“ပြင်သစ်နိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းမှာ ကူးစက်သူ၁သန်းကျော်သွားပြီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်နိုင်ငံတွင် ကပ်ရောဂါဒုတိယလှိုင်းမှာ
ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်သူ၁သန်းကျော်သွား
ခဲ့ပြီ”

October 24,2020

ကပ်ရောဂါစတင်ဖြစ်ပွါးခဲ့ကတည်းနေအခုအချိန်အထိဆိုရင် ပြင်သစ်နိုင်ငံမှာရောဂါကူးစက်သူအရေ
အတွက်ဟာ ၁သန်းကျော်သွားပြီလို့ ပြင်သစ်
ကျန်းမာရေးအာဏာပိုင်များက
ပြောကြားလိုက်ပြီး၊ရောဂါကူးစက်သူအရေ
အတွက်ဟာ စပိန်နိုင်ငံပြီးရင် အနောက်ဥရောပက ဒုတိယ အရေအတွက်အများဆုံးနိုင်ငံဖြစ်လာတယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့၂၄နာရီအတွင်းအသစ်ထပ်မံကူးစက်ခဲ့တဲ့ ၄၂၀၃၂ယောက်အပါအဝင် ဒီနှစ်ရောဂါကူးစက်သူအရေအတွက်စုစုပေါင်း၁၀၄၁၀၇၅ယောက်အနည်းဆုံး စမ်းသပ်အတည်ပြုနိုင်ခဲ့တယ်လို့ ပြင်သစ် အမျိုးသား ကျန်းမာရေးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကမ္ဘာပေါ်မှာရောဂါကူးစက်နေသူ အရေအတွက်ဟာ ကမ္ဘာနိုင်ငံအသီးသီးကအစိုးရတွေက ထုတ်ပြန်
ဖော်ပြတဲ့အရေအတွက်ထက် အများကြီးပိုများနိုင်တယ်လို့ ကျွမ်းကျင်သူပါရဂူတွေကပြောဆိုကြပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ အစောပိုင်းကာလတွေမှာ စမ်းသပ်စစ်ဆေးမှုတွေမရှိခဲ့တာရယ်၊ရောဂါ
လက္ခဏါမပြပဲ ဗိုင်းရပ်(စ်)ပိုးသယ်ဆောင်ထား
သူတွေနဲ့ အခြားသောအကြောင်းအချက်တွေကြောင့်
ဖြစ်ပါတယ်လို့ဆိုပါတယ်။ဥရောပမှာ ဗိုင်းရပ်(စ်)ကူးစက်မှုနှုန်း ပြန်လည်ခုန်တက်လာတာကြောင့် ပြင်သစ်နိုင်ငံမှာလည်း အခြားဥရောပနိုင်ငံတွေလိုပဲ နေ့စဉ်
ရောဂါကူးစက်သူအရေအတွက်ဟာသိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။

ကိုဗစ်-19 လူနာတွေဟာ အထူးကြပ်မတ်
ကုသဆောင်တွေရဲ့လူနာကုတင်တွေပေါ်မှာ၄၂ရာခိုင်နှုန်းနေရာယူထားကြပြီး၊ပဲရစ်လို အရပ်ဒေသမျိုးမှာတော့ ၆၄ရာခိုင်နှုန်းအထိရှိပါတယ်။
လွန်ခဲ့တဲ့အပတ်က ကိုဗစ်-19ကူးစက်သူလူနာအသစ်၁၁၀၀၀ကျော်ဆေးရုံတင်ခဲ့ရပြီး၊၁၁၇၄ယောက်ကို
အထူးကြပ်မတ်ကုသမှုလုပ်နေရပါတယ်လို့အမျိုးသားကျန်းမာရေးဌာနကပြောပါတယ်။

‘ပြင်သစ်က ည မထွက်ရကာဖျူးအမိန့်တိုးချဲ့’
ပဲရစ်မြောက်ဘက် ဆင်ခြေဖုံး အရပ်ဒေသ
ပွန်တွိုက်စ် မှာရှိတဲ့ဆေးရုံတရုံကိုရောက်လာ
ပြီးနောက် သောကြာနေ့အစောပိုင်းကပြောဆိုမှုမှာ
ပြင်သစ်သမ္မတ အီမန်နယူရယ် မက်ခရွန်က
“ရောဂါဟာ အရှိန်အဟုန်နဲ့ကူးစက်ပြန့်ပွါးနေ
တယ်”လို့ပြောခဲ့ပါတယ်။လွန်ခဲ့တဲ့အပတ်က
ပြင်သစ်ရဲ့ဆင်ခြေဖုံးအရပ်ဒေသ၈ခုမှာ ညမထွက်ရအမိန့်ကိုတိုးချဲ့သတ်မှတ်ပြဌန်း
လိုက်ပါတယ်။

ပိုလီနေရှားနဲ့နောက်ထပ်နယ်ပယ်ဒေသ၃၈ခုမှာ
ပါဒီအမိန့်နဲ့အကျုံးဝင်သက်ဆိုင်လာတော့မှာ
ဖြစ်ပါတယ်။”ည၉နာရီကနေ မနက်၆နာရီအထိ
ညမထွက်ရအမိန့်နဲ့ အများပြည်သူကျန်းမာရေးနဲ့သက်ဆိုင်တဲ့အခြားအမိန့်တွေဟာ အနည်းဆုံး၆ပတ်ကြာ
ဆက်လက်တည်ရှိနေမယ် “လို့ မက်ခရွန်က
ပြောပါတယ်။
ထပ်မံတိုးချဲ့လိုက်တဲ့အမိန့်ဟာ ပြင်သစ်ပြည်သူ ၆၇သန်းအနက်၄၆ သန်းဟာအပြင်မထွက်ရပဲ ညမထွက်ရအမိန့်ကို လိုက်နာနေထိုင်ကြရမှာဖြစ်ပါတယ်။

ပြင်သစ် ဟာဗိုင်းရပ်(စ်)ကြောင့်လူပေါင်း ၃၄၀၀၀ကျော်သေဆုံးခဲ့ပြီး၊ ဥရောပတိုက်ကသေဆုံးမှုအများဆုံးတိုင်းပြည်တွေထဲကတခုအဖြစ်ပါဝင်နေပါတယ်။

Ref:France-24(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •