“ပြင်သစ်ပြည်တွင် မရှိမဖြစ်မဟုတ်တဲ့ကုန်ပစ္စည်းများကို ကုန်တိုက်ကြီးများတွင်ရောင်းချခွင့်ပိတ်ပင်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်ပြည်တွင် မရှိမဖြစ်မဟုတ်တဲ့ကုန်ပစ္စည်းများကို ကုန်တိုက်ကြီးများတွင်ရောင်းချခွင့်ပိတ်ပင်”

November 2, 2020
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကိုနှိမ်နင်းဖို့
အရင်က ထုတ်ပြန်ထားတဲ့တားမြစ်မှု များအပြင် ကုန်တိုက်ကြီးများမှာ မရှိမဖြစ်မဟုတ်တဲ့ကုန်ပစ္စည်းများကိုရောင်းချမှုတွေကို တားမြစ်ပိတ်ပင်တော့မယ်လို့
ရုပ်မြင်သံကြားက TF1လိုင်းကနေ တနင်္ဂနွေနေ့မှာထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ ဝန်ကြီးချုပ်
ဂျင်း ကတ်စ်တက် ကကြေညာသွားပါတယ်။
အရင်ကဒေသတွင်းဆိုင်ငယ်လေးတွေမှာပဲ
မရောင်းချဖို့ပိတ်ပင်ထားတဲ့ မရှိမဖြစ် မဟုတ်တဲ့ ကုန်ပစ္စည်းတွေကို အခုအခါမှာ
ကုန်တိုက်ကြီးများမှာလည်းပဲ မရောင်းချတော့ဖို့ အင်္ဂါနေ့ကစပြီး တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ပါတယ် လို့
ဝန်ကြီးချုပ်ကပြောပါတယ်။ TF1 နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ဒီလိုဆုံးဖြတ်ရတာ
စိတ် ထိခိုက်ကြေကွဲရပါတယ်။ဒီစီးပွါးရေးလုပ်ငန်းတွေ ရပ်တန့်ပိတ်သိမ်းမသွားရအောင် အထောက်အပံ့ပေးသွားမယ်လို့ဝန်ကြီးချုပ်ကပြောဆိုခဲ့ပါတယ်။
“ဒီဈေးရောင်းသူတွေ နဲ့ အခြားသူတွေ၊ကျွန်တော်တို့နိုင်ငံသားအားလုံးကို ကျွန်တော်
ပြောပါမယ်။ကျန်းမာရေးနဲ့လုံခြုံစိတ်ချရမဲ့ စည်းမျဉ်းတွေကို အားလုံးအလေးထားကြတာ ပိုကောင်းပါတယ်။ကျွန်တော်တို့ လော့ခ်ဒေါင်း
ချထားခံရတာကနေ မကြာခင် လွတ်မြောက်နိုင်တော့မှာပါ”လို့ဝန်ကြီးချုပ်က
ပြောဆိုခဲ့ပါတယ်။
ပြင်သစ်ပြည်မှာဒုတိယအကြိမ်မြောက်
လော့ခ်ဒေါင်းချထားမှုကို သောကြာနေ့ကစတင်ခဲ့ပါတယ်။အစားအသောက်အတွက်ဈေးဝယ်ထွက်တာ၊
ကျန်းမာရေးကိစ္စအတွက်ဆေးကုသဖို့သွားတာ၊အိမ်မှာလုပ်ကိုင်ဆောင်ရွက်လုပ်မရတဲ့အလုပ်
တွေအတွက်လုပ်ငန်းခွင်ကိုသွားတာကလွဲလို့
အိမ်ပြင်ထွက်ခွင့်မပေးတော့ပါဘူး။
ပြင်သစ်ပြည်မှာ ကိုဗစ်ကြောင့်နေ့စဉ်သေဆုံးမှုတွေဟာ ဧပြီလ
ကတည်းက စတင်ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်။တနင်္ဂနွေနေ့မှာ ၄၆၂၉၀
ယောက် ရောဂါ ထပ်မံကူးစက်ခဲ့ပြီး၊စုစုပေါင်း
ရောဂါကူးစက်ခံရသူအရေအတွက်ဟာ
၁.၄သန်းကျော်ရှိခဲ့ပြီဖြစ်ပါတယ်။
“ပြင်သစ်နိုင်ငံသားတွေ နောက်ထပ်ကန့်သတ်ချက်တွေတိုးမြှင့်လိုက်တာကြောင့်အဆင်မပြေ ကသိကအောက်ဖြစ်မှာကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ခုအချိန်မှာ ဦးစား
ပေးဆောင်ရွက်ရမှာက ကျွန်တော်တို့ နိုင်ငံသား
တွေရဲ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ပဲဖြစ်ပါတယ်”လို့ မစ္စတာကတ်စ်တက် ကပြောပါတယ်။
“ဒါဟာ စီးပွါးရေးစီးပွါးရေးဆက်လက်ရှင်သန်
စေဖို့အတွက်ဖြစ်ပါတယ်။ဒါဟာ ကျွန်တော်တို့လူအများစုရဲ့ကျန်းမာရေး
အတွက်ဖြစ်ပါတယ်”လို့ ဝန်ကြီးချုပ်က ကန့်သတ်ချက်တွေတိုးမြှင့်ပြီး၊လော့ခ်ဒေါင်းချထားရတာနဲ့ပတ်သတ်လို့
ပြောဆိုသွားခဲ့ပါတယ်။
Ref:(France-24 With AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •