“ပြင်သစ် တပ်ဖွဲ့များ အယ်လ်ကိုင်ဒါခေါင်း ဆောင်တဦးကိုသုတ်သင်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြင်သစ် တပ်ဖွဲ့များ အယ်လ်ကိုင်ဒါခေါင်း
ဆောင်တဦးကိုသုတ်သင်ခဲ့”

November 14, 2020

မြောက်အာဖရိကဘက်ပိုင်းမှာ စိုးမိုးထားတဲ့ အယ်လ်ကိုင်ဒါစစ်ခေါင်းဆောင်
ဘာ အက်ဂ် မူဆာကို ပြင်သစ် လုံခြုံရေး တပ်
သားတွေက သတ်ဖြတ်သုတ်သင်ပစ်ခဲ့တယ်လို့
ဆိုပါတယ်။ အရှေ့မြောက်ပိုင်းမာလီမှာ စစ်ဆေးရေးတခုဆင်နွှဲနေစဉ်အတွင်း သတ်ဖြတ်သုတ်သင်ခဲ့တာဖြစ်တယ်လို့ မာလီ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ဝန်ကြီး ဖလောရင့်
ပါလီက သောကြာနေ့ကပြောခဲ့ပါတယ်။
ပြင်သစ်နိုင်ငံဟာ အစ္စလမ်ဘာသာရေးအစွန်းရောက် စစ်သွေးကြွတွေနဲ့ ပဋိပက္ခ အကြီးအကျယ်ဖြစ်ပွါးနေတဲ့ နိုင်ငံတနိုင်ငံ
ဖြစ်ပါတယ်။ တမန်တော်မိုဟာမက် ကာတွန်းပုံ
ကို စာသင်ခန်းထဲမှာ ပြသမိလို့ ပြင်သစ်ကျောင်းဆရာတဦး ခေါင်းဖြတ်သတ်
တာခံခဲ့ရပြီး မကြာခင်မှာပဲ ဘုရားရှိခိုးကျောင်းမှာ အကြမ်းဘက်သမားက
ဒါးကိုင်တိုက်ခိုက်ခဲ့တာကြောင့် လူ၃ဦး သေဆုံး
သွားခဲ့ရတာ သိတ်မကြာသေးပါဘူး။
ပြင်သစ်စစ်တပ်ဟာ မာလီ နဲ့ အိမ်နီးချင်း
နိုင်ငံတွေမှာ အစ္စလမ်မစ်အစွန်းရောက်ဂျီဟဒ်
ဝါဒီတွေကို တိုက်ခိုက်ဖို့ ၂၀၁၃ခုနှစ်ကတည်းက
ဝင်ရောက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ပြင်သစ်တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ကျော်တပ်ဖြန့်ချထားပြီး၊ကုလသမဂ္ဂ
ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်သား ၁၃၀၀၀
ဝန်းကျင်လည်းမာလီမှာတပ်စွဲထားပါတယ်။
Ref:France-24


Spread the love
  •  
  •  
  •  
  •  
  •  
  •