“ပြင်သစ်မှာကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါ ကူးစက်သူအရေအတွက်ရုတ်တရက်တိုးမြင့်လာ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်မှာကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါ
ကူးစက်သူအရေအတွက်ရုတ်တရက်တိုးမြင့်လာ”

December 31,2020

ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်
သူအရေအတွက်ဟာ ရုတ်တရက်တဟုန်ထိုး
တိုးပွါးလာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က လွန်ခဲ့တဲ့ ၂၄နာရီ အတွင်းမှာ
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်သူအသစ်
၂၆၄၅၇ယောက်ရှိခဲ့ပြီး၊အင်္ဂါနေ့က ကူးစက်ခဲ့သူ၁၁၃၉၅ယောက်ထက် သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။နိုဝင်လာ
၁၈ရက်နေ့ကတည်းကစတင်ပြီးမကြုံခဲ့ရတော့တဲ့အဆင့်တခုကိုရောက်ရှိသွားခဲ့တာဖြစ်
ပါတယ်။
ပြင်သစ်ပြည်ဟာ တဖြည်းဖြည်းကာကွယ်ဆေးထိုးနှံတဲ့ လှုပ်ရှားမှုကိုတနင်္ဂနွေနေ့မှာစတင်ဆောင်ရွက်ခဲ့ပြီး ၂၄နာရီအတွင်းမှာကူးစက်သူ အရေအတွက် ၁၈၃ယောက် ကျဆင်းသွားတာတွေ့ရပါတယ်။
ဒါပေမဲ့ ကိုဗစ်-၁၉ဗိုင်းရပ်(စ်)ရောဂါကြောင့်သေဆုံးရသူအရေအတွက်ကတော့၆၄၃၈၁ယောက်မှာ
နောက်ထပ်၃၀၃ယောက်ထပ်တိုးလာခဲ့ပါတယ်။ရောဂါကူးစက်ခဲ့သူစုစုပေါင်း၂၆၀၀၄၉၈ဦး
ရှိခဲ့ပြီး ကမ္ဘာမှာရောဂါကူးစက်သူ အရေအတွက် ပဉ္စမမြောက်အများဆုံးနိုင်ငံဖြစ်ပါတယ်။
ရောဂါပြင်းထန်တဲ့အတွက် အထူးကြပ်မတ်ကုသဆောင်မှာထားရှိပြီးကုသရသူအရေအတွဟာ ၂၆၆၁ယောက်ကနေ ၂၄နာရီအတွင်းမှာ ၁၄ယောက်လျော့ကျသွား
ခဲ့ပါတယ်။
ပြင်သစ်ပြည်ရဲ့ရောဂါကူးစက်သူအရေ အတွက်ဟာဒီဇင်ဘာလလယ်လောက်ကတည်းက နေ့စဉ်အပြောင်းအလဲကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါတယ်။၃၀၀၀ဝန်းကျင်ကနေ၂၁၀၀၀ကျော်အထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပါတယ်။

အချက်အလက်တွေမထုတ်ပြန်သေးခင်
ပြောဆိုရာမှာ အစိုးရပြောရေးဆိုခွင့်ရှိသူ
ဂါဘရီရယ် အက်တယ်(လ်)က အခုအချိန်မှာ
တော့ ကိုဗစ်-၁၉ဗိုင်းရပ်(စ်)ကူးစက်ပြန့်ပွါးမှုတွေကို ကာကွယ်ဖို့အတွက် ပြင်သစ်မှာ Lock Down
စည်းမျဥ်းတွေချမှတ်မထားဘူးလို့ပြောဆို
ပါတယ်။ဒါပေမဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့နေရာတွေကို အလျှင်အမြန်
ပြန်ဖွင့်ပေးဖို့မျှော်လင့်ချက်တွေကတော့လျှော့နည်းနေသေးပြီး ညမထွက်ရအမိန့်ကို ဆက်လက်တင်းကျပ်ထားရအုန်းမှာလို့ပြောဆိုခဲ့ပါတယ်။လျှင်မြန်တဲ့ နှုန်းနဲ့ကူးစက်ပြန့်ပွါးနေတဲ့ ပြင်သစ်နိုင်ငံရဲ့ဌာန ၂၀ကို အစိုးရက အသေအချာအနီးကပ်စောင့်ကြည့်နေပါတယ်။
လိုအပ်လာခဲ့ရင်အချို့ဒေသတွေမှာ
ညမထွက်ရအမိန့်ကို ည၈နာရီက စတင်ရမဲ့အစား ညနေ၆နာရီကနေစတင် သတ်မှတ်ပြီး အချိန်တိုးမြှင့်ဆောင်ရွက်သွားနိုင်တယ်လို့ အက်တယ်(လ်)ကပြောဆိုပါတယ်။

Ref:(FRANCE-24 With REUTERS and AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •