“ပြင်သစ်ပြည်နိ(စ်)မြို့ဘုရားကျောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရသူများကိုပြင်သစ်ဝန်ကြီးချုပ်ချီးကျူးဂုဏ်ပြု”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်ပြည်နိ(စ်)မြို့ဘုရားကျောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရသူများကိုပြင်သစ်ဝန်ကြီးချုပ်ကချီးကျူးဂုဏ်ပြု”

November 8, 2020

ပြင်သစ်ပြည် နိ(စ်)မြို့ နော်တာဒိမ်းဘုရားကျောင်းမှာ ဒါးကိုင်ဆောင်ထားတဲ့အကြမ်းဖက်သမား
တယောက်ရဲ့တိုက်ခိုက်မှုကြောင့် လူ၃ယောက်
သေဆုံးသွားခဲ့ရပြီးနောက် ၉ရက်အကြာမှာ
သေဆုံးသူ၃ဦးကို ဝန်ကြီးချုပ်က ဂုဏ်ပြုချီးကျူးစကားပြောဆိုခဲ့ပါတယ်။

အစောပိုင်း ရက်သတ္တပတ်ကတင် ပြင်သစ်ကျောင်းဆရာတဦး လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး၊စာသင်ခန်းထဲမှာတမန်တော် မိုဟာမက်ရဲ့ကာတွန်းရုပ်ပြောင်ကယ်ရီကေးချားပုံတွေပြသခဲ့လို့လက်တုန့်ပြန် သတ်ဖြတ်တာကိုခံခဲ့ရပြီးနောက်မှာ အောက်တိုဘာ၂၉ လူသတ်မှုတွေဟာ နိုင်ငံကိုနေမထိ ထိုင်မသာဖြစ်စေခဲ့ပါတယ်။ပြင်သစ်
သမ္မတအီမန်နူယယ် မက်ခရွန်က ပက်တီကိုသတ်ဖြတ်တာဟာ ပြင်သစ်သမ္မတနိုင်ငံကိုတိုက်ခိုက်မှုအဖြစ်ယူဆသတ်မှတ်ခဲ့ပါတယ်။

ကတ်စတက် က တမိနစ်ငြိမ်သက်စွာနေပြီးစတင်ဂုဏ်ပြုခဲ့ပါတယ်။တောင်ဘက်ကနေရောင်ထဲမှာ ယူနီဖောင်းဝတ်စစ်သားတွေမတ်မတ်ရပ်နေကြပါတယ်။သူတို့နောက်ဘက်ကထင်းရူးပင်တွေကိုဖြတ်ကျော်ပြီး တလက်လက်တောက်ပနေတဲ့ မက်ဒီတာရေးနီးယန်းပင်လယ်ကိုတွေ့မြင်နေရပါတယ်။သူကသေဆုံးသူ၃ဦးဖြစ်တဲ့ နာဒိုင်း
ဒေဗီလာ အသက်(၆၀)နှစ်၊ဗင်းဆင့် လိုကွက်စ်
အသက်(၅၅)နှစ် နဲ့ ဆိုင်မွန် ဘာရက်တို ဆီလ်ဗာ
အသက်(၄၄)နှစ်တို့ရဲ့အကြောင်းတွေကိုပြောပြပါတယ်။ကွယ်လွန်သူတွေရဲ့ကြီမားတဲ့ဓာတ်ပုံကြီးတွေရှေ့မှာရှိနေတဲ့ အနီရောင်ကတ္တီပါကူရှင်တွေမှာ
အကြမ်းဘက်ဝါဒရဲ့သားကောင်ဖြစ်ရသူတွေကို အသိအမှတ်ပြုတဲ့ အမျိုးသားဆုတံဆိပ်ကို
ပင်အပ်နဲ့တွယ်ပြီးတပ်ဆင်ပေးပါတယ်။

” အကြမ်းဖက်ဝါဒဟာ ကျွန်တော်တို့ရဲ့ဖြစ်တည်မှု၊ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လက္ခဏါကိုပြဌန်းထားမှု၊ကျွန်တော်တို့ရဲ့ယဉ်ကျေးမှု၊ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့် နဲ့ နောက်ဆုံးမှာကျွတော်တို့ရဲ့အသက်တွေကိုပါ
တိုက်ခိုက်ခဲ့တယ်။”လို့ကတ်စတက် ကပြောပါတယ်။
“ကျွန်တော်တို့မှာရန်သူရှိတယ်။ဘယ်သူဘယ်ဝါဆိုတာကွဲကွဲပြားပြားရှိရုံသာမက သူ့မှာနာမ်မည်ပါရှိပါတယ်။အာ့တာကတော့ အစွန်းရောက်အစ္စလမ်မစ်အကြမ်းဖက်ဝါဒပါမွတ်ဆလင်ဘာသာရေးရဲ့အနှစ်သာရကိုဆန့်ကျင်ပြီးနိုင်ငံရေးအတွေးအခေါ်ထည့်သွင်း
ပုံဖျက်ထားတဲ့ဝါဒဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ချစ်တဲ့ပြင်သစ်နိုင်ငံကိုရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ဖျက်ဆီးတာမျိုးကိုဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး”လို့ ကတ်စတက်က
ပြောဆိုသွားခဲ့ပါတယ်။

Ref:FRANCE-24


Spread the love
  •  
  •  
  •  
  •  
  •  
  •