“ပြင်သစ်မှာကိုရိုနာဗိုင်းရပ်(စ်) ရောဂါကူးစက်သူအသစ် ၆၀၀၀၀ကျော်နဲ့စံချိန်သစ်တင်လိုက်ပြန်ပြီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်မှာကိုရိုနာဗိုင်းရပ်(စ်) ရောဂါကူးစက်သူအသစ် ၆၀၀၀၀ကျော်နဲ့စံချိန်သစ်တင်လိုက်ပြန်ပြီ”

November 7, 2020

သောကြာနေ့မှာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကူးစက်သူ လူနာအသစ်၆၀၄၈၆ယောက် စံချိန်အသစ်တင်ပြီး၊တွေ့ရှိခဲ့ပါတယ်။ ကြာသပတေးနေ့က၅၈၀၄၆ စံချိန်တင်တွေ့ရှိခဲ့ပြီးနောက်မှာ ပိုမိုများပြားစွာ
ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနကဖော်ပြထားတဲ့အချက်အလက်တွေအရသိရှိရပါတယ်။

စုစုပေါင်းရောဂါကူးစက်သူ အရေအတွက်ဟာ ၁.၆၆ သန်းရှိသွားပြီဖြစ်လို့
အမေရိကန်၊အိန္ဒိယ နဲ့ ဘရာဇီးပြီးလျှင် စတုတ္ထ
မြောက်ကူးစက်သူအရေအတွက်အများဆုံး
နိုင်ငံဖြစ်ပြီးစုစုပေါင်းကူးစက်သူ ၁.၇၃ သန်းရှိတဲ့ ရုရှ နောက်မှာကပ်လိုက်နေပါတယ်။
လွန်ခဲ့တဲ့၂၄ နာရီအတွင်းဆေးရုံမှာ သေဆုံးရသူ ၃၉၈ယောက်အပါအဝင် သေဆုံးသူ ၉၂၈ယောက်ရှိခဲ့ပါတယ်။အငြိမ်းစား ရိပ်သာတွေမှာ၃ရက်မှာသေဆုံးသူ
၄၃၀ရှိခဲ့ပါတယ်။ကြာသပတေးနေ့မှာဆေးရုံမှာသေဆုံးသူ ၃၆၃ယောက်ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနက
သတင်းထုတ်ပြန်ပါတယ်။

၇ရက်အတွင်း ပျမ်းမျှစုစုပေါင်းသေဆုံးသူအရေအတွက်ဟာ၄၀ မှ၄၇၁ ယောက်အထိအပြောင်းအလဲ ရှိပါတယ်။ဧပြီလ ၉ ရက်နေ့က ၉၇၅ ယောက်အထိသေဆုံးသူအရေအတွက်မြင့်တက်ခဲ့ပြီး၊ကိုဗစ်-၁၉ ကြောင့်ပြင်သစ်မှာတနေ့ထည်းသေဆုံးသူအရေအတွက်အများ
ဆုံးဟာ ၁၄၃၈ယောက်ဖြစ်ပြီး၊ဧပြီလ၁၅ရက်နေ့တနေ့ထည်းမှာသေဆုံးခဲ့တာဖြစ်ပါတယ်။

အစိုးရက နိုင်ငံအနှံ့ လော့ခ်ဒေါင်းအသစ် ထပ်ချဖို့ အမိန့်ထုတ်ပြန်ပြီးနောက် တပတ််မှာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဆေးရုံရောက်ရှိလာသူ အရေအတွက်ဟာ ၅၅၃ ယောက်ကနေ၂၈၉၇၉ ယောက်အထိရှိခဲ့ပါတယ်။

၃ပတ်နီးပါးကာလအတွင်း တရက်တာတိုးပွါးမှုအနည်းဆုံးပမာဏဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကြောင့် အထူးကြပ်မတ်ကုသမှု
ခံယူနေရသူအရေအတွက်ဟာ ၁၀၁ယောက်ကနေ ၄၃၃၁ယောက်အထိရှိခဲ့ပြီး၆ရက်အတွင်း အနည်းဆုံး တိုးပွါးသူအရေအတွက် ဖြစ်ပါတယ်။

Ref:FRANCE-24

 


Spread the love
  •  
  •  
  •  
  •  
  •  
  •