“ပြင်သစ်မှာ ဒုတိယမြောက် လော့ခ်ဒေါင်းပြန်ချလိုက်ပြီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်မှာ ဒုတိယမြောက် လော့ခ်ဒေါင်း
စတင်လုပ်ဆောင်”

October 30,2020

ပြန်လည် ဖြစ်ပွါးလာတဲ့ ကပ်ရောဂါကြောင့် ကူးစက်ပြန်နှံ့မှုတွေ တဟုန်ထိုးဖြစ်ပွါးလာမှာကိုထိန်းချုပ်လျှော့ချနိုင်ဖို့အတွက် ပြင်သစ်နိုင်ငံမှာ ဒုတိယအကြိမ်
လော့ခ်ဒေါင်းချထားမှုကို ဒီနေ့စတင်လုပ်ဆောင်ခဲ့ပါတယ်။ယ
ဒီနေ့မှစတင်ပြီး အနည်းဆုံးဒီဇင်ဘာလ ၁ရက်နေ့အထိ ဒေသခံတွေဟာ ခိုင်လုံတဲ့
အကြောင်းပြချက်ရှိမှသာ အိမ်ပြင်ထွက်ခွင့်
ရှိမှာဖြစ်ပါတယ်။အိမ်ပြင်ကိုရောက်နေ သူတယောက်ဟာ ဘာ့ကြောင့်သူအိမ်ပြင်ကို
ရောက်နေရသလဲဆိုတာ ခိုင်လုံတဲ့အထောက်အထားရှိရမှာဖြစ်ပါတယ်။
မိသားစုတွေ၊မိတ်ဆွေတွေဆီအလည်အပတ်သွားခြင်းကို
တားမြစ်ထားသလို၊လူအများနဲ့အားကစားတွေ
ကို လုံးဝလုပ်ခွင့်မပြုပါဘူး။

လော့ခ်ဒေါင်းချထားစဉ်အတောအတွင်း တရက်ကိုတနာရီ အိမ်အပြင်မှာ လေ့ကျင့်ခန်း
လုပ်ဖို့ခွင့်ပြုထားပါတယ်။
ပြင်သစ်ဟာ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်ပြန့်ပွါးမှု အဆိုးရွားဆုံးခံစားနေရတဲ့
ရောပနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။
လွန်ခဲ့တဲ့၂၄ နာရီအတွင်း အသစ်ထပ်မံရောဂါကူးစက်သူ ၄၇၆၃၆ယောက်ရှိခဲ့ပြီး၊၂၃၅ယောက်ထပ်မံသေဆုံးခဲ့ပါတယ်။

Ref:FRANCE-24


Spread the love
  •  
  •  
  •  
  •  
  •  
  •