ပြင်ဦးလွင်ခရိုင်တရားရုံးမှ ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံပြေးနှင့် အားပေးကူညီသူအား ဖမ်းမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပြင်ဦးလွင်ခရိုင်တရားရုံးမှ ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံပြေးနှင့် ထွက်ပြေးရာတွင် အားပေးကူညီသူအား ဖမ်းဆီးရမိ

 

P

ပြင်ဦးလွင်ခရိုင်တရားရုံးမှ ၂၉-၆-၂၀၂၀ ရက်နေ့က ထွက်ပြေးသွားသော ပြင်ဦးလွင်မြို့မရဲစခန်း မယ(ပ)၁၇/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဉပဒေပုဒ်မ ၁၉(က)အမှုမှ တရားခံ စောသန်းနိုင်(ခ)စောသန်းနိုင်ထွန်း(၃၄)နှစ်အား ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်စဉ် ၁၀-၇-၂၀၂၀ ရက်နေ့ ည ၇ နာရီအချိန်တွင် အမှုမှတရားခံပြေး စောသန်းနိုင်(ခ)စောသန်းနိုင်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ ဝေဘာဂီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းစုဖွဲ့၍ တရားခံပြေး စောသန်းနိုင် ထွက်ပြေးတိမ်းရှောင်လျက်ရှိ‌ကြောင်း သတင်းအတည်ပြု စုံစမ်းရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ခိုင်ရွှေဝါ(၂)လမ်းရှိ ဒေါ်စိုးစိုးပိုင်(ခ)နွယ်နွယ်ထွန်း၏ နေအိမ်သို့ သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေရာ တရားခံပြေး စောသန်းနိုင်အား တွေ့ရှိပြီး လုံးထွေးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားခံပြေး စောသန်းနိုင်(ခ)စောသန်းနိုင်ထွန်းနှင့်အတူ ပြင်ဦးလွင်ခရိုင်တရားရုံးမှ ထွက်ပြေးရာတွင် ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့သူ ရန်ပိုင်ဦး ၂၅ နှစ်၊ (ဌ)ရပ်ကွက်၊ ခိုင်ရွှေဝါ(၂)လမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူအား စောသန်းနိုင်နှင့်အတူ အဆိုပါနေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ဉပဒေနှင့်အညီ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

 

The Mandalay News Journal


Spread the love
  •  
  •  
  •  
  •  
  •  
  •