“ပြင်သစ်မော်ဒယ်လုပ်ငန်းကိုယ်စားလှယ် တရားစွဲထောင်ချခံရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်မော်ဒယ်လုပ်ငန်းကိုယ်စားလှယ်
တရားစွဲ ထောင်ချတာခံရ”

December 20 , 2020

နာမ်မည်ပျက်ရှိသူ အမေရိကန်ဘီလျှံနာ
ဂျက်ဖရေ အက်ပ်စတိန်း နဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူ ထင်ရှား
ကျော်ကြားတဲ့ ပြင်သစ်မော်ဒယ်လုပ်ငန်းကိုယ်စားလှယ်
ဂျင်း-လပ်ခ် ဘရူနယ်(လ်)ကို ပြင်သစ် တရားရုံး
ရှေ့နေများက လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု
ကျူးလွန်မှုနဲ့ တရားစွဲဆိုထောင်ချလိုက်ပါတယ်။
ဘရူနယ်(လ်)ကို အသက်၁၅နှစ်ကျော်သာရှိသေးတဲ့အရွယ်မရောက်သေးသူမိန်းကလေးတွေကို မုဒိန်းမှု
ကျူးလွန်မှု နဲ့ လိင်ပိုင်းဆိုင်ရာစော်ကား
နှောက်ယှက်မှု တို့ဖြင့်တရားစွဲဆိုခဲ့ပါတယ်။
သူ့ကို ပါရီမြို့က ချားလ်စ်ဒီဂေါလေဆိပ်
မှာ ဗုဒ္ဓဟူးနေ့က အစကနဦး ဖမ်းဆီးထိန်းသိမ်း
ခဲ့တာဖြစ်ပြီး ၊သူဟာ ဆီနီဂေါနိုင်ငံကို လေယာဉ်ဖြင့်စီးနင်းလိုက်ပါတော့မဲ့အချိန်မှာ
ဖြစ်ပါတယ်။
အက်ပ်စတိန်းကို နယူးယော့(ခ်)မြို့မှာ
၂၀၁၉ခုနှစ် ဇူလိုင်လက အရွယ်မရောက်သေးသူ မိန်းမပျိုလေးများကို
လိင်ကုန်ကူးမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး နောက်လမှာ သူ့ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့
နယူးယော့(ခ်)အကျဉ်းထောင်က အချုပ်ခန်း
ထဲမှာ ကြိုးဆွဲချသေဆုံးနေတာတွေ့ခဲ့ရ ပါတယ်။သူ့ကို သူပိုင်ဆိုင်တဲ့ ကာရေးဘီးယန်း
ကကျွန်းပေါ်မှာ နဲ့ သူ့ရဲ့ ပမ်လ် ဘိ(ခ်ျ) နေအိမ် မှာ ကျူးလွန်ခဲ့တဲ့မိန်းကလေးတွေပေါ်မှာ
လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေကို
တရားရုံးမှာရင်ဆိုင်ဖို့ စောင့်စားနေရစဉ် အတွင်း အချုပ်ခန်းထဲမှာ ကြိုးဆွဲချသွားခဲ့တာ
ဖြစ်ပါတယ်။
ဈေးနှုန်းမြင့်မားတဲ့ပါရီမြို့ရဲ့ အရပ်ဒေသ
တခုမှာ သူဟာတိုက်ခန်းတခုပိုင်ဆိုင်ထားပြီး
သူတို့ကိုပြင်သစ်ပြည်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားတာတွေခံခဲ့ရကြောင်း အမျိုးသမီးတွေက စွတ်စွဲပြောဆိုခဲ့တာကြောင့် ပြင်သစ်တရားရုံးရှေ့နေတွေက
စုံးစမ်းစစ်ဆေးမှုတွေ အလျှင်အမြန် ဆောင်ရွက်ခဲ့ကြရပါတယ်။
အဲ့ဒီစုံစမ်းစစ်ဆေးမှုတွေဟာ ဘရူနယ်(လ်) အပေါ်မှာအာရုံစိုက်လာစေခဲ့ရပြီးသူဟာ အမေရိကန်တရားရုံးကမှတ်တမ်းမှတ်ရာတွေအရ မုဒိမ်းမှု ကျူးလွန်ခဲ့တယ်လို့ အစွတ်စွဲခံရပြီး သူဟာသူ့မိတ်ဆွေ အက်ပ်စတိန်းအတွက်ကာမပွဲစားလုပ်ပြီးမိန်းကလေးငယ်လေးများကိုပို့ဆောင်ပေးကာလိင်ကုန်ကူးခဲ့တယ် လို့ စွဲချက်အတင်ခံခဲ့ရပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •