“ပြင်သစ်ပြည် နိစ်မြို့ဘုရားကျောင်းအတွင်း တိုက်ခိုက်မှုအကြောင်းသိရှိရသမျှ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်ပြည် နိစ်မြို့ဘုရားကျောင်းအတွင်း တိုက်ခိုက်မှုအပြီး နောက်တနေ့အထိ သိရှိရသမျှ”

October 31, 2020

ကြာသပတေးနေ့က ပြင်သစ်ပြည် မြေထဲ
ပင်လယ်ကမ်းခြေဒေသပေါ်ရှိ နိစ်မြို့က
ဘုရားကျောင်းအတွင်းမှာ ဒါးကိုင်တိုက်ခိုက်သူ
တယောက်ဟာ လူ၃ယောက်ကို သတ်ဖြတ်ခဲ့ ရာမှာ လူ၂ယောက်ရဲ့လည်ပင်းကို လှီးဖြတ်ခဲ့ ပါတယ်။သတ်ဖြတ်သူဟာ လွန်ခဲ့တဲ့လကမှ Sfaxမြို့ကနေဥရောပကို ရောက်ရှိလာခဲ့တဲ့ရွှေ့ပြောင်းအခြေချနေထိုင်သူ တူနီးရှန်းလူငယ်တယောက်ဖြစ်တယ် လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ပဲရစ်မြို့မြောက်ဘက် သူ့ရဲ့စာသင်ကျောင်း အပြင်ဘက်မှာ ကျောင်းဆရာတယောက်ကိုအစ္စလမ်ဘာသာရေးအစွန်းရောက်တဦးကခေါင်းဖြတ်သတ်ခဲ့ပြီးတဲ့နောက် နှစ်ပတ်အကြာမှာ ဒီသတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ကျောင်းဆရာဟာ လွတ်လပ်စွာ
ပြောဆိုခွင့်နဲ့ပတ်သက်ပြီး သင်ကြားပေးနေတဲ့သင်ခန်းစာတခုမှာသူ့ကျောင်းသားတွေကို တမန်တော်မိုဟာမက် ရဲ့ ကာတွန်းပုံတွေကိုပြသခဲ့ပါတယ်။

“ဘာတွေဖြစ်ခဲ့သလဲ”

ပြင်သစ်စံတော်ချိန်နံနက်၈နာရီ၂၉မိနစ်
(0729GMT)မှာ ဒါးကိုင်ထားတဲ့ လူတယောက် ဟာ မြေထဲပင်လယ်အနီးတဝိုက်ရှိနိုင်ငံရဲ့ အလယ်ခေါင်မှာရှိတဲ့ နော်တာဒိမ်းခရစ်ယာန် ဘုရားကျောင်းထဲမှာ ဝတ်ပြုဆုတောင်းနေတဲ့လူတွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်သူမှာကိုရမ်ကျမ်းစာအုပ်တအုပ်၊
ဒါး၃လက် နဲ့ မိုဘိုင်းဖုန်း ၂လုံးတို့ သူနဲ့အတူပါလာခဲ့တယ် လို့ပြင်သစ်အကြမ်းဘက်မှုဆန့်ကျင်တဲ့ ရှေ့နေ
ယန်း ဖရန်ကွိုင်းစ် ရီကဒ် က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
နာရီဝက်နီးပါးကြာတဲ့သွေးရူးသွေးတမ်း ပြုမူပုံမျိုးနဲ့ရန်ပြုတိုက်ခိုက််သူဟာ အသက်၆၀အရွယ် အမျိုးသမီးကြီးကို၁၉စင်တီမီတာ(၇လက္မ) အရှည်ရှိတဲ့ဒါးနဲ့
လည်ပင်းကိုလှီးဖြတ်ခဲ့ပါတယ်။တိုက်ခိုက်ခံရသူအမျိုးသမီးကြီးဟာ ဘုရားကျောင်းထဲမှာပဲသေဆုံးသွားခဲ့ပါတယ်။
အသက်၅၅နှစ်အရွယ် ဘုရားကျောင်း
ဝန်ထမ်းအမျိုးသားတယောက်ရဲ့အလောင်း
ကိုလည်း ဝတ်ပြုကျောင်းအတွင်းဘက် တနေရာမှာတွေ့ရှိခဲ့ရပြီး၊သူလည်း လည်ပင်းကိုလှီးဖြတ်ထားတာခံခဲ့ရပါတယ်။

“ဘာကြောင့် နိစ်မြို့ဟာ ပြင်သစ်ပြည်က
အကြမ်းဘက်မှုတွေမှာပစ်မှတ်ဖြစ်လာခဲ့သလဲ”

အသက်၄၄နှစ်အရွယ် အခြားအမျိုးသမီးတယောက်ဟာ နံနက်၈နာရီ၅၄မိနစ်မှာ ဘုရားကျောင်းကနေ အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်တခုဆီကိုထွက်ပြေးလာခဲ့ပြီး သိတ်မကြာခင်မှာပဲဒါးဒါဏ်ရာအချက်ပေါင်းများစွာကြောင့်
သေဆုံးသွားခဲ့ရပါတယ်။
လူသတ်သမားဟာ အခင်းဖြစ်ပွါးရာနေရာကိုအလျှင်အမြန်ရောက်ရှိလာတဲ့ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် ဒါဏ်ရာရရှိသွားခဲ့ပါတယ်။

AFPကကြည့်ရတဲ့ဗီဒီယိုမှာ လူသတ်သမားဟာ အနည်းဆုံး၆ချက်လောက်
သေနတ်ထိမှန်ခဲ့တာကိုတွေ့မြင်ရပါတယ်။
အဲ့ဒီ့ လူဟာ ရဲတွေဆီကိုခြိမ်းခြောက်တဲ့အမူအရာနဲ့ဝင်လာခဲ့ပြီးတဲ့နောက် ပစ်ခတ်တာကို ခံခဲ့ရ
တယ်လို့ ရီကဒ်က ပြောပါတယ်။အဖမ်းခံထားရတဲ့အချိန်မှာတောင်မှ သူဟာမြို့က ပက်စကျူအာ ဆေးရုံကို ခေါ်ဆောင် မသွားခင်မှာ”အလာဟုအက္ကဘာ”
(ဘုရားသခင်သည်အကြီးမြတ်ဆုံး) လို့အော်ဟစ်နေခဲ့ပါတယ်။သူ့အခြေအနေဟာအသက်အန္တရယ်စိုးရိမ်စရာရှိတယ်လို့ ရီကဒ်ကပြောပါတယ်။

“သံသယရှိသူတရားခံဟာဘယ်သူလဲ”

   အသက်၂၁နှစ်အရွယ်သံသယရှိသူ
တရားခံဟာ အီတလီကျွန်း လမ်ပက်ဒူဆာမှတဆင့် ရွှေ့ပြောင့်နေထိုင်သူ
တွေကိုတင်ဆောင်လာတဲ့လှေတစီးနဲ့ ဥရောပ
ကိုတိတ်တိတ်ပုန်းဝင်ရောက်လာပြီးနောက်
ဒီလအစောပိုင်းလောက်ကမှ ပြင်သစ်နိုင်ငံထဲ
ကိုရောက်ရှိလာခဲ့သူတယောက်ဖြစ်တယ်လို့
ရီကဒ်ရဲ့အဆိုအရ သိရပါတယ်။
     အောက်တိုဘာလ၉ရက်နေ့တုန်းကသူဟာ
အီတလီနိုင်တောင်ဘက်ဆိပ်ကမ်း ဘာရီကို
ရောက်ရှိခဲ့တာလို့အစိုးရရှေ့နေ ရီကဒ်ကထပ်ပြောပြ
ပါတယ်။လမ်ပက်ဒူဆာကိုရောက်ရှိပြီးတပတ်အတွင်းမှာ
 အီတလီနိုင်ငံက ထွက်ခွါသွားဖို့အမိန့်ကို
သူလက်ခံရခဲ့တယ်လို့ အီတလီပြည်ထဲရေးဝန်ကြီးဌာန
ရင်းမြစ်တခုက AFPကိုပြောခဲ့ပါတယ်။
     သံသယတရားခံ ဒါးသမားဟာ အဖမ်းခံရ
ချိန်မှာ သူ့ကိုယ်သူ ဘရာဟမ် ဟုခေါ်ကြောင်းသိခဲ့ရ
ပါတယ်။တူနီးရှန်းတရားစီရင်ရေးရင်းမြစ်တွေက 
သူဟာ အကြမ်းဘက်မှု နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှု
တို့​နဲ့ပတ်သက်ပြီးရာဇဝတ်ပြစ်မှု မှတ်တမ်းရှိတာကြောင့်
 အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။
       AFPနဲ့တွေ့ဆုံမေးမြန်းခန်းတခုမှာ သူဟာ
လွန်ခဲ့တဲ့၆ပတ်လောက်က တူနီးရှားကထွက်သွားခဲ့တာလို့ သူ့အကိုက
ပြောပါတယ်။ပြင်သစ်ကိုဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာရောက်ရှိ
လာတာဖြစ်ပါတယ်။"အဲ့ဒီမှါအလုပ်အကိုင်ပိုကောင်းလို့
 ပြင်သစ်ကိုသူသွားခဲ့တာ"လို့သူကပြောခဲ့တယ်ဆိုပြီး
သူအကိုကရှင်းပြပါတယ်။
   ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျာရယ်လ်ဒါမန်နင်က 
RTLအသံလွှင့်ဌာနကို သောကြာနေ့မှာပြောခဲ့တာက 
ပြင်သစ်ထောက်လှမ်းရေးဌာနမှာ တိုက်ခိုက်သူတရားခံ
နဲ့ပတ်သတ်ပြီးဘာမှတ်တမ်းမှ မရှိခဲဲ့ဘူးလို့ ဆိုပါတယ်။
    အကြမ်းတိုက်ခိုက်သူဟာ Sfax မြို့မှာ 
သာမန်ရိုးရိုးကုတ်ကုတ်ပဲနေထိုင်ကြတဲ့ မိသားစုကြီးတခု
က ဆင်းသက်လာသူဖြစ်ပုံရပြီး၊သူဟာမော်တော်ဆိုင်
ကယ််တွေပြင်တယ်၊လွန်ခဲ့၂နှစ်ခွဲကျော်လောက်ဝတ်ပြုဆု
တောင်းတာတွေလုပ်ခဲ့တယ်လို့သူ့အမေက AFPကို
ပြောပြခဲ့ပါတယ်။
"သူဟာအပြင်ထွက်တာတွေ၊အခြားသူတွေနဲ့အဆက်
အသွယ်လုပ်တာတွေမရှိခဲ့ဘူး။"လို့ သူအမေက 
AFPကိုပြောပါတယ်။


“သေဆုံးခဲ့ရသူတွေဟာဘယ်သူတွေလဲ”

“သေဆုံးသူအသက်၅၅နှစ်အရွယ်အမျိုးသားဟာ သမီးမိန်းကလေးနှစ်ယောက်ရဲ့ ဖခင်တယောက်ဖြစ်ပြီး၊ဘုရားကျောင်းမှာပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရသူတဦးဖြစ်ပါတယ်။”လို့ ဘုရားကျောင်းရဲ့ သက်တမ်းအရင့်ဆုံး ဘုန်းတော်ကြီးကန်နွန် ဖိလစ် အက်ဆို ကပြောပါတယ်။
လူသတ်သမားရဲ့ပဌမဆုံးသားကောင်ဖြစ်ခဲ့ရသူက အသက်၆၀အရွယ် အမျိုးသမီးကြီးတယောက်ဖြစ်ပြီး၊လူသတ်သမားက သူ့ကို ခေါင်းဖြတ်ဖို့
ကြိုးစားခဲ့ပါတယ်။နောက်တယောက်ကတော့
အသက်၄၄နှစ်အရွယ် ကလေး၃ယောက်ရဲ့ မိခင် အမျိုးသမီးတယောက်ဖြစ်ပါတယ်။
“ကျွန်မသူတို့ကိုချစ်တယ်လို့ ကျွန်မကလေးတွေကိုပြောပေးပါ”လို့ ဒီအမျိုးသမီးက​ သူမသေခင်မှာပြောသွားခဲ့တယ်လို့ ပြင်သစ်BFM TV လိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဘရာဇီးအစိုးက “သူမဟာ
ပြင်သစ်နိုင်မှာနေထိုင်တဲ့ဘရာဇီးနိုင်ငံသူတဦး
ဖြစ်တယ်”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ပြင်သစ်
နိုင်ငံသားအဖြစ်ခံယူထားသလားဆိုတာတော့
သေချာ အတည်ပြုမပြောဆိုနိုင်ပါဘူး။

“စုံစမ်းစစ်ဆေးမှု အခြေအနေ”

ဒီအမှုကို ပြင်သစ်အာဏာပိုင်တွေက အကြမ်းဘက်တိုက်ခိုက်မှုတခုအဖြစ်ရှုမြင်သုံးသပ်ထားပါတယ်။
အကြမ်းဘက်သမားဆန့်ကျင်သူအစိုးရရှေ့နေက “အကြမ်းဘက်အဖွဲ့အစည်းနဲ့ပတ်သက်နေတဲ့လူသတ်မှုနဲ့လူသတ်ရန်ကြိုးပမ်းဆောင်ရွက်မှု”အဖြစ်အမှုဖွင့်ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန် က”အစ္စလမ္မစ် အကြမ်းဘက်သမားတိုက်ခိုက်ခိုက်မှု”လို့ခေါ်ဆိုခဲ့ပါတယ်။
ကြာသပတေးနေ့နှောင်းပိုင်းက အသက်၄၇နှစ်အရွယ်အမျိုးသားတယောက်ကိုအကြမ်းဘက်သမားနဲ့ တိုက်ခိုက်မှုမတိုင်ခင်ကဆက်သွယ်ခဲ့တာကြောင့်ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ တရားရေးဌာန ရင်းမြစ်က
ပြောဆိုခဲ့ပါတယ်။

Source:AFP(FRANCE-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •