“ပြင်သစ်ပြည် အလယ်ပိုင်းမှာ သေနတ်သမားတယောက်ကြောင့်ရဲ၃ယောက်သေ၊၁ယောက်ဒါဏ်ရာရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“သေနတ်သမားတယောက်ကြောင့်ရဲ၃ယောက်သေ၊၁ယောက်ဒါဏ်ရာရ”

December 24, 2020

ပြင်သစ်ပြည် အလယ်ပိုင်းမှာ ဗုဒ္ဓဟူးနေ့
က ရဲအရာရှိ ၃ဦးသေဆုံးသွားခဲ့ရပြီး၊ စတုတ္ထ
မြောက် ရဲအရာရှိတယောက် ဒါဏ်ရာရရှိသွား
ခဲ့ပါတယ်။
သူတို့ဟာ အိမ်တွင်းအကြမ်းဖက်မှုတခု
ကျူးလွန်ခံနေရတယ်လို့ ဖုံးခေါ်ဆိုတိုင်ကြား
ခဲ့တာကြောင့် သွားရောက်ဖြေရှင်းပေးရာမှာ
သေနတ်သမားနဲ့ ထိပ်တိုက်ရင်ဆိုင်တိုးပြီး
ပစ်ခတ်သတ်ဖြတ်တာကို ခံလိုက်ရတာဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ
ဟာ သူတို့ရဲ့အသက်တွေကိုရင်းပြီး ကျွန်တော်
တို့ကို ကာကွယ်စောင့်ရှောက်နေကြတယ်။
သူတို့ဟာ ကျွန်တော်တို့ရဲ့သူရဲကောင်းတွေပါ။”
လို့ ပြင်သစ်သမ္မတ အီမန်နယူယယ် မက်ခရွန်
ကပြောပါတယ်။
(Ref:France-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •