“ပြင်သစ် သမ္မတ မက်ခရွန် နဲ့ အီဂျစ်သမ္မတ စီစီတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ပြင်သစ် သမ္မတ မက်ခရွန် နဲ့ အီဂျစ်သမ္မတ
စီစီတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပ”

December 8, 2020

ပြင်သစ်သမ္မတမက်ခရွန်က အီဂျစ်သမ္မတ စီစီကို ပြင်သစ်ပြည်ကို နိုင်ငံတော်အလည်အပတ်ခရီးစဉ်လာရောက်စဉ်အတွင်း တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အကြမ်းဖက်မှုတိုက်ဖျက်ရေး၊လစ်ဗျားနိုင်ငံကပဋိပက္ခများ နဲ့အခြားသောဒေသတွင်းဖြစ်ပေါ်နေတဲ့အခြေအနေတွေပေါ်မှာအထားအာရုံစိုက်အလေးပေးပြီးပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

သဘောထားကွဲလွဲသူတွေကို အီဂျစ်ခေါင်းဆောင်က နှိမ်နင်းဖြိုခွဲတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုမှု တွေလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
ဂျင်း ယက်ဗ်စ် လီ ဒရီယန် အပါအဝင် ပြင်သစ်
ထိပ်တန်းအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးတာတွေ ဆောင်ရွက်မဲ့ ပြင်သစ်နိုင်ငံကို လာရောက်တဲ့ အလည်အပတ်ခရီးစဉ် အတွက်
အီဂျစ်ခေါင်းဆောင်ဟာ ပြင်သစ်နိုင်ငံကို
တနင်္ဂနွေနေ့ မှာရောက်ရှိလာခဲ့ပါတယ်။

အီဂျစ်နိုင်ငံဟာ ပြင်သစ်နိုင်ငံအတွက် အဓိက မဟာမိတ်နိုင်ငံတခုဖြစ်ပြီး ၂၀၁၅ခုနှစ်ကတည်းက လက်နက်အရောင်းအဝယ်စာချုပ်များစွာကို
ချုပ်ဆိုထားခဲ့ပါတယ်။အရောင်းအဝယ်တွေထဲမှာပြင်သစ်လုပ် ဟယ်လီကော်ပတာများတင်ဆောင်တဲ့သင်္ဘောနှစ်စီး နဲ့ ရာဖေးလ်အဆင့်မြင့် ဖိုက်တာ ဂျက်တိုက်လေယာဉ် နှစ်ဒါဇင်လဲ ပါဝင်ပါတယ်။
ဒါပေမဲ့ အလည်အပတ်ခရီးစဉ် အတွင်းမှာ အီဂျစ်နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့
ပတ်သက်တဲ့မှတ်တမ်းတွေဟာသတင်းစာ
ခေါင်းကြီးပိုင်းမှာ လွှမ်းမိုးနေပါတယ်။ မက်
ခရွန်ရဲ့ပြင်သစ်အစိုးရဟာ အီဂျစ်ခေါင်းဆောင်စီစီရဲ့အစိုးရက ပြည်သူတွေရဲ့လွတ်လပ်ခွင့်ကို ချိုးဖောက်နေ
တာတွေကို မျက်စိမှိတ်ထားပြီးမသိချင်ယောင်
ဆောင်နေတယ်လို့ လူအခွင့်အရေးအဖွဲ့တွေက စွတ်စွဲပြောဆိုခဲ့ကြပါတယ်။

ပြင်သစ်အရာရှိတွေက ဝေဖန်ပြောဆိုချက်တွေကို လစ်လျှူရှုပယ်ချလိုက်ပြီး ကိစ္စတခုချင်းစီရဲ့
အခြေခံအကြောင်းရင်းတွေကို ကိုယ်ပိုင်
ဖြေရှင်းတာက ပိုမိုပြီးထိရောက်နိုင်တာမို့
လူ့အခွင့်အရေးကိစ္စတွေ နဲ့ပတ်သက်ပြီး
ပါရီ ဟာ အခြားနိုင်ငံတွေအပေါ်ပွင့်ပွင့်
လင်းလင်းမဝေဖန်တဲ့မူဝါဒကိုလိုက်နာ
ဆောင်ရွက်နေတာလို့ပြောပါတယ်။

Ref:(France-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •