“ပြင်သစ်စစ်ဘက် နဲ့ရုရှနိုင်ငံက အကောင့်အတု တွေကို Facebookမှဖယ်ရှား”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်စစ်ဘက် နဲ့ရုရှနိုင်ငံက အကောင့်အတု
တွေကိုFacebookမှဖယ်ရှားခဲ့”

December 16, 2020

ရုရှနိုင်ငံမှာ အခြေစိုက်တဲ့ကွန်ယက်နှစ်ခု နဲ့
ပြင်သစ်စစ်ဘက် နဲ့ပတ်သက်တဲ့ကွန်ယက်တခု
ကို အာဖရိကမှာ ဝင်ရောက်စွက်ဖက်မှုတွေ
လှုပ်ရှားဆောင်ရွက်နေတယ်ဆိုတဲ့စွတ်စွဲချက်
တွေနဲ့ Facebook ကဖယ်ရှားပစ်ခဲ့တယ်လို့
အင်္ဂါနေ့မှာပြောဆိုလိုက်ပါတယ်။
ရုရှသုတေသနအေဂျင်စီတွေနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့လူတွေ တာဝန်ခွဲဝေယူပြီးဆောင်ရွက်နေတဲအကောင့်ပေါင်းများစွာနဲ့လည်ပတ်နေတဲ့ ကွန်ယက်နှစ်ခု
နဲ့ ပြင်သစ်စစ်ဘက်ဌာနနဲ့ ဆက်စပ်လုပ်ကိုင်
နေတဲ့ လူတယောက်ချင်စီးရဲ့လင့်ခ်(Links)တွေ
ပါဝင်နေတဲ့ တတိယမြောက်ကွန်ယက်တခုတို့
ရှိနေတယ်လို့ လူမှုကွန်ယက်သတင်းစင်္ကြံ
(Social Media Platform)က ပြောပါတယ်။
အဲ့ဒီကွန်ယက်သုံးခုလုံးဟာ နိုင်ငံခြား
(ဒါမှမဟုတ်) အစိုးရ ရဲ့ပြည်တွင်းရေးတွေကို
ဝင်ရောက်စွက်ဖက်နှောက်ယှက်နေတဲ့အတွက်
ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်က ဖယ်ရှားပစ်ခဲ့တယ်လို့ Facebookကပြောခဲ့
ပါတယ်။အဲ့ဒီကွန်ယက်တွေဟာ
မြောက်အာဖရိကမှာရှိတဲ့ တိုင်းပြည်တွေနဲ့
အရှေ့အလယ်ပိုင်းမှာရှိတဲ့ တိုင်းပြည်တချို့ကိုအဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်လို့ ထပ်မံပြောဆိုပါတယ်။
ပြင်သစ်စစ်ဘက်ဆိုင်ရာက ဒီစွ်စွဲချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ဝေဖန်ချက်
ချက်ချင်းမပေးခဲ့ပါဘူး။
Facebookရဲ့လုံခြုံရေးဆိုင်ရာမူဝါဒ
အကြီးအကဲ နာသန်နီယယ် ဂလေချာ နဲ့
တကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု တားဆီးဖြိုခွဲရေးဌာနအကြီးအကဲ ဒေးဗစ်
အက်ဂရါနိုဗစ်(ခ်ျ) တို့က ဒီလှုပ်ရှားတိုက်ခိုက်မှုတွေဟာ အွန်လိုင်းပေါ်မှာ
တယောက်ကိုတယောက် ယှဉ်ပြိုင်တိုက်ခိုက်နေကြပါတယ် လို့ ဘလော့ခ်(blog)တခုမှာပြောခဲ့ပါတယ်။

“ဒီဟာက ပြင်သစ် နဲ့ ရုရှက လှုပ်ရှားဆောင်ရွက်မှု နှစ်ခုကို ကျွန်တော်တို့
ပဌမဆုံးအကြိမ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မိတ်ဆွေဖွဲ့ခြင်း ၊Commentတွေရေးသားခြင်း နဲ့ ဆန့်ကျင်ဘက်ကို သတင်းအတုတွေတင်တယ်လို့ဝေဖန်ပြောဆိုခြင်းတွေအပါအဝင်တဘက်နဲ့တဘက် တက်တက်ကြွကြွစစ်ဆင်တိုက်ခိုက်နေကြ
ပါတယ်။”လို့ သူတို့ကပြောဆိုခဲ့ပါတယ်။
ဒီကွန်ယက်တွေဟာ အကောင့်အတုတွေ
ကိုအသုံးပြုပြီး သူတို့ဟာဘယ်သူတွေ ဖြစ်တယ်၊သူတို့ဘာတွေလုပ်ဆောင်နေတယ် ဆိုတာ လူတွေကို လှည့်စားပြောဆိုတာတွေကိုအဓိကစစ်ဆင်ရေးတရပ်အနေနဲ့လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။ဒါဟာ ကျွန်တော်တို့အရေးယူ ဆောင်ရွက်ရခြင်းရဲ့အဓိက အကြောင်းရင်းပါပဲ။”လို့Facebookကပြောပါတယ်။

ပြင်သစ်ကွန်ယက်ကဗဟိုအာဖရိကသမ္မတ
နိုင်ငံ နဲ့ မာလီနိုင်ငံကို အဓိကပစ်မှတ်ထား
တိုက်ခိုက်ပြီး၊ နိုင်ဂျာ၊ဘာကီနာဖာဆို၊ အယ်လ်ဂျီးရီးယား၊ကုတ် ဒီအစ် ဗွိုင်း နဲ့
ချက်ဒ် နိုင်ငံတွေကိုအထိုက်အလျှောက်
တိုက်ခိုက်ပါတယ်။
အဲ့ဒီကွန်ယက်မှာ Facebook Accounts
၈၄ခု၊စာမျက်နှာ(Pages)၆ခု၊အုပ်စု(Groups)
၉ခု နဲ့ အင်စတာဂရမ် အကောင့်၁၄ခုတို့ပါဝင်ပြီး ၊”အစစ်အမှန်မဟုတ်
ပြုမူပြောဆိုမှုတွေကိုပူးပေါင်းဆောင်ရွက်ခြင်း” ကိုဆန့်ကျင်တဲ့Facebookရဲ့မူဝါဒတွေကို ချိုးဖောက်ခဲ့ပါတယ်။
ပြင်သစ် နဲ့ အာရဗီ ဘာသာစကားတွေနဲ့
ရေးသားထားတဲ့အချို့ Postsတွေမှာ ပြင်သစ်
ဘာသာစကားကိုအဓိကထားပြီးပြောဆိုသုံးစွဲ
တဲ့အာဖရိကနိုင်ငံတွေအပေါ်ထားရှိတဲ့ပြင်သစ်နိုင်ငံရဲ့မူဝါဒတွေအကြောင်း၊CAR(ဗဟိုအာဖရိကသမ္မတနိုင်ငံ)ရွေးကောက်ပွဲ
တွေမှာရုရှနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုတွေနဲ့
ပတ်သက်ပြီး ပြောဆိုတင်ပြချက်တွေ၊ပြင်သစ်စစ်ဘက်ဆိုင်ရာနဲ့ပတ်သက်ပြီး
ထောက်ခံရေးသားတဲ့တင်ပြချက်တွေ နဲ့
ရုရှနိုင်ငံအပေါ်ဝေဖန်ချက်တွေကို ရေးသားဖော်ပြလေ့ရှိပါတယ်။
“ရုရှ နယ်ချဲ့ဝါဒီတွေဟာ မာလီနိုင်ငံမှာ
အသားတွေပုပ်ပွ ပဲ့ကြွေနေတဲ့ အိုင်းအနာကြီးတခုပါပဲ။” လို့ Facebookမှာရေးသားမျှဝေထားတဲ့ပို့စ်တခုကို
နမူနာအဖြစ်ဖတ်ရှုကြည့်နိုင်ပါတယ်။
ရုရှ ကွန်ယက်နှစ်ခုကို တားဆီးပိတ်ပင်ရာမှာ Facebook accounts
၂၇၄ခု ၊ Instagram accounts ၁၈ခု၊အုပ်စုတွေနဲ့စာမျက်နှာတွေပေါင်းစည်းထားတဲ့အစီအစဉ်အခင်အကျင်း တခုတို့ကို လူမှုကွန်ယက်ကနေ ဖယ်ရှားပစ်ခဲ့ပါတယ်။
“ကျွန်တော်တို့တွေ့ရှိခဲ့တဲ့ သတင်းအချက်အလက််တွေကို စည်းကမ်းဥပဒေထိန်းသိမ်းရေးအဖွဲ့ နဲ့ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်တွေကို မျှဝေပေးခဲ့ပါတယ်။”လို့ ဂလေချာ နဲ့အက်ဂရါနိုဗစ်(ခ်ျ)တို့ကပြောပါတယ်။

“ကျွန်တော်တို့ဟာ ဒီလိုအလွဲသုံးစားလုပ်တဲ့မသမာမှုတွေကို အမြစ်ကမကျန်သုတ်သင်ရှင်းလင်းဖို့တိုးတက်လုပ်ဆောင်နေပါတယ်။ဒါပေမဲ့ ကျွန်တော်တို့အရင်ကပြောခဲ့တဲ့အတိုင်း အခုအရေးမှုဟာ
လတ်တလောဆောင်ရွက်ခဲ့တဲ့ ကြိုးပမ်းချက်တရပ်ဖြစ်ပြီး ၊ရှေ့ဆက်ပြီးပိုမို
တိုးတက်ကောင်းမွန်လာအောင်ဆက်လက်
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ သူတို့နှစ်ယောက်ကပြောပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •