ပျောက်ဆုံးနေတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တော်ဝန်ရဲ့ အလောင်းကို ပြ​န်တွေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

🇰🇷 ပျောက်ဆုံးနေတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တော်ဝန်ရဲ့ အလောင်းကိုတွေ့ပြီလို့ဆိုပါတယ်။

ဆိုလ်းမြို့တော်ဝန် Park Won-soon ကိုဆက်သွယ်လို့မရဘူးလို့ သူ့သမီးက ကြာသပတေးနေ့က ရဲကိုလူပျောက်တိုင်တန်းခဲ့ပါတယ်။

သူဟာ သေတမ်းစာလို စာကိုအိမ်မှာထားခဲ့ပြီး ထွက်သွားခဲ့တယ်လို့ သူ့သမီးက အဖေကို 4 – 5 နာရီလောက်အကြာမှာ ဆက်သွယ်လို့မရချိန်မှာ ရဲကိုအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ဖုန်း signal ကို ဆိုးလ်ရဲ့မြောက်ဖက်က Mt Bugak တောင်မှာ နောက်ဆုံးခြေရာခံလို့ရခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနားမှာပဲ သူ့ရဲ့အလောင်းကို မနေ့ကညသန်းခေါင်မှာ ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အခုထိတော့ သူဘာကြောင့်သေဆုံးရတယ်ဆိုတာ ရဲကမထုတ်ပြန်ပါဘူး။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သူ့ရဲ့အတွင်းရေးမှူးမက ဆိုးလ်မြို့တော်ရဲစခန်းမှာ သူ့ကို လိင်ပိုင်းဆိုင်ရာထိပါးမှုနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ သူ့အတွင်းရေးမှူးမလေးကို အကြိမ်ကြိမ်ထိပါးခဲ့ပြီး ဖုန်းမက်ဆင်ဂျာကနေ သူ့ပုံတွေပို့ခဲ့တယ်လို့ ဆိုပါတယ်။

ကြသပတေးနေ့မှာ ဆိုလ်းမြို့တော်ဝန် Park Won-soon ဟာ အလုပ်ကိုပေါ်မလာခဲ့ပဲ မြို့တော်ခန်းမမှာ သမ္မတရုံးကအရာရှိနဲ့တွေ့ဖို့ အစီအစဉ်လည်းပယ်ဖျက်ခဲ့တယ်လို့ဆိုပါတယ်။

သူဟာ လူ့အခွင့်အရေးရှေ့နေတစ်ယောက်အဖြစ် ကာလကြာရှည်စွာ လှုပ်ရှားခဲ့သူဖြစ်ပြီး ဆိုးလ်မြို့တော်ဝန်အဖြစ် သုံးကြိမ်ပြန်အရွေးခံခဲ့ရတဲ့ ပထမဆုံးမြို့တော်ဝန်ဖြစ်ပါတယ်။

သူ့ကို သမ္မတ Moon Jae-in ရဲ့ Liberal Democratic Party က 2022 ခုနှစ်မှာ သမ္မတလောင်းဖြစ်နိုင်သူတစ်ယောက်လို့ မှန်းထားတာဖြစ်ပါတယ်။

Richard Myo Thant
10-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •