ပြင်ဦးလွင်တွင် သိန်းတစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၁ဝဝဝဝ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈)၊လားရှိုး-မန္တလေးသွားကားလမ်းတွင် သတင်းရရှိထားသည့် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့ဘက်သို့ စိုင်းလျှန်းစိုင်းမောင်းနှင်ပြီး စိုင်းလိန်ဆိုင် လိုက်ပါလာသည့် FORD အမျိုးအစားမော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာ ယာဉ်၏ကိုယ်ထည်နှင့် အင်ဂျင်ခန်း၊ စပါယ်ယာဘီး တို့တွင်သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၇,၀၀၀၀ ပြားသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းလျှန်းစိုင်း (၁၈)နှစ်၊ စိုင်းလိန်ဆိုင်(၁၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီးဖမ်းဆီးရမိမူးယစ်ဆေးဝါးများကိုရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှ မန္တလေးမြို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်းသိရှိရသဖြင့် ကွင်းဆက်တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
CCDAC


Spread the love
  •  
  •  
  •  
  •  
  •  
  •