“ပြင်သစ်ရဲတပ်ဖွဲ့ပြန်လည်ဖွဲ့စည်းရေးဟာ မဖြစ်နိုင်တဲ့လုပ်ငန်းတာဝန်တခုလား”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ်ရဲတပ်ဖွဲ့ပြန်လည်ဖွဲ့စည်းရေးဟာ မဖြစ်နိုင်တဲ့လုပ်ငန်းတာဝန်တခုလား”

January 26,2021

ပြင်သစ်ရဲတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာလူကြိုက်များမှုလျော့နဲ ကျဆင်းလာခဲ့ရပါတယ်။တတိုင်းပြည်လုံးတုန်လှုပ်သွားစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီးမှာလူထုရဲ့အားပေးထောက်ခံမှုတွေပုံအောရရှိခဲ့တဲ့ရဲတပ်ဖွဲ့ဟာ မကြာခင်နှစ်များအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့

ရုန့်ရင်းကြမ်းတမ်းမှုတွေ၊လူမျိုးခွဲခြားဖိနှိပ်မှု

တွေကြောင့်အဝေဖန်ခံနေရပြီး လူကြိုက်များမှုတွေလျော့နည်းကျဆင်းသွား

ခဲ့ပါတယ်။

ပြင်သစ်ပြည်သူတွေနဲ့ ဥပဒေထိန်းသိမ်းရေးတပ်ဖွဲ့တွေကြားက

အပြန်အလှန်ခင်မင်နားလည်မှုတွေဟာ

လွန်ခဲ့တဲ့လတွေအတွင်းမှာမကြုံဖူးလောက်အောင်အနိမ့်ဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့ရပါတယ်။

တပြိုင်နက်ထဲမှာပဲ ပြင်သစ်ရဲ့အတိုက်အခံတွေ၊သတင်းမီဒီယာတွေ၊လူ့အခွင့်အရေးအုပ်စုတွေနဲ့ ကုလသမဂ္ဂအဖွဲ့

ကပါ ရဲတပ်ဖွဲ့ကိုရိုက်ကူးတဲ့ ဗီဒီယိုတွေကို

ဖြတ်တောက်ပြီးဆင်ဆာလုပ်ရမယ်ဆိုတဲ့

ဥပဒေသစ်ကိုပြဌန်းဖို့ဖြစ်ကတတ်ဆန်း ကြိုးပမ်းဆောင်ရွက်မှုတွေကိုပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

၂၀၁၅ခုနှစ်ကိုပြန်ကြည့်ရင် ပြင်သစ်တွေမျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ရဲတပ်ဖွဲ့နဲ့

စည်းလုံးညီညွတ်မှုတွေ၊ရဲတပ်ဖွဲ့အပေါ်ကျေးဇူးတင်ခဲ့ရတာတွေနဲ့ ခုအချိန်မှာအလွန်အလှမ်းကွာဝေးသွားခဲ့ပြီ

ဖြစ်ပြီး ပြင်သစ်ပြည်သူတွေဟာ ရဲတပ်ဖွဲ့ကို

ပြုပြင်ပြောင်းလဲပြီးပြန်လည်ဖွဲ့စည်းစေချင်နေကြပါတယ်။

Ref:France-24


Spread the love
  •  
  •  
  •  
  •  
  •  
  •