ရွေတိဂုံ ဘု ရား နှင့် ကျိုက် ထီး ရိုး ဘုရား များ သို့ လာ ရောက်ဖူး မျှော်လို သူများ အတွက် အဆင် ပြေပြီး ပိုမို ဝင် ရောက် လာ နိုင် ပါတယ်။

ဆောက်လုပ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော် လင်း ရဲ့ လွှတ်တော်တွင်းပြန်လည်ရှင်းလင်း တင်ပြမှူကို မှီငြမ်း၍ အတိုချုပ်တင်ပြ ပါ ရစေ။

 

ADB ချေးငွေ USD 483.8 သန်း လျှာ ထား သတ်မှတ် တဲ့ ပဲခူး-ကျိုက် ထို အမြန် လမ်း က

လမ်း တ လျှောက် တံတားကြီး/သေး မျိုး စုံ 351 စင်း နဲ့ လမ်းပြောင်း လမ်းလွဲ လေးခု ပါ ဝင် ပါ တယ်။
လမ်းတာ‌ ဘောင် အမြင့် ပျမ်းမျှအကြမ်း 15 ပေ ရှိ ပြီး အချို့ နေရာများမှာ 36 ပေအထိ မြင့် နိုင် ပါ တယ်။
လုပ် ငန်းအတွက် ဖြစ် နိုင်ချေ ဆန်းစစ် မှူ နဲ့ အကြမ်း ကုန် ကျ စရိတ် တွက် ချက် မှူ ကို တော့(2017~2019 ) ခုနှစ် အတွင်းဩစ‌‌ တေးလျ ကုမ္ပဏီ မှ့ဆောင်ရွက် ခဲ့ ပါ တယ်။

ADB,World Bank,JICA ချေးငွေတွေနဲ့ တည်ဆောက် တဲ့ လုပ်ငန်းတွေ မှာ ချေး ယူသူ တွေ ကတွက်ချက် တင် ပြလို့ မရပါ။
သူတို့ ရဲ့ ပေါ် လစီအရ
သူတို့ ရဲ့ ယုံကြည် မှူ ရှိတဲ့ နိုင်ငံတကာကုမ္ပဏီတွေကဘဲ လုပ် ခွင့် ရှိတာပါ။

(နိုင်ငံတကာစံနှူံး တွေ အတိုင်း‌ လေ့ လာ တွက် ချက် တင်ပြမဲ့ ပြည်တွင်း ကုမ္ပ ဏီ လည်း ရှား ပါ တယ်)- စကား ချပ်

 

အိန္ဒု-ကောကရိတ်လမ်း၊မအူပင်-ဖျာပုံလမ်း
တွေ ကတော့ ကုန်ကျ စရိတ် နည်း ပါ တယ်။

အကြောင်းက
နှစ်လမ်းသွား 32 ပေအကျယ် ဖြစ် ပြီး မူလ လမ်းဟောင်း ရှိပြီး သား အပေါ် အဆင့် မြှင့် တင် ခြင်း ဖြစ် ပါ တယ်။

ယခု လမ်း ကတော့ လေး လမ်း သွား 70 ပေ ကျယ် ပြီး ယခု မှ အသစ် စက်စက် လုပ် ရမဲ့ လမ်း ဖြစ် နေ တော့ Risk လည်း များ ပါ တယ်။
ဥပမာ နွံ အိုင် ထဲ တည့်တည်လမ်းအူ ကြောင်း ရောက် ရင် ပိုင် ရိုက် တာ မျိုး လည်း ရှိ နိုင် ပါ တယ်။

လမ်းကတော့နိုင်ငံ တကာ စံ ချိန် မှီ Fully Access Control လို့ ဆို ပါတယ်။

 

PPP စနစ် ကို ဘာကြောင့် မကျင့် သုံး သလည်း ဆို တော့ အကျိုးအမြတ် ရရှိမှူကို တွက် ချက် တင်ပြရာမှာ တော့
တိုက်ရိုက် ငွေသား တွေ ချည့်ဘဲ ရရှိ မှု ကို တွက် ချက် ခြင်းမဟုတ် ဘဲ အကျိုး ဆက် ဖြစ် ပေါ် လာမဲ့ ပါတ်ဝန်းကျင် အကျိုး အမြတ် တွေ ကို လည်း ထည့် သွင်း စဉ်းစားခြင်းကြောင့် နိုင်ငံ တော် မှ တိုက်ရိုက် ဆောင်ရွက်ခြင်းဖြစ်တယ် လို့ ဆို ပါ တယ်။

အိန္ဒု -ကောကရိတ် 42% သက်သာပြီး
မအူပင်-ဖျာပုံ လမ်း 38% သက် သာ သွား ခြင်းကတော့လုပ်ငန်းတင် ဒါ ခေါ် ယူ ချိန်တန်ဘိုး နည်းသွား ခြင်းနဲ့ Contigency တန်ဘိုး တွေ ထည့်သုံး ဘို့ မလို ခြင်း ကြောင့် ပါ။
ဒါကြောင့် ချေးငွေလည်း လျှော့သွားပါ တယ်။
လုပ်ငန်းတစ်ခု ချင်းအပေါ် ချေး ခြင်း ဖြစ် တာကြောင့် အပိုထုတ် ယူခွင့် မရှိပါ။

 

ADBရဲ့ လုပ်ငန်းသေချာစေရေး စနစ် ကြောင့် ကုန်ကျငွေခန့် မှန်း တွက်ချက် မှူထက် လျှော့ ပြ လို့ မရ ပါ။
ချေးငွေ လျှော့ ပြပြီးကာမှ မမျှော် မှန်းနိုင် သောအကြောင်း တစ်စုံတစ်ရာပေါ် ပေါက် လာ ပါ က ငွေ လိုအပ် ချက်မ ဖြစ် စေရန် ပါ။

ယခု လုပ်ငန်းတွင် လည်း ADB ရဲ့ ပေါ်လစီအရ နိုင်ငံ တကာအကြံ ပေးအဖွဲ့ ရဲ့ စီစဉ် ဆုံး ဖြတ်ချက်နဲ့ အတူ နိုင်ငံတကာအတွေ့ အကြုံ ရှိ တည်ဆောက်ရေး ကုမ္ပဏီများ ကို တင်ဒါ ခေါ်ယူ ရွေးချယ်မှာပါ။
ဈေးပေါ ရုံနဲ့ အလုပ်အပ်မှာ မဟုတ် ဘဲ သတ်မှတ်အရည်အချင်းတွေနဲ့လည်းပြည့်စုံ ရပါ လိမ့် မယ်။

 

ပြည်တွင်းကုမ္ပဏီ ကြီး များ အနေနဲ့ ကတော့ မိန်းကန်ထရိုက်ရဘို့ နည်းပညာ လိုအပ်ချက်ကြောင့် အလှမ်းဝေးနေ ဦးမှာ ပါ ဘဲ။
ကုန်ကျစရိတ်အနေနဲ့ကတော့ အမြင့်ဆုံးခန့်မှန်းချက် ဖြစ် တာကြောင့်အမှန်တစ်ကယ်ကုန်ကျစရိတ် နည်းနိုင်ပြီး။

မြန်မာပြည်သူများအတွက် ဂုဏ်ယူစရာလမ်းတစ်ခုဖြစ် ပေါ် လာနိုင်ကြောင်းပါ။

Credit.Kyaw Nyein Than
Via – Mon State Government


Spread the love
  •  
  •  
  •  
  •  
  •  
  •