ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှု ၂၄နာရီအတွင်း ၂၇၀၀၀နီးပါးအထိစံချိန်တင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်ပြည်မှာ ကိုရိုနာဗိုင်းရပ်(စ်)
ကူးစက်မှု ၂၄နာရီအတွင်း ၂၇၀၀၀နီးပါးအထိစံချိန်တင်ရောက်ရှိခဲ့”

October 11, 2020

ကပ်ရောဂါစတင်ဖြစ်ပွါးကတည်းက
ပဌမဆုံးအကြိမ်အဖြစ် ကူးစက်သူလူနာပေါင်း
၂၆၀၀၀ကျော်အထိ တနေ့ထဲမှာ တွေ့ရှိခဲ့ရတယ်လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်တဲ့အချက်အလက်တွေအရသိရှိရပါတယ်။

ဝန်ကြီး ဌာနက ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်သူလူနာအသစ်၂၆၈၉၆ယောက်ရှိတယ် လို့သတင်းထုတ်ပြန်ခဲ့ပြီး နှစ်စကတည်းက တဖြည်းဖြည်းတိုးပွါးလာခဲတဲ့ ရောဂါကူးစက်သူ လူနာအရေအတွက်ဟာ
စုစုပေါင်း ၇၁၈၈၇၃ ယောက်အထိရောက်ရှိလာပြီဖြစ်ပြီး၊ဗိုင်းရပ်(စ်)ကြောင့်သေဆုံးခဲ့ရသူအရေအတွက်ဟာ ၅၄ ယောက်ကနေ ၃၂၆၈၄ယောက်အထိတိုးမြင့်လာခဲ့ပြီဖြစ်ပါတယ်။

ပါရီနဲ့မာဆေး မြို့တွေမှာ ဆက်လက်တိုးပွါးနေတဲ့ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်သူအရေအတွက် လျော့ကျသွားအောင် ဆောင်ရွက်ခဲ့သလိုတိုင်းပြည်ရဲ့တတိယအကြီးဆုံးမြို့တော်လိုင်ယွန် နဲ့ အခြားမြို့တော်၃ခုတို့မှာ အရက်ဆိုင်တွေကိုပိတ်ထားရမယ်လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့မှာ
ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Ref:(FRANCE-24 with REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •